<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, March 25, 2009

ဝမ်းနည်းမှတ်တမ်း

***************
အာသီသ
***************

Dear all,
It is with regret to inform you all that Commander (Retd.) Sein Win (MN), age (73), father of Yan Naing Win, Snr Exe, Mechanical Engineering - Rotating, RIE Department - passed away at 11:35 am yesterday at Shwe Gone Dine Specialist Centre.
The funeral service will be held at 5.00 pm
on 24th March, 2009 (Tuesday) at Yaeway Cemetery.
Office cars will depart at 3:45 pm
.
We are sure you will all join with us in offering our heartfelt sympathy and deepest condolences to Yan Naing Win and the bereaved family.

Sincerely,

HR Services & Relations
Human Resource Management Department


***************

" ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ခဲ့၊ သူငယ်ချင်းလည်း ဖြစ်တဲ့ ကိုရန်နိုင်ဝင်းရဲ့ ဖခင် ဦးစိန်ဝင်း ကွယ်လွန်သွားကြောင်း ကြားရတဲ့ အတွက် ကျန်ရစ်သူမိသားစု နှင့် ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်... "


မိသားစုနှင့် ထပ်တူထပ်မျှ ဆိုတဲ့ စကားက နည်းနည်းလေး ပိုများပိုနေမလား ဒီနေရာမှာ ဆိုစရာ ရှိပါတယ်။ ကျွန်တော်ကတော့ ပိုတယ်လို့ မထင်မိပါဘူး။ ဘာကြောင့်လည်းဆို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော်လည်း ရန်နိုင်ဝင်းလို အဖြစ်မျိုး ကြုံခဲ့ရလို့ပါပဲ။ လောကမှာ အဖေဆိုတာ အနန္တဂိုဏ်းဝင်ပဲ မဟုတ်လား။ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု့ကြီးပဲပေါ့။ အခုချိန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေနိုင်လို့သာ ရွှေတောင်ကြီးလို့ တင်စား မခံရတော့ပေမယ့်လည်း ရွှေတောင်ကြီးပါပဲ။ ဒီနေရာမှာတွေးစရာ ဖြစ်လာတာက သေချင်းတရားဆိုတဲ့ ဘယ်သူမှ(ဘုရားရှင် အပါဝင်) ရှောင်လွဲ့လို့မရတဲ့ အရှိတရားပါပဲ။ အောက်မှာဖေါ်ပြထားတဲ့ ကိုအောင်ဘော်ဟိန်းရဲ့ စာထဲကလိုပေါ့။


Hi Nyi Nyi

Everybody got queue number and waiting for their own turn. Anyway so sad on behalf of Yan Naing Win who lost his father,can never be replaced in life again.

Best Regards

Aung Baw Hein

S'pore


သူ့စာကို တိုက်ရိုက် မတောက်တခေါက် ဘာသာပြန်ကြည့် ရရင်တော့ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်နံပါတ် ရှိပြီးသား၊ အားလုံး အလှည့်ရောက်ဖို့ကို စောင့်နေရတာလို့ ဆိုလိုတာပါ။ မှန်ပါတယ်။ ဒါဟာလည်း လူသားအားလုံး နားလည် သဘောပေါက်ထားတဲ့ အရာပဲမို့ ဘယ်သူမှ ထူဆန်းတယ်လို့ မထင်ဘူး။ ဒါပေမယ့် ဖတ်ဖူးတဲ့ စာထဲက စာပိုဒ်တစ်ပိုဒ်ကို ဒီနေရာမှာ ထည့်ပြောကြည့်ချင်ပါတယ်။ မှတ်ဥာဏ်တွေ တိမ်လာလို့ ဘယ်သူပြောလည်း ဆိုတာ ပြန်ရှာကြည့်ရပါအုံးမယ်။


“ လူတွေဟာ သေမိန့် ကျထားပြီးသားတွေပဲ့မို့ တဖြုတ်ဖြုတ် ကြွေနေတာ ဘာမှ မထူဆန်းပါဘူး.. အဲ ဒါပေမယ့် ထူးဆန်းတာက ကိုယ့်အနားမှာ တဖြုတ်ဖြုတ် သေနေတာ မြင်နေ တွေ့နေ ရတာတောင် ကိုယ်မသေတော့မယ့် ပုံစံ ချိုးနေကြတာပါပဲ..တဲ့။


တော်တော် မှတ်သားစရာကောင်းတဲ့ စကားလေးပါ။ အဲဒီစာပိုဒ်ကလေးကို ဖတ်ပြီးကတည်းက ကိုယ့်ကိုကိုယ် လေ့လာကြည့်ပါတယ်။ သူပြောတာ အမှန်ပါပဲ။ သွေထွက်အောင် မှန်တယ်လို့ပြောရင် မလွန်ဘူးထင်ပါရဲ့။ မွေးစကတည်းက ပညတ်နယ်မှာ ကျင်လည် လာရတော့ ပညတ်ထားတာတွေကိုပဲ အရှိတရား အမှန်တရားပဲလို့ လက်ခံခဲ့တယ်။ အားလုံးဟာ ငါပိုင်ငါဆိုင်လို့ပဲ ထင်ခဲ့တယ်။ ငါ့အိမ် ၊ ငါ့ယာ ၊ ငါ့သား ၊ ငါ့သမီး ငါ့ဥစ္စာ ငါ့အတ္တ ငါ့သိက္ခာ..အိုး.. ငါချင်းကို ထပ်နေတော့တာပါပဲ။ အခုထိလည်း သားရေးသမီးရေး စီးပွါးရေးထဲကနေ ရုန်းမထွက်နိုင်သေးပါဘူး။ ထားခဲ့ရမှာတွေကို တသက်လုံး မပျောက်မပျက် မဆုံးရှုံးတော့မယ့် အတိုင်း အရာရာကို ခိုင်တယ် မြဲတယ်လို့ပဲ မှတ်ယူခဲ့ပါတယ်။ ဒီထက်ပိုဆိုးတာက လောဘ ၊ ဒေါသ ၊ မောဟ ၊ တဏှာ ၊ မာန ၊ ဒိဠိ ၊ စတာတွေနဲ့ပဲ မနက်မိုးလင်းကနေ မိုးချူပ် ပေါင်းဖက်နေရတယ်။ မသိမှု့ဆိုတဲ့ အဝိဇ္ဇာ(သို့)မောဟက ဖုန်းလွမ်းထားနေလေတော့ လှိုင်းထနေတဲ့ ရေပြင်မှာ ကိုယ့်ရုပ်ကိုယ်ကြည့်လျှင် ဘာမှ မမြင်ရတော့သလိုမျိုး ကိုယ်ဘာလုပ်နေတယ် ဘာစိတ်တွေ ပေါ်နေတယ် ဆိုတာကိုတောင် သတိမပြုမိ နိုင်တော့ဘူး။ အဲဒီတော့ သီးခံခြင်းတရား ၊ ဂါရဝတရား ၊ ဗြမ္မာစိုရ်တရားတွေ ဖြစ်တဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ၊ ဥပက္ခာ စတာတွေ ကိုတောင် အဖေါ်မလုပ်နိုင်တော့ဘူး။ ကိုယ့်အကျိုးစီးပွား ထိခိုက်လာရင် အားလုံးဟာ ရန်သူဖြစ်လာတယ်။ ကိုယ့်နှင့် အမြင်ချင်း မတူသူကို ရန်သူလို့ သတ်မှတ်တယ်။ ကိုယ့်ထက် သာသွားတဲ့ သူအပေါ် ကျေးဇူးပြုဖူးသူပင် ဖြစ်လင့်ကစား မုဒိတာ မပွားနိုင်တော့ဘူး။ ဒါဟာ မသိမှု့ အကြောင်းကြောင့် ဖြစ်တဲ့ သမုဒယအကျိုးဆက်တွေပဲ။ တမလွန်ဘဝကို ယုံးကြည်သူ ဗုဒ္ဓဘာသာ တစ်ယောက်အနေနှင့် ဒါဟာ အပယ်ကို ဇောက်ထိုးကျမယ့် ကမ္မသတ္တိပဲ။ လောဘနှင့်ဖက်ပြီးသေရင် မုချပြိတ္တာ၊ ဒေါသနှင့် ဖက်ပြီးသေရင် မုချ ငရဲ၊ မောဟနှင့် ဖက်ပြီးသေရင် မုချ တိရစ္ဆာန် ဖြစ်ရမယ် ဆိုတာကိုသာ အကြွင်းမဲ့ ယုံကြည်မယ်ဆိုရင် ကိုယ်ရဲ့ နေ့စဉ်ပြုမှုမှု့တွေဟာ အပယ်ကနေကို မလွတ်ဘူး။ လုပ်သမျှ အားလုံးဟာ အပယ်ကျဖို့ချဉ်းပဲ။ ဒါကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက လက်သဲခွံပေါ် မြေမှုန့်တင်ပြီး အထက်တက်မယ့် သူနှင့် အောက်ဆင်းမယ့် သူ အရေအတွက် ဘယ်လောက်အထိ ကွာခြားတယ်ဆိုတာ သိသာထင်ရှားအောင် ပြခဲ့တာပဲ။ လက်သဲခွံပေါ်တင်ကျန်နေခဲ့တဲ့ အရေအတွက်သာ ကောင်းရာသုဂတိကို လားနိုင်ပြီး နှစ်သိန်းလေးသောင်းထုရှိတဲ့ မြေကြီးလောက်ပမာဏကတော့ အပယ်လားမယ့် သူတွေလို့ ဟောခဲ့ပါတယ်။ ဘယ်လောက်ကြောက်စရာ ကောင်းလိုက်သလဲ။


အမှန်တကယ်တော့ သူများသေတာကိုပဲ ကြည့်မနေပဲ ကိုယ့်ကိုကိုယ် ပြန်ကြည့်တတ်ရင် အမှန်တကယ် ဥာဏ်မျက်လုံးနှင့် ကြည့်တတ်မယ်ဆိုရင် ကိုယ်လည်း စက္ကန့်နှင့် အမျှ သေနေတာကို တွေ့ကြရမှာပါ။ ဒီနေရာမှာ အကျွမ်းတဝင် မရှိခဲ့ရင် မျက်စိလည်သွားနိုင်ပါတယ်။ သမုတိနယ်ကို ကျော်ပြီး ပရမတ်ကို မြင်အောင်ကြည့်မယ်ဆို ရုပ်တရားနှင့် နာမ်တရားကလွဲ ဘာမှမရှိတာကို တွေ့ကြရမှာပါ။ ရုပ်နာမ်နှစ်ပါးရဲ့ ဖြစ်လိုက်ပျက်လိုက်ဆိုတဲ့ ဖြစ်ပျက်အစဉ်ကြီးဟာ မြန်ဆန်လွန်းတာက တစ်ကြောင်း၊ မမြင်နိုင်အောင် အဝိဇ္ဇာက ဖုန်းလွမ်းထားတာက တစ်ကြောင်းတို့ကြောင့်သာ သတိမထားမိကြတာပါ။ ဘုရားဟော အရ ဆိုပါမူ မျက်စိတမိတ် လက်တစ်ဖျစ် အချိန်အတွင်း ရုပ်က ကုဋေငါးထောင် ပျက်ပြီး နာမ်က ကုဋေတစ်သိန်းပျက်တယ်လို့ ဟောထားပါတယ်။ အဲဒီတော့ ကိုယ့်အသေကိုသာ မြင်အောင် ခန္ဓာဥာဏ်ရောက် ကြည့်နိုင်မယ်ဆို သေတာဟာ ဘာမှမထူးဆန်းသလို ရထားတဲ့ ခန္ဓာဟာလည်း အနိစ္စ ၊ အနတ္တတရားနှင့် ဒုက္ခတုံးကြီးပဲမို့ ငါဆိုတဲ့ သက္ကာယ ကိုစွဲလန်းတဲ့ ဒိဠိပြုတ်အောင် ခွာနိုင်ခဲ့လျှင် အထက်မှာဖေါ်ပြထားတဲ့ မသေတဲ့ အချိုးမျိုးတွေ မချိုးတော့ပဲ သစ္စာမြင် ဒိဠိစင်တဲ့ သာဝက အဖြစ်ကို အမှန်တကယ် ရောက်ရှိအောင် အားထုတ်ရမှာက ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘဝအဓိပ္ပါယ် ဘဝသစ္စာပဲ မဟုတ်ပါလား…….။


နောက်ဗုဒ္ဓဘာသာဝင်တွေ အနေနှင့် သိထားသင့်တာက ကိုယ့်အဖေ ကိုယ့်အမေ နှင့် ကိုယ် ချစ်ခင်တဲ့ သူတွေရဲ့ ကောင်းကျိုးကို လိုလိုလားလားနှင့် ကျေးဇူးဆပ်ချင်တယ်ဆိုရင် အထိရောက်ဆုံးနှင့် အကျိုးရှိဆုံးက မိမိတို့ မိဘတွေ ချစ်ခင်သူတွေကို ဝိပဿနာ တရား အားထုတ်နိုင်ဖို့ တိုက်တွန်း နိုးဆော် အကူအညီပေးခြင်းပါပဲတဲ့။ ဘဝဆို ဘယ်ဘဝရရ(နတ်ဘဝ ၊ ဗြဟ္မာဘဝ အပါအဝင်) အို နာ သေ ဆိုတဲ့ ဘေးဆိုးကြီးကနေ မလွှတ်နိုင်သမို့ ဘဝရတိုင်းရတိုင်း ဒုက္ခတွေချည်းပါပဲ။ အဲဒီဒုက္ခသစ္စာကိုသာ မြင်အောင် ကြည့်တတ်မယ်ဆို ဘယ်ဘဝကိုမှ မလိုချင်တော့ပဲ ဘဝတဏှာ ပြတ်တဲ့ နည်းလမ်းကိုသာ ရှာဖွေချင်စိတ် ပေါ်လာပါလိမ့်မယ်။ အဲဒီနည်းလမ်းကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့် ကျင့်ကြံပီး ရှာဖွေတွေ့ရှိကာ လူသားအားလုံးကို ဝေငှထားပြီးသားမို့ မသိသူကျော်သွား သိသူဖေါ်စားရုံပဲ ရှိပါတော့တယ်။ ဒီတော့ ဒုက္ခချုပ်ချင်လျှင် ဒုက္ခကိုဖြစ်စေတဲ့ သမုဒယတွေကို မဂ္ဂင်ဆိုတဲ့ ဓါးနှင့် ပိုင်ပိုင်နိုင်နိုင် နည်းလမ်းမှန်မှန် ဇွဲရှိရှိ သမာဓိကောင်းကောင်းနှင့် ပိုင်းဖြတ် နိုင်လိုက်ပါမူ နိရောဓ ဆိုတာ (၇) ရက်အတွင်း သို့မဟုတ် (၇)လအတွင်း သို့မဟုတ် (၇)နှစ်အတွင်း ကျိမ်းသေ ရောက်နိုင်တယ်လို့ အာမခံထားတယ်ဆိုပဲ… ။ ဒီတော့ အို ၊ နာ ၊ သေ စတဲ့ ဒုက္ခချုပ်ရာ နေရာ အမှန်တကယ်ရှိသလို နည်းလမ်းလည်း တကယ်ရှိတယ်ဆိုတာ လမ်းပြတဲ့သူက ပြထားပြီးပြီ ၊ သူ့တာဝန် ဒီတွင်ပြီးပြီ။ ဟုတ်မဟုတ်ကိုတော့ အလုပ်နှင့် စမ်းသပ်ကြည့်ရင်း ဆုံးဖြတ်ချက် ချကြတာ ပိုကောင်းလိမ့်မယ် ထင်ပါတယ်…နော။။။




Friday, January 2, 2009

ဟယ်လို..ဟယ်လို Happy New Year


မနက်မိုးလင်း အိမ်ရာကထ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး အလုပ်ဆင်းဖို့ တံခါးဖွင့်လိုက်ချိန် ရုတ်တရက် မြူပေါက်လေးတွေရဲ့ နမ်းရှိုက်ခြင်းကို ခံလိုက်ရတဲ့ အတွက်..စိတ်ထဲမှာ ပေါ့ပါးခြင်းများစွာ တခဏတာ ရလိုက်တော့..အော် တစ်ဆောင်းသစ်ပြန်ပြီ။ ပူပြင်းလွန်းတဲ့ နွေရာသီကို နုတ်ဆက်တဲ့ အနမ်းတွေပဲလား..မလင်းတလင်း အလင်းရောင်တွေအောက် ပြေးလွား မြူးတူးနေတဲ့ မြူမှူန်တွေဟာ လောကတခွင်လုံးကို ဖုန်းလွမ်းနေလိုက်တာ မနာလိုချင်စရာ.. အချုပ်အနှောင် ထဲက ရုန်းထွက်လွတ်မြောက် လာလေဟန် အမူအရာတွေနှင့်..အလှည့်ကျ မနွဲ့စတမ်း ဆိုပြီး ကောင်းကင်ပြင်ကို မင်းမူ ထားတာများ...ပေ၁၀၀ တစ်တိုင်ကျ ထွန်းထားတဲ့ နီယွန်မီးတွေတောင် အမှေင်ခွင်း အလင်းမဆောင် နိုင်ရှာကြဘူး...ပူပြင်းလှတဲ့ ကန္တာရ နွေရာသီကို မုန်းမိပေမယ့် ဆောင်းကိုတော့ ဘယ်လောက်အေးအေး အချစ်သား...ဒါပေါ့လေ..အေးမြခြင်း ငြိမ်းချမ်းခြင်း သောကကင်းဝေခြင်း စတဲ့ ပူလောင်ခြင်းကို ကျောကပ်ထားတဲ့ ဆန့်ကျင်ဘက် ဖြစ်တည်မှူ့တွေကို ဘယ်သူမကြိုက် ရှိပါ့မလဲ….။

ရုံးခန်းထဲ ရောက်လို့ နေ့စဉ် မှတ်တမ်း စာအုပ်က ရက်စွဲကို ကြည့်မိလိုက်တော့.. ဒီဇင်ဘာ ၃၁…ဟုတ်ပေသားပဲ ဒီနေ့ ၂၀၀၈ ရဲ့ နောက်ဆုံးနေ့..ဒီည ၂၀၀၉ ကို ကြိုဆိုရမယ့်ည..အလုပ်များလွန်းလို့ အားချိန် မရှိဖြစ်နေလို့ သတိ မထားမိတာ မဟုတ်..အချိန်နာရီ ရက်စွဲတွေကို အားလုံး ခဏ မေ့ထားလိုက်တာ..အကြောင်းရင်းက ခွင့်ပြန်ချိန် နီးနေလို့..အချိန်ဆိုတာ တွက်နေလေ ကုန်ခဲလေလေ ဟုတ်စ..မနှစ်က New Year ကို ဒူဘိုင်းမှာ ပြား၈၀တန် လ္ဘက်ရည်ကို သောက်ရင်း မီးရှူးမီးပန်း ဖောက်တာကို ကြည့်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့တယ်…ဒီနှစ်တော့ ကန္တာရ ခေါင်ခေါင်ထဲကိုလည်း ရောက်နေ…. on duty လည်း ဖြစ်နေလေတော့ ကိုယ်နှင့် မဆိုင်သလို နေရင်းက ဂျီမေး အားကိုးနှင့် ဆုတောင်းတချို့ကိုပဲ ဖြန့်ဝေ နေခဲ့မိတယ်။ အားလပ်လို့ သတင်းစာဖတ်ချိန် ဒူဘိုင်းမှာလုပ်မယ့် နှစ်သစ်ကြိုဆိုပွဲ အားလုံးကို ဖျက်သိမ်းမယ် ဆိုတဲ့ သတင်းကို မျက်နှာဖုံးမှာ ဖေါ်ပြထားတော့ အနတ္တသဘော ကို တွင်တွင်ကြီး ဆင်ချင်မိရင်းက ကိုယ်အတွက် မထူးပေမယ့် ကဲမယ့်တကဲကဲ ပြင်နေတဲ့ အသိ သူငယ်ချင်း ယောင်းရင်း တွေကို ဝေငှချင်တာနှင့် အော်လိုင်းပေါ်တက် မေးကိုဖွင့်ပြီး လင့်ခ် ပေးလိုက်ပါတယ်။ အစ္စရေးကြောင့် ပါလက်စတိုင်း ခံနေရတော့ မူဆလင်နိုင်ငံ တစ်နိုင်ငံ အနေနှင့် လုပ်သင့်လုပ်ထိုက် တာကို လုပ်လိုက်တာလို့ ဖေါ်ပြထားပါတယ်။

နေ့လည် ၂ နာရီလောက် ရောက်တော့ ဘီယာတွေ ဝိုင်တွေ သစ်သီးခြင်းတွေ ချော့ကလက်တွေ လာပို့တာတွေ့တယ်။ ဒီည နှစ်သစ်ကြိုဆိုပွဲ အတွက်တဲ့။ အလိုက်သိတဲ့ ကုမ္ပဏီ အကြီးအကဲ တွေကိုတော့ ကျေးဇူးတင်ပါတယ်..ဒါပေမယ့် လူက နှစ်ယောက်တစ်ပိုင်းပဲ ရှိတော့ အစားအသောက်တွေဟာ အထီးကျန် ဆန်စွာနှင့်ပဲ တို့ထိသူမဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ ညနေပိုင်း ရောက်တော့ ကားကြုံတာနှင့် မကဲတော့ဘူးလို့ ဆုံးဖြတ်ထား ပေမယ့်လည်း တစ်နှစ်မှ တစ်ခါမို့ တစ်ရက်လောက် အိပ်ရေးပျက်တာ ဘာမှ မဖြစ်လောက်ဘူး ဆိုပြီး ပေပေတေတေ ဒူဘိုင်းသွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ လမ်းတစ်လျှောက်လုံး မြူတွေ ဖုန်းနေလိုက်တာ တော်တော်နှင့် ခရီးမရောက်ဘူးပေါ့..။ အချိန်က နည်းနည်း စောနေသေးတော့ စိတ်သက်သာရာ ရပါရဲ့…။ Happy New Year ကို ကားပေါ်မှာပဲ အော်လိုက်ရမှာကို စိုရိမ်ရပြန်တယ်။ တော်သေးတာက အချိန်မီ ရောက်သွားတာပါပဲ။ ဟိုရောက်တော့ အားလုံး ရေချိန်ကိုက်နေကြပြီ..။ မြန်မာ ကာရာအိုကေ သီချင်းသံတွေလည်း မိုးထိညံနေပြီ..။ မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ အရက်ကို အဲဒီညမှာ ရေမရောပဲ နှစ်ခွက်တိတိ ကျူးလွန်လိုက်ပါတယ်။ နည်းနည်း သွေးဆူလာလို့ နာရီကြည့်တော့ ၁၂နာရီ ထိုးခါနီးပြီမို့ ဆူညံနေတဲ့ အခန်းထဲက ထွက်ပြီး ဖုန်းထဲမှာရှိတဲ့ နံပါတ်တွေ အားလုံးကို တစ်ခုချင်း ဆက်ရင်း စတင် နောက်ယှက်ပါတော့တယ်။ အိပ်နေတဲ့ သူတွေကို လည်း မရမက နိုးရင်းပေါ့။ တစ်နှစ်မှ တစ်ခါပဲလေ.. သူတို့နားလည်တန် ကောင်းပါရဲ့…။


ဟယ်လို.. ဟယ်လို… “Happy New Year…! “

Friday, September 26, 2008

သတင်း အပိုင်းအစများ

ကြွားစရာ ဖားစရာ နတ္ထိ ဖြစ်နေတဲ့ အချိန်မှာ ဘာမှ မတင်နိုင်လို့ ဝိုင်းဝန်း ဘေတီး ပေးနေတုန်း တစ်နေ့ကမှ မင်္ဂလာ သတင်းတစ်ခု ကြားရတဲ့ အတွက် ကိုယ်မပါ ပေမယ့်လည်း ဝမ်းမြှောက် ဝမ်းသား ဖြစ်ရတဲ့ အကြောင်းလေးတော့ လူတကာ သိအောင် အော်ရတော့မယ် ဟုတ်စ။ မဟုတ်ရင် မုဒိတာ မပွားနိုင်ဘူး ဆိုပြီးတော့ အပြစ်တင် ခံနေရအုံးမယ် မဟုတ်လား။ ကြားကြားချင်း တင်ချင်ပေမယ့် ကာရကံရှင်တွေ အရင် ပြောပြီးမှ တင်ရင် ကောင်းမယ်လို့ တွေးမိတဲ့ အတွက် နည်းနည်းတော့ နောက်ကျသွားတယ်။ သို့ပေသိ အထောက်အထားနှင့် တကွ ဆိုတော့ အတိအကျ ဖြစ်သွားတာပေါ့။ အစကတော့ ဘလော့ဂ်ကို ဘာရယ်မဟုတ် ဒီမှာ ဖြစ်ပျက် နေတာ လေးတွေကို အချင်းချင်း ဝေငှဖို့ ဆိုပြီးတော့ လုပ်ထားတာ။ လုပ်ထားတဲ့ အတိုင်းလည်း အတိုင်းအတာ တစ်ခုအထိ အားရပါတယ်။ ဒါပေမယ့် ကိုယ်ကိုတိုင်က သတင်းသမားလည်း မဟုတ်သလို စာရေးဆရာလည်း မဟုတ်တော့ တင်ထားတဲ့ ဘလောဂ့်ကို ဆက်လက် မှုန်နံ့သာ ချယ်သဖို့ အခက်အခဲ ရှိနေခဲ့တယ်။

ဘလောဂ့် မတင်ခင်က စာဆိုလို့ ရည်းစားစာပဲ ရေးခဲ့ဖူးတာ။ မြန်မာစာ ရိုက်တာတောင် ဒူဘိုင်းရောက်မှ လိုအပ်လို့ လေ့ကျင့်ရတာ။ အခုတော့ တော်တော့ကို မြန်နေပါပြီ။ အင်္ဂလိပ်စာ ရိုက်သလိုတောင် ရနေပြီ။ ဘာပဲပြောပြော တိုးတက်မှူ့ တစ်ခုပဲပေါ့။ တစ်ချို့က စာရေး ကောင်းတယ်လို့ ပြောကြတယ်။ အဲဒီ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်ချို့ စာဖတ်များတဲ့ စာပေ ဝါသနာပါတဲ့ လူတွေ အတွက်တော့ ရည်စရာ ဖြစ်ရင် ဖြစ်နေမယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘဝင်မမြင့် တတ်ပါဘူး..ဟဲဟဲ..။ အခုတလော ဘလောဂ့် ကောင်းကြောင်း မကောင်းကြောင်းတွေ ငြင်းခုံနေကြတာ ဖတ်နေရတယ်။ ဘလော်ဂါဆိုတဲ့ အသုံးအနှုန်း တွေလည်း တွေ့ရတယ်။ တစ်ချို့က ဘလောဂ့်ကို ခေတ်သစ် နံရံကပ် စာစောင်တဲ့။ တစ်ချို့က ဒိုင်ယာရီတဲ့။ တစ်ချို့က စည်းမရှိ ကမ်းမရှိ အထိန်းကွပ်မဲ့တဲ့ ပရမ်းပတာနိုင်တဲ့ စာတွေ ရေးသားတင်ပြတဲ့ နေရာတဲ့။ ဘလောဂ့်ဆိုတာ web log လောက်ပဲသိထားတဲ့ ဘလောဂ်ဂါ စစ်စစ် မဟုတ်တဲ့ ကျွန်တော့ အတွက်တော့ ဘယ်လို အဓိပ္ပါယ် ဖွင့်ရမှန်း အတိအကျ မသိဘူး။ သိုပေမယ့် တင်ထားတဲ့ ဘလောဂ့်အတွက် ကုန်ကျတဲ့ အချိန်တွေအတွက် ဘယ်တုန်းကမှ မနှမြောမိ။ ဝါသနာ အရင်းခံ နေလို့လားတော့ အတိအကျ မသိ။

ဒီလဆန်းတုန်းက ကိုမိုးဇော်လွင်တို့ ကိုကျော်ကိုလွင်တို့ အိမ်တက်မှာ ကဲထားတဲ့ ဓါတ်ပုံတွေတော့ တင်ထားဖြစ်တယ်။ တွေ့တဲ့ သူတွေတော့ တော်တော့ကို အားရကြလိမ့်မယ်။ အတော်လည်း ပျော်စရာ ကောင်းခဲ့ပါတယ်။ ဒါတောင် ဟိုအရည် မဝင်သေးလို့။ ရှိစုမဲ့စု သိသမျှ မြန်မာတွေ စုဖြစ်ကြတယ် ဆိုပါတော့။ အိမ်ခန်းက တော်တော် ကျယ်ပါတယ်။ အခန်းကျယ် တစ်ခန်းနှင့် ပုံမှန်ခန်း တစ်ခန်း။ ကိုမိုးဇော်လွင်နှင့် ကိုကျော်ကိုတို့ စုစပ် ငှားထားတယ်လို့ ပြောတယ်။ ဈေးကတော့ ထုံးစံအတိုင်း တစ်လကို ဒေါ်လာ သုံးထောင်ကျော် ပေးရတယ်။ ရေဖိုး မိးဖိုး ဂစ်ဖိုး မပါ။ ဒူဘိုင်းကို လာရောက် အလုပ်လုပ်မယ့် ကိုကိုတွေ ထည့်းသွင်း စဉ်းစားရမယ့် အရေးကြီးတဲ့ အချက်တစ်ချက်ပေါ့။

နောက်ဖွချင်တာ တစ်ခုက ကျွန်တော်တို့ရဲ့ သူငယ်ချင်း ကိုဖြိုးကြီး တစ်ယောက် Production Manager ဖြစ်သွားပြီ ဆိုတာပဲ။ ဒူဘိုင်းမှာ အလုပ် လိုချင်ကြတဲ့ သူငယ်ချင်းများ ကိုဖြိုးကြီးကို အမြန်ဆုံး ဆက်သွယ်ဖို့ တိုက်တွန်းပါတယ်။ ဒါပေမယ့် ခက်တာက အခုလက်ရှိ ကုမ္ပဏီက Multinational ဖြစ်ချင်နေတဲ့ အတွက် ရွှေတွေကို အလုပ်ပေးခြင်း ခဏ ရပ်ထားတယ် ဆိုတဲ့ အကြောင်းလေးတော့ ထပ်လောင်း ပြောကြား ပါရစေ။ ကိုဖြိုကြီး မန်နေဂျာ ဖြစ်သွားလို့ လှစ်လပ်သွားတဲ့ သူ့နေရာကို ကိုကျော်တင့်က အဖြည့်ခံလိုက် ရကြောင်းလေးပါ မမေ့ခင် ပြောထားလိုက် အုံးမယ်နော်။

ဗျာ… ဘာလဲ.. ကျွန်တော့ အကြောင်းလား… ဟဲဟဲ ပြောမှာပေါ့… give me a brake လေ…။ ဘာမှ ထွေထွေ ထူးထူး မရှိပါဘူး။ အဲ... ထူးခြားတာ တစ်ခုကတော့ သုံးလ တစ်ခေါက် အိမ်ပြန်ချိန် တိုးရလိုက်တယ် ဆိုတာကိုပဲ ကြွားလိုက် ပါရစေလား... ဗျာ..။

တက်၍ မြင့်၏

From: Zhang Guoqing
Sent: Friday, September 19, 2008 5:37 PM
To: Atlantis staff
Subject: Atlantis appointment

Dear All,

I am happy to announce that Atlantis has decided to give the new appointments to the following employees:

1. Appointed Mr. Gan Baisong as Atlantis operations manager,
2. Appointed Mr. Phyo Wai Aung as Atlantis production manager,
3. Appointed Mr. Huang Guohai as Atlantis HSE manager,
4. Appointed Ms. Tao Ying as Atlantis contract and procurement manager,
5. Appointed Mr. Kyaw Tint as Atlantis senior Operator,
6. Appointed Mr. Cheng Wenbing as Atlantis reservoir engineer.

Congratulations for the above persons, and please give your strong supports to them to realize project targets.

Thank you!
Zhang Guoqing

President of Atlantis

Wednesday, May 14, 2008

အုတ်တစ်ချပ်..သဲတစ်ပွင့်




*********

အာသီသ

*********

နာဂစ်မုန်တိုင်းက သူ့ရဲ့ ကမ်းကုန်တဲ့ ရက်စက်မှူ့ကြီးကို ပြပြီး မိန့်မိန့်ကြီး ထိုင်ကြည့်နေခိုက် ကံကောင်းထောက်မစွာနှင့် အဝေးရောက်နေလို့ ကိုယ်တိုင် မခံစားလိုက်ရပေမယ့် နောက်ဆက်တွဲ သတင်းမုန်တိုင်းက ဆက်လက် တိုက်ခတ် နေဆဲပဲဆိုတော့ အဝေးရောက် မြန်မာတွေအားလုံးလည်း မုန်တိုင်းဂရက်ထဲ ဝဲပါနေတော့တာပေါ့။ မုန်တိုင်းတိုက်ပြီးတာ တစ်ပါတ်ဆယ်ရက် ရှိသွားပြီ ဆိုပေမယ်လည်း မုန်တိုင်းအလွန် သတင်းတွေက ပိုလို့တောင်မှ ကြေကွဲဖွယ်ရာတွေနှင့် အတိ ရှိနေပါတယ်။ တစ်နေ့တစ်နေ့ သူငယ်ချင်းတွေ ပို့ပို့ပေးနေတဲ့ မုန်တိုင်းသားကောင်တွေရဲ့ အဖြစ်ဆိုးတွေဟာ ဓါတ်ပုံတွေ ဗီဒီယိုတွေနှင့်မဟုတ်ပဲ စကားပြော စာပြောလောက်နှင့်ဆို ယုံဘွယ်ရာမရှိ။ လူအယောက် ၁သိန်းလောက် သေတယ်လို့ ခန့်မှန်းတယ် ဆိုတဲ့ သတင်းက စိတ်ကို သိပ်မတုန်လှုပ်ပေမယ့် ကလေးလေးတွေ မိသားစုတွေ လက်မှာကြိုးတန်းလန်းနှင့် သေနေတဲ့ ပုံတစ်ပုံတည်းက လူတွေရဲ့စိတ်ကို သနားကြင်နာစိတ် ကိုယ်ချင်းစာစိတ် ဂရုဏာစိတ် ကြေကွဲစိတ်တွေကို ဖြစ်ပေါ်စေပါတယ်။ မြန်မာလူမျိုးတွေရဲ့ ထုံးစံအတိုင်း သူများဒုက္ခ ရောက်နေချိန်ဆို ဘယ်သူမှထိုင်ကြည့် မနေနိုင်ဘူး(တချို့လည်းနေနိုင်ကြပါတယ်)ဆိုတော့ တတ်နိုင်တာလေးတွေကို ကိုယ့်အသိစိတ်ဓါတ်လေးတွေနှင့်ကိုယ် လိုက်လုပ်နေကြတာ တွေ့နေ ကြားနေတော့ ဘာမှ ကိုယ်ထိလက်ရောက် မလုပ်ပေးနိုင်တဲ့ အတွက် အတော့ကို မချင့်မရဲ ဖြစ်ရတယ်။


ဟိုနေ့က ကိုအောင်မိုးဆီက စာလာလို့ သူတို့တစ်တွေ ကိုယ်တိုင်ကိုယ်ကျ ကွမ်းခြံကုန်းသွားပြီး လူမှူ့ရေး လုပ်နေပါတယ်လို့ သတင်းပေးတော့ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို အဆင့်သင့်သမို့ မဖြစ်စလောက် အလှူငွေလေးနှင့် အိမ်မှာကျန်ခဲ့တဲ့ အဝတ်အစားတွေကို ထည့်ဝင် လှူတန်းခွင့် ရလိုက်တော့မှ နည်းနည်းပါးပါး နေထိထိုင်သာ ရှိသွားတယ်။ သူတို့ဒေဝူးက လူတွေအားလုံး တက်တက်ကြွကြွ လုပ်ကိုင်နေတာကို စာထဲမှာဖတ်ရတော့ အတော့ကိုအားရတယ်။ သာဓုလည်းခေါ်ပါတယ်။ တဆင့်ထဲ ကိုအောင်မိုးက သူငယ်ချင်းတွေ တော်တော်များများကို စိတ်ပါရင် လှူနိုင်ဖို့ နှိုးဆော်ထားတာ တွေ့တယ်။ ဦးကိုကိုကြီးက သူ့သူငယ်ချင်းတွေနှင့် အလှူငွေ ထည့်လိုက်ပြီလို့ အကြောင်းပြန်တယ်။ ကိုခင်မောင်လွင်တို့အဖွဲ့ ကလည်း သူတို့လှူဒါန်းထားတဲ့ ငွေစာရင်းနှင့် မှတ်တမ်းတင်လက်မှတ် ပေးပို့လာတာတွေ့ရတယ်။ အမေရိကားက ကိုရန်နိုင်ကျော်ကလည်း သူ့အစီစဉ်နှင့်သူ ထည့်ဝင်ပြီးကြောင်း သတင်းပါးပါတယ်။ အားလုံးအတွက် သာဓုခေါ်ပါတယ်ဗျာ။


မနေ့က ကိုဖုန်းခိုင်ဝင်း အီးမေးပို့ပေးတယ်။ သူတို့ပြုတဲ့ ကောင်းမှူ့ကို ဓါတ်ပုံနှင့်တကွ ဖေါ်ပြထားတာတွေ့လို့ ကျွန်တော်လည်း အားလုံး စိတ်ပါလာအောင် နိဗ္ဗာန်ဆော်အနေနှင့် ဘလောက်ပေါ် တင်ထားလိုက်တယ်။ လူမှူ့ရေးအလုပ်ဆိုတာ ဆားငံရေ သောက်သလိုပဲလားမသိ လုပ်ပြီးရင်း ဆက်လုပ်ချင်နေတယ် ထင်ပ။ ဒေဝူးအဖွဲ့ရော ပဲထရိုးနက်စ် အဖွဲပါ ဒုတိယံပိ ကွင်းဆင်းဖို့ ဆက်လက်ပြင်ဆင်နေကြပါတယ်။ စိတ်ပါဝင်စားသူများ ဆက်သွယ် လှူတန်းနိုင်ပါတယ်လို့ သတင်းကောင်းပါးအပ်ပါတယ်။


***********

Sunday, February 24, 2008

ညီမလေးက ထမနဲထိုးတာ မြင်ချင်သတဲ့လား

***********
အာသီသ
***********

ညီမလေးရေ...ဒူဘိုင်းမှာ..ထိုးစရာ ထမနဲ ဘယ်ရှိပါ့မလဲ။ ရှိလည်း ကိုယ်တို့ မထိုးတတ်ပါဘူး။ အဲဒီအတွက် ချီးကျူးလည်း ဘဝင်မြင့်မိမှာ ဟုတ်ပါဘူး။ ဒါပေမယ့် ဒူဘိုင်ရောက်ရင် ဒူဘိုင်းလို ကျင့်ရမယ်ဟုတ်စ။ အသင်းအဖွဲ့စိတ်ဓါတ်ရဖို့ ထမနဲအစား မြန်မာ ထမင်းဟင်း ချက်စားကြတယ်ကွဲ့။ ကြက်သွန် လှီးတဲ့သူကလှီး ပန်ကန် ဆေးတဲ့သူကဆေး ထမင်းအိုး တည်တဲ့သူကတည် ချက်တဲ့သူက ချက်နှင့် တယ်ပျော်စရာ ကောင်ပါပကောလား ၊ ညီမလေးတို့ကိုတောင် ရှိရင်ကောင်းမယ်လို့ တမ်းတလိုက်မိသေး။ အရည်အသွေးကဖြင့် မြင့်တို့ E.L.P.L တို့ထက် သာတယ်လို့ပြောရင် ကြွားရာကျသွားမလားပဲ။ တဖြည်းဖြည်းနှင့် ဂိုးကျယ်အတွက် ဘော်လုံးအသင်းဖွဲ့ဖို့ လူမပြည့်သေး ပေမယ့် ဂိုးကျဉ်းအတွက်တော့ ပြည့်နေပါပြီ။ သိပ်မကြာတော့ဘာဘူး အသင်းကြီးအတွက် လူတွေရောက်လာတော့မယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီအခါကျမှ ထမနဲပွဲလေး လုပ်ဖြစ်အောင် စီစဉ်ကြည့်လိုက်ပါအုံးမယ်။ အမြဲ သတိတရ ရှိနေတဲ့ ညီမလေးကို ကျေးဇူးတင်လျှက်.....


**********

Sunday, February 17, 2008

နှိုးဆော်စာ

**********
သတင်း-အာသီသ

ဒူဘိုင်းမှာ ဘောလုံးအသင်း ဖွဲ့ဖို့ သင့်ကို အရေးတကြီး အလိုရှိ နေပါတယ်။ စိတ်ဝင်တစား ရှိသူများ အမြန် ဆက်သွယ်ပါရန် ဤနေရာမှ အကြောင်းကြား အပ်ပါတယ်။

ဆက်သွယ်ရန်
***********
ကိုမြတ်မင်း (ခေါ်) သကြီး ( ဥက္ကဌ ၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်သားများ အဆင့် မြင့်တင်ရေး အဖွဲ့ )
ကိုဖြိုးဝေအောင် ( ဒု-ဥက္ကဌ ၊ မြန်မာ့ ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်သားများ အဆင့် မြင့်တင်ရေး အဖွဲ့ )
ကိုဝင်းစိုးရွှေ ( အဖွဲ့ဝင် ၊ မြန်မာ့ ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်သားများ အဆင့် မြင့်တင်ရေး အဖွဲ့ )
ကိုအောင်ရဲဦး ( ပြန်၊ဆက်တာဝန်ခံ ၊ မြန်မာ့ ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်သားများ အဆင့် မြင့်တင်ရေး အဖွဲ့)

************

Sunday, January 20, 2008

အံ့ဘွယ်အနုပညာ


ဒူဘိုင်းမှာအသစ်တည်ဆောက်မယ့်ဟိုတယ်ပုံစံဖြစ်ပါတယ်။

Thursday, January 3, 2008

မြန်မာ့ဆက်သွယ်ရေးသတင်း

ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းယူကြည့်ရှုခွင့် လိုင်စင်ကြေးကို နအဖစစ်အစိုးရက ကြိုတင် အသိပေးခြင်းမရှိဘဲ တနှစ်လျှင် ကျပ် (၆)ထောင်မှ ကျပ် (၁၀)သိန်းထိ တိုးမြှင့်လိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းဌာနမှ တာဝန်ရှိသူတဦးက “လက်ရှိသုံးနေတဲ့ သူတွေ နှစ်စဉ်ကြေး ဆောင်မယ်ဆိုရင် ဒီလကစပြီး (၁၀) သိန်းဆောင်ရမယ်။ ဒီလကုန်လို့မှ နှစ်စဉ်ကြေး မဆောင်ရင် (၃) သောင်း ထပ်ပြီးတော့ ဒဏ်ကြေးထိမယ်” ဟု ပြောသည်။ ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းယူကြည့်ရှုခွင့် လိုင်စင်အသစ် လျှောက်ထားသူများအနေဖြင့် ကျပ်သိန်း (၂၀)သွင်းရမည် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။လိုင်စင်ကြေး တိုးမြှင့်သည့် သတင်းကို နအဖ သတင်းစာများတွင် ဖော်ပြခြင်းမရှိဘဲ စလောင်း အသုံးပြုသူများ က လိုင်စင်ကြေး သွားရောက် ပေးဆောင်သည့် အချိန်ကျမှ သိရခြင်းဖြစ်သည်။ မည်သည့် အတွက်ကြောင့် တိုးမြှင့်လိုက်သည်ကို မသိရသော်လည်း နိုင်ငံတကာ ရုပ်သံသတင်းများ အား ပြည်သူအများ ကြည့်ရှုနေသည် ကို ကန့်သတ်ရန် ကြိုးပမ်းသည့်အနေဖြင့် တိုးမြှင့်ခြင်း ဖြစ်နိုင်သည်ဟု ယူဆသူများ ရှိသည်။ စစ်အစိုးရ၏ တရားဝင် စာရင်းအရ မြန်မာနိုင်ငံတွင် ၂၀၀၂ခု၌ ဂြိုဟ်တု စလောင်းရုပ်သံ ကြည့်ရှုခွင့် တရားဝင် မှတ်ပုံတင်ထားသူ (၆)သောင်းရှိသည်ဟု ရိုက်တာ သတင်းတွင် ဖော်ပြသည်။ လတ်တလော ရန်ကုန်မြို့၌ အစိုးရက ရောင်းချပေးနေသည့် ဒီဇယ်နှင့် ဓာတ်ဆီ နေ့စဉ်ခွဲတမ်းများကို တ၀က် ဖြတ်တောက်မည်ဟု ကောလဟလသတင်းများ ထွက်ပေါ်နေချိန်တွင် စလောင်း နှစ်စဉ်ကြေး တိုးမြှင့်သည့် သတင်း ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ မြန်မာ စစ်အစိုးရကမူ လောင်စာဆီ ခွဲတမ်းများကို ယခင်အတိုင်း ပြောင်းလဲမှုမရှိ ဘဲ ဆက်လက် ထုတ်ပေးမည်ဟု ယမန်နေ့ မြန်မာ့အလင်း သတင်းစာ၌ သတင်းထုတ်ပြန်သည်။ ။

Tuesday, January 1, 2008

နှစ်သစ်ဆုမွန်ကောင်း
……………………………

မရေးဖြစ်တာကြာတော့မေ့တောင်သွားကြပြီလားမသိဘူး။.....အခုတလောမအားတာကလည်းများနေ၊သတင်းဖ
လှယ်မယ့်သူလည်းမရှိတော့ဘာမှတင်စရာမရှိဖြစ်နေတယ်။...အစီအစဉ်အသစ်တွေခေါင်းထဲမှာရှိပေမယ့်အချိန်
နဲ့လူအင်အားချိနဲ့နေတာကြောင့်ရှေ့မသွားနိုင်သေးပဲဖြစ်နေတယ်။..တချို့သူငယ်ချင်းတွေသူတို့ပါရေးလို့ရရင်ရေး
ချင်နေကြတယ်။မခက်ပါဘူး၊ဒါပေမယ့်အကန့်အသတ်တော့ရှိတယ်။...နေရာစုံကလူတွေရွေးထုတ်ပြီးအကူအညီ
တောင်းရင်ပိုလို့စိုပြေလာနိုင်တာပေါ့။..တချို့ကပြောတယ်၊မြန်မာစာမရိုက်တတ်လို့အခက်အခဲရှိတယ်တဲ့၊မပူပါနဲ့
ဗျာ၊ကျွန်တော့်လောက်တော့ဆိုးမယ်မထင်ဘူး။....ဘယ်ဘာသာနဲ့ရေးရေးအဓိကကရေးဖို့ပါပဲ။ကိုယ်စိတ်ထဲမှာရှိ
တာကိုစာနဲ့ပဲဖြစ်ဖြစ်စကားနဲ့ပဲဖြစ်ဖြစ်ဖွင့်ချလိုက်ရတာကိုကလေဟာနယ်ထဲရောက်သွားသလိုပဲ။....သူများပြော
လို့သာစကားဖြစ်ပြောရတယ်၊လေဟာနယ်ထဲတစ်ခါမှမရောက်ဖူးဘူး။ဒါပေမယ့်ရေးကြည့်လိုက်ရင်လေဟာနယ်
ရဲ့အရသာကိုသိသွားလိမ့်မယ်။

……………………………….

ဘာလိုလိုနဲ့တစ်နှစ်ကုန်သွားပြန်ပြီ၊..မွန်းတည့်ချိန်ကျော်လာပြီးမွန်းလွဲရောက်တော့မည်၊.မကြာမီညနေစောင်းပြီး
နေဝင်တော့မည်၊ဘာမှလည်းမပြင်ဆင်ရသေး၊ပြင်ဆင်ဖို့ပင်သတိမရ၊အတ္တနောက်တကောက်ကောက်လိုက်ရင်း
တွင်းဆုံးရောက်နေပြီ၊ပြန်ထွက်ဖို့ပင်အတော်ခက်ခဲ၊အချိန်မီသာပြင်ဆင်ခွင့်ရှိခဲ့ရင်တော့ကောင်းပါရဲ့၊..ဒါပေမယ့်
သမီကအခုမှမူကြို၊အငယ်ကောင်ကလေးဘက်တွား၊ဘယ်လိုများစီစဉ်ရမည်မသိ၊...မိုက်ခရိုဆော့ပရော့ဂျက်ပင်
လိုက်မမီတော့၊ဒီတော့မီရာအမျှင်ကိုဆွဲ၊ဒီအစီအစဉ်နဲပဲသွားရတော့မပေါ့။...လမ်စလေးတောရှိတန်ကောင်းပါရဲ့၊
ရသမျှအချိန်နာရီမိနစ်သူများအတွက်လည်းသုံး၊ငါ့အတွက်လည်းသုံး၊......မဖြုန်းမိစေဖို့မီလီစက္ကန်၊ဧကံအမှန်ကြိုး
စားလတ္တံ့။…

…………………………………

၂၀၀၈ ကောင်းမြတ်တဲ့နှစ်သစ်မှာသူငယ်ချင်းအားလုံးစိတ်ရွှင်ဝမ်းမြောက်ရှိကြပါစေ။

အာသီသ

Wednesday, December 19, 2007

ရဲတံခွန်မှာအသေးစားမီးလောင်မှု့ဖြစ်ပွား

18-12-07ရက်နေ့ကရဲတံခွန်မှာမီးလောင်မှု့ဖြစ်ပွားခဲ့ပါတယ်။
အသေးစိတ်အတိအကျမသိရသေးပေမယ့်TNSတွေအချိန်မီငြိမ်းနိုင်ခဲ
့လို့ဘာမှဖြစ်မသွားဘူးလို့သိရပါတယ်။သူငယ်ချင်းတွေအားလုံးဘေး
မသိရန်မခရှိကြတာဝမ်းမြောက်စရာပါ။အသေးစိတ်ကိုဆက်လက်စုံစမ်းနေပါတယ်။

Tuesday, December 4, 2007

ကောင်းလိုက်တဲ့ရည်ရွယ်ချက်

Bonus ပေးရင်ဒါမျိုးကြီးတွေပေးပါလားလို့သင်တောင်းဆိုမှာလား?
နိုင်ငံတစ်နိုင်ငံကအယ်လ်ကိုင်းဓါးတွေရဲ့Fundငွေတွေကိုfreezeလုပ်နိုင်မဲ့နည်းလမ်းတစ်
ခုတည်ထွင်ထားတယ်၊အဲဒါကအခုပြထားတဲ့ပိုက်ဆံမျိုးထုတ်ထုတ်မလို့တဲ့၊တခြားနိုင်ငံတွေ
ကိုလည်းထုတ်ဖို့အကြံပေးထားသတဲ့။ခရီးသွားတွေကိုလည်းဆွဲဆောင်ဖို့ရည်ရွယ်ပါ
သတဲ့၊သူငယ်ချင်းတို့ရောခေါတ်အခြေအနေရမထုတ်မဖြစ်ထုတ်ရမယ်ဆိုရင်ဘယ်သူ့ပုံပါ
စေချင်လည်းစဉ်းစားထားအုံး။

Saturday, December 1, 2007

ငါတို့အကြွေးတွေရပြီ

အင်း......ရစရာရှိတဲ့အကြွေးတွေရတော့မယ်၊ကောင်းတယ်ဒဂါ...ကောင်းတယ်။


Friday, November 30, 2007

သူငယ်ချင်များသိုပန်ကြားလွှာ

အာသီသကိုမိတ်ဆက်အပြီးရက်ပိုင်းအတွင်းမှာပဲသူငယ်ချင်းတွေရဲ့တုန့်ပြန်မူ့ဟာ
မျော်လင့်ထားတာထက်ပိုအားးရစရာကောင်းနေတယ်၊အားပေးမူ့နဲ့ဆက်လက်
ရပ်တည်သွားမယ်၊အခုထက်ထိတော်တော်များများဝင်မရကြည့်မရတာတွေရှိနေ
သေးတယ်၊နည်းလမ်းသိသူတွေအနေနဲ့မသိသူတွေကိုအကူအညီပေးလိုက်ပါအုံး၊
ဘလော့ဂ်ကအသစ်မို့လို့တချို့အဆင်မပြေတာလေးတွေရှိနေသေးလို့အချိန်
ယူလုပ်နေရ၍အဆင်မပြေတာလေးတွေကိုသီးခံပေးပါလို့။ကျွန်တော်လိုချင်တဲ့
သူငယ်ချင်းတွေရဲ့မွေးနေ့စာရင်းကိုပြုစုပေးတဲ့"မဗင်နီတာ"ကိုအထူးကျေးဇူးပါ
ခင်ဗျား။ဦးလိုင်ဘွားရဲ့စာကိုကျွန်တော်မဖတ်ရသေးခင်ပျက်သွားတယ်၊တောင်းပန်ပါ
တယ်၊ကျေးဇူးပြုပြီးပြန်ပို့ပေးပါအုံးခင်ဗျား၊ကိုရွာဇော်ကြီးရဲ့"အကူအညီလိုနေတဲ့ကလေး
များ"ဓါတ်ပုံတွေအတွက်လည်းကျေးဇူးပါ။ဆောင်းပါးရှင်ကိုဂန္ခဝင်ကိုလည်းဆက်လက်
ရေးပါအုံးလို့။
အာသီသ

Wednesday, November 28, 2007

ဓါတ်ပုံကိစ္စ

သူငယ်ချင်းတို့ရဲ့ဓါတ်ပုံတွေကိုကြိုတင်ခွင့်ပြုချက်မရယူပဲအသုံးပြုထားပါတယ်။
အကယ်၍မနှစ်သက်ဘူးဆိုရင်အချိန်မရွေးအကြောင်းကြားပါ။ချက်ခြင်းပယ်ဖျက်
ပေးပါ့မယ်။ဓါတ်ပုံမပါသေးတဲ့သူငယ်ချင်းများအပန်းမကြီးဘူးဆိုရင်ပို့ပေးကြပါအုံးလို့။

Tuesday, November 27, 2007

တကယ်ပဲလားဟင်

Petronas ကြာလေခြာလေကယ္ခုနှစ်Decemberမှာဝန်ထမ်းတွေရဲ့မကြာခဏကြိမ်
ဆဲမှူ့များကိုတုန့်ပြန်ဂုဏ်ပြု့သည့်အနေနှင့်၅လစာပါတဲ့ခညား။ဒါတောင်PCMLရဲ့စွမ်း
အားရှင်တွေဝင်မွှေလိုက်လို့၁လစာလျော့သွားဆိုပဲ။မဟုတ်ရင်တော့လေစာ.အဲ.၆လစာပဲ။

ဘလော့ဂ်မိတ်ဆက်

ကျွန်တော်တို့ရဲခင်မင်လေးစားရပါသောလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းအားလုံးမင်္ဂလာပါ
လို့နုတ်ခွန်းဆက်သပါတယ်။ဒီဘလော့ဂ်လေးရဲ့ရည်ရွယ်ချက်ကတော့information
shareလု့ပ်ဖို့၊အတွေ့အကြုံဖလှယ်ဖို့၊ communicateလုပ်ဖို့နှင့်တခြားလူမှူ့ရေး၊သာရေး
နာရေးကိစ္စတွေကိုအတူတကွစည်းစည်းလုံးလုံးလုပ်ဆောင်နိုင်ဖို့ပြဲဖစ်ပါတယ်။အားလုံးပူး
ပေါင်းပါဝင်ကူညီနိုင်လိမ်မယ်လို့လည်းမျော်လင့်ထားပါတယ်။အကြံအဥာဏ်ပေးဖို့၊
Articles,News,စတာတွေလည်းပေးပို့ဖို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးကမ္ဘာပါပဲ။