<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, May 10, 2008

မှတပါး..အခြားမရှိ

**********
အာသီသ
**********
မှတပါး..အခြားမရှိ
_____
အို..အရှင်လေမင်း
ရက်စက်လိုက်ပါဘိ
ဘယ်ကံကြမ္မာ.. အငြိုး
သင်ခြေထိုးသနည်း
မြေနိမ့်ရာ လှံစိုက်
ဆင်းရဲလို့ သူခိုးရိုး
ရုပ်ဆိုးတော့ စုန်းထင်
မျက်နှာမွဲ ခဲပစ်တဲ့ အဖြစ်
အဘယ့်နှလုံးသားနှင့်
ငါတို့ကြည့်ရမလဲ
လူမမယ်လေးတွေ
သင့်ရဲရိုင်းပြမှု့အောက်
အလူးလဲခံ အသက်လုရင်း
ကြွေကြရရှာပြီပေါ့..
**
အို..အရှင်သေမင်း
သင်ခေါ်စရာ
ရှားလေဘိသလား
ရိုးသားတဲ့ တောင်သူတွေ
သင့်ရဲ့မှားယွင်းမူ့ကြောင့်
မြေခရရှာပြီပေါ့
တကယ်ဆို
လက်ညိုးထိုးမလွဲ
ဘယ်ရာဒရာက
သင့်ကိုလှည့်စားလိုက်သလဲ
အဘယ့်နှလုံးသားနှင့်
ရှု့စားရမလဲ
**
အို..အရှင်လေမင်း
ပျဉ်ဖိုးနားလည်နေတဲ့
ငါတို့ကို
ဒုက္ခထပ်ပေးဖို့
မကြိုးစားပါနှင့်တော့
လက်ရှိအခြေနေ
ဖေးကူသူမဲ့
ရေမျှောကမ်းတင်
မေခလာဘယ်နေမှန်းမသိ
ဒုက္ခတွေအတိ
ဝမ်းကဟောင်းလောင်း
အငြီနံ့တွေကထောင်း
နေဝင်ရင်အလင်းမရှိ
သောက်စရာရေနတ္ထိ
နောက်တစ်ခါ
သင်အလည်လာရင်
လည်စင်းခံရုံမှတပါး
အခြားမရှိတော့ပါ။
********

Sunday, April 13, 2008

ကဲလိုက်ကြစို့....

*********
အာသီသ
*********
ပန်းပိတောက်တွေ..ရွှေရည်လူး
ငုဝါတွေ..တွဲလောင်းကျ
အလှခြင်းရယ်..ပြိုင်နေကြတဲ့
ချိန်ခါဤသမယ..
ရောင်စုံချယ်တဲ့…အနာဂတ်လေးများ
ကခုန်မြူးတူးကြ
အသာချထား..ဘေးမှာခဏ
အရောင်ဆိုးထားတဲ့..လူ့ဒုက္ခ
တွေးပါနှင့်လေ..ဟိုဒီအကြောင်း
တို့ရင်မှာ..သာစေကြောင်း
လောင်းလိုက်ပါ….အပေါင်း
***********

Tuesday, February 26, 2008

လရောင်ကို…..ဖမ်းကြည့်ခြင်း

**********
အာသီသ
**********

လရောင်ကို..ဖမ်းကြည့်ခြင်း
***
လေနှင်ရာ လွင့်နေ
ဦတည်ရာ မဲ့နေတဲ့စိတ်
ရွက်ကြွေတောမှာ
မျှောနေတဲ့ သစ်ရွက်တွေအလား....

အနာဂတ် မိုးကောင်းကင်ကို
မျှော်ကြည့်ရင်ဖြင့်
လင်းလက်ခြင်း… အရှင်းမဲ့...
မိုက်မဲတဲ့ တိမ်တိုက်တွေကြား
တိုးဝှေ့ ရှာနေရတဲ့
မျှော်လင့်ခြင်း... အလင်းရောင်မျှင်….
စေလိုရာ… ညွှန်းပါတော့လို့
လည်စင်းခံ ပသရမယ့်…. ငါ့ရှင်
ဘဝအမြင်.. မကြည်လင်သမို့
သောကများနှင့်သာ ရင်းနှီးစေခဲ့
ဒုက္ခပင်လယ် ဝေနေခဲ့ရတဲ့နေ့တွေ
တွေးမိစေ ….ကိုယ်ချင်းစာစိတ်နှင့်
ကူငြိမ်းပါလှဲ့.. ရင်တွင်းမီး..။

**********

Tuesday, February 12, 2008

ငါ့ပြန်ပေးပါ..



ငါ့ပြန်ပေးပါ
**********
အေးမြဆောင်းလေ
ကျီစယ်နေသည်ပ
သစ်ရွက်တွေ..တုန့်ပြန်လည်း
ငါ..မတုန့်ပြန်မိ……
တွေးနေမိတာ……အိမ်အကြောင်း
တေးသံစုံ…..အသိုက်မြုံက
အဆွဲထုတ်ခံ့……..ငါ့ဘဝ
လက်သည်..အတ္တ
သင်..လာလိုက်စမ်းပါ…အနား
ဂုတ်ဆွဲကာ..ပြောချင်စမ်းဘိ
ငါ့ဘဝ…ငါ့…ပြန်ပေးပါ…..။

*****
မိုးသောက်နှင်းမှုံ
ကျီစယ်နေသည်ပ
မြက်ခင်းတွေ..တုန့်ပြန်လည်း
ငါ..မတုန့်ပြန်မိ…..
တွေးနေမိတာ…….ရတနာ့အကြောင်း
ပန်းမျိုးစုံ…..ဥယာဉ်ထဲက
အဆွဲထုတ်ခံ…….ငါ့ဘဝ
လက်သည်……ဒေါ်လာ
သင်..လာလိုက်စမ်းပါ…အနား
နာရွက်ဆွဲကာ..ပြောချင်စမ်းဘိ
ငါ့ဘဝ…ငါ့...ပြန်ပေးပါ……။

*****

အာသီသ

( မိသားစုနှင့်….မိုင်ပေါင်းများစွာ..ဝေးကွာနေကြသော…သူငယ်ချင်းများအတွက်…အမှတ်တရ..)