<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Wednesday, April 2, 2008

လွမ်းမိပါ၏..အတာသင်္ကြန်

*********
အာသီသ
*********

ဘာလိုလိုနှင့် သင်္ကြန်တောင် ကျတော့မယ်။ သင်္ကြန် မကဲရတာလည်း အတော်တောင် ကြာသွားပြီပဲ။ ပျော်ရာမှာမနေ တော်ရာမှာနေပဲပေါ့။ ဧပြီ တစ်ရက်နေ့က ဘယ်သူ့ကို April Fool လုပ်ရမလဲ စဉ်းစားနေတာ၊ ဒါပေမယ့်လည်း ကိုယ့်ဘာသာကိုယ်တောင် လိပ်ပတ်မလည် ဖြစ်နေတော့ ဘယ်သူ့ကိုမှ မနောက်လိုက်ရဘူး။ အသိ ကောင်မလေး တစ်ယောက်က မြန်မာသင်္ကြန်ပွဲ အဘူဒါဘီမှာ နွဲမယ် ကောင်မလေးတွေလည်း အများကြီး လာလိမ့်မယ် လာခဲ့ပါ ဆိုတာတောင် အကြောင်းမပြန်အားလို့ သူက ဧပရယ်ဖူးလုပ်တာ မဟုတ်ပါဘူး အမှန်အကန်ဖိတ်တာပါ နှစ်တိုင်းလည်း လုပ်နေကြဆိုပြီး ရှင်းချက် ထုတ်ရတဲ့အထိပဲ။

အမှန်တကယ်က ကွန်ပျူတာရှေ့ကို မရောက်နိုင်တာ။ ကော်မင်းရှင်းနီးဆိုတော့ တောက်တိုမယ်ရတွေက အများသား၊ အတွေ့အကြုံတော့ရပါရဲ့၊ ခိုင်းတိုင်း အကုန် လုပ်ပေးနေရတော့ သိတဲ့အတိုင်း မကုတ်အားဘူးပေါ့။ ဒီကြားထဲ တရုပ်တွေရဲ့ စီမံမှူ့တွေက တော်လွန်းလို့ ပစ္စည်းဝယ်ရင် အိပ်ထဲက ပိုက်ဆံစိုက်ထုတ်ဝယ် ပြီးမှပြန်တောင်း လကုန်မှ ဘဏ်စားရင်းထဲပြန်ရ …ဟူး…ပြောမဆုံးပေါင် ပါပဲ။

ကိုဝင်းစိုးရွှေနှင့် ဖြိုးကြီးကတော့ ပင်လယ်ထဲ နေပူဒါဏ် လှိုင်းပုတ်ဒါဏ် ခံပြီး မြန်မာနှစ်သစ်ကူးကို ဖြတ်သန်းရတော့မယ်။ ကျွန်တော်နှင့် ကျော်တင့်ကတော့ အေးအေးဆေးဆေး ထိန်းချုပ်ခန်း ကော်မင်းရှင်းနီး လုပ်ရပြီမှတ်တာ၊ တကယ်တန်းကျတော့ အသေးအမွှား ကိစ္စလေးတွေက တယ်မလွယ်ပါလား..။ ဧပရယ်တစ်လလုံးလုံး ဒီအတိုင်းပဲ နားရက်မရှိ အလုပ်ဆင်းရမယ် ဆိုတော့ သင်္ကြန်ဆိုတာ ဘာမှန်တောင် သိလိုက်မှာမဟုတ်။

အော်..တစ်ချို့ချို့ရဲ့ ဘဝတွေဟာ တယ်အားကျစရာ ကောင်းပါလား…။ အဲ..လာပြန်ပြီ နောက်တစ်ယောက်..၁၁ရက်နေ့မှာ သင်္ကြန်ပွဲလုပ်မယ် လာခဲ့ပါတဲ့…၊ ရော်…ပိုးထနေတယ်ဆိုမှ မအားတာသိလို့ ဧပရယ်ဖူး လုပ်နေတာများလား အောက်မေ့တယ်။ ဘာပဲပြောပြော ဒူဘိုင်းလို နေရာမျိုးမှာ ဒီလိုပွဲမျိုးလေးတွေ ဖြစ်အောင် စီစဉ်နှိင်တာ ချီးကျူးစရာပဲ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ယဉ်ကျေးမှူ့ ပွဲလေးကို မမေ့မပျောက် ထိန်းသိမ်းကြတာ ဂုဏ်ယူစရာပါ..။ တစ်ခါတုန်းကလည်း သာသနာပြု ဘုန်းဘုန်းတစ်ပါး ပြည်ဝင်ခွင့်ရအောင် အခက်အခဲများကြားက ဝိုင်းဝန်း ကမကဋ္ဌ ပြုလိုက်ကြတာ နောက်ဆုံးတော့ အောင်မြင်သွားပြီး ပထမဦးဆုံးအကြိမ် လာရောက်ခွင့်ရတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးအဖြစ် မှတ်တမ်း ဝင်သွားပါတော့တယ်။ အားလုံး ရုန်းကန်နေရတယ် ဆိုပေမယ့်လည်း အရေးကြုံလာရင်တော့ သွေးနှီးကြပါတယ်။

ဧပရယ်ဖူးက ကိုယ်မလုပ်လိုက်ရပါဘူး သူဘာသာသူ ဖြစ်သွားတာ၊ ကန်ဘောက်မှာ ပိုက်လိုင်း ပေါက်သွားလို့ အားလုံး ပြာရာခပ်သွားတာ အခုတော့ ပြန်လည်ပြုပြင်ဖို့ အချိန်ယူရမယ်ဆိုပဲ။ သင်္ကြန်တွင်းအထိ အလုပ်မပြီးရင်တော့ ရဲတံခွန်က သူငယ်ချင်းတွေ မြွေကိုက်ပြီး။ ဒီကြားထဲ ”တားတာ”လုပ်မဲ့ သူတွေကလည်း တန်းစီနေတော့ ကျန်ခဲ့တဲ့ ကိုကိုတွေအတွက် ဝန်ပိုပြီပေါ့။ အလုပ်လုပ်ရတာက တစ်ပိုင်း တော်ကြာ အပိုဆုကြေးတို့ လခတို့ တိုးမရဘူဆိုရင် ကြွေပီ။

ဘော်ဒါကြီး ကိုမြတ်မင်းတစ်ယောက်လည်း အဖေါ်မရှိ ပျင်းနေရှာလို့ ဘယ်နေ့သူ့ဆီ လာမလဲပဲ တဖွဖွ မေးနေရှာလေရဲ့။ ဟုတ်ပါတယ်လေ..အစစ အရာရာ အကောင်းချည်းတော့ ဘယ်ရမလဲ၊ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်ပဲမဟုတ်လား…။ ကျွန်တော်တို့က အိမ်မပြန်ရဘူး ဒါပေမယ့် သူငယ်ချင်းတွေရှိတယ်၊ သူကတော့ အိမ်ပြန်ရတယ် ဒါပေမယ့် တစ်ယောက်ထည်း၊ ကြာလာတော့လည်း ငြီးနေရှာမပေါ့။ သူ့ခမျာ ခြေမွှေးမီးမလောင် ရှိသမျှ အမွှေးမီမလောင် နေလာရာကနေ ကိုယ်စားဖို့ ကိုယ်တိုင် ကြိုးစားပမ်းစား ချက်နေရတော့ ( ကြက်ဥကြော်၊ အသားကြော် ) အိမ်ဟင်းထမင်း လွမ်းပီပေါ့။ ကိုမြတ်မင်းက ဟင်းဆိုရင် ခါးမှကြိုက်တာ၊ ဒါကြောင့် သူချက်တဲ့ ဟင်းတွေဆို အမြဲတမ်း တူးခါးနေတာပဲ။ ဒီကြားထဲ ရောက်လာတော့မယ့် သူတော်ကောင်းတွေအတွက် ခေါင်းစားရ၊ အလုပ်ခေါ်စာတွေ့ရင် ဘယ်သှူ့ဆီပို့ရမလဲ စဉ်းစားရနှင့် တကယ်တမ်းလုပ်ရမယ့် သူ့အလုပ်က အော်ပရေတာဆိုတော့ သိကြတဲ့အတိုင်း ဆေးလိပ်သောက်လိုက် ကွမ်းစားလိုက်ပဲပေါ့။ (ကိုယ့်အလုပ် ကိုယ်နာမည်ဖျက်တာတော့ မဟုတ်ပါဘူး..ဟဲဟဲ..ဒါပေမယ့် အမှန်ပဲ)

ချစ်လှစွာသော နောင်တော်ကြီး ကိုမြင့်လွင်နှင့်လည်း မကြာခဏ နက်ပေါ်မှာတွေ့ရတယ်။ စင်္ကာပူရောက် စင်္ကာပူလို ကျင့်တာလားတော့မသိ နေ့တိုင်းနီးပါး ဂျီတော့ပေါ်မှာတွေ့တယ်။ အမြင်မှန်တွေရပြီး အရင်လို ပိုက်ဆံ သိပ်မသုံးတော့ဘူးတဲ့။ ခြွေတာနေပြီဆိုပဲ။ သူလည်း ဗုံလုံတလှည့် ငါပျံတလှည့် ဖြစ်နေပြီ၊ အရင်က သူဟောက်စားလုပ်ခဲ့တဲ့ ကိုအလိုင်းက သူကိုပြန်ဟောက်တာ ခံနေရပြီ။ တစ်ချို့ဝဋ်တွေက နောက်ဘဝမကူးဘူးဆိုတာ သိပ်မှန်ပါကလား။ သူဝတ်နေကြ ပရီးမီးရား သင်္ကြန်အင်္ကျီ အဝါရောင်နှင့် အစိမ်းရောင်၊ စစ်ရောင်ဘောင်းဘီတို တို့နှင့်လည်းလမ်းခွဲလိုက်ပြီဆိုပဲ။ ဒါပေမယ့် သူသိပ်ချစ်တဲ့ သူ့ဆရာဟောင်း ဖရဲသီးပေးတဲ့ နာရီနှင့်တော့ ဆက်လက် လက်တွဲနေတုန်းပဲ။

(ကိုမြတ်မင်းနှင့်..ချစ်ကိုကြီး ကိုမြင့်လွင်..အတွက်အမှတ်တရ)
**************

Friday, March 28, 2008

ကသိကအောက်ကလေးများ..

(ဓါတ်ပုံ-သူငယ်ချင်းဒီဂျေ)
အာသီသ
***********
အင်း…ဘာလိုလိုနှင့် အိမ်နှင့် ဝေးနေခဲ့ရတာ ၆လတောင် ကျော်လာပြီ.. ဘာပဲပြောပြော.. ဘယ်နိုင်ငံ ဘယ်လောက်ကောင်းကောင်း..ကိုယ့်မိသားစု ရှိရာ ကိုယ့်ရေမြေကိုပဲ တမ်းတနေမိတယ်။ ကံကြမ္မာက ကိုမြတ်မင်းတို့လို မျက်နှသာ မပေးတော့ တစ်နှစ် ကိုးသီတင်း မိသားစု ၊ သူငယ်ချင်းတွေနှင့် ခွဲနေရတာဟာ အတိတ်ဝဋ်ကျွေး တစ်ခုလိုဘာပဲ။ အထူးသဖြင့် အခုလိုမျိုး သင်္ကြန်ရက် နီးကပ်လာတဲ့ အခါမျိုးမှာ ပိုလို့တောင် အိမ်ပြန်ချင်သေး။ ဒီမှာက အကန့်အသန့်ရှိတော့ အလုပ်ကောင်း တွေ့လည်း ခုန်ကူးချင်တိုင်း ခုန်ကူးလို့မရ၊ နောက်တစ်ခုက ကိုယ့်ကို ယုံကြည်လို့ နေရာသွင်းပေးထားတဲ့ သူကို မျက်နှာမပျက် စေချင်တာရယ်၊ နာမည်ရ ဈေးကွက်ဝင်ကာစ ရွှေမြန်မာတွေ ဦးကျိုးသွားမှာ စိုတာရယ် စတာတွေ စတာတွေကြောင့် အောင့်အီးသီးခံပြီး နှစ်နှစ် ပြည့်အောင်တော့ နေပေးရအုံးမပေါ့။

တဖြည်းဖြည်း အနေကြာလာတော့ အတွေ့အကြုံတွေလည်း တော်တော်ရလာတယ်။ ဟုတ်တာတွေရော မဟုတ်တာတွေရောပေါ့။ အဲဒီ အတွေ့အကြုံတွေ ထဲကမှ နည်းနည်း ကသိကအောက် ဖြစ်စရာလေးတွေကို ဝေငှပါရစေလား။
________________________________
တရုပ်နှင့်ပေါက်ဖေါ်မြန်မာတွေအတွက်သာ..
________________________________

ပြီခဲ့တဲ့ ဖေဖေါ်ဝါရီလ ၆ရက်နေ့က ကုမ္ပဏီMailboxကို ဖွင့်ပြီး ဖတ်နေတုန်း အားလပ်ရက်ကြေငြာတဲ့ Internal mail တစ်စောင်ကို ကြည့်ပြီး အတော့ကို လေသွားတယ်။ Mail Subject က for Chinese and Myanmar only တဲ့။ ကုမ္ပဏီမှာ ကုလားရှိတယ် ၊ အင်္ဂလိပ်ရှိတယ် ၊ မြန်မာတွေရှိတယ်၊ ပြီးတော့ အများစုက တရုပ်တွေပေါ့။ တရုပ်ကုမ္ပဏီကိုး။ ဘာကြောင့်လည်းတော့မသိ တရုပ်နှစ်ကူး အလုပ်ပိတ်တာ တရုပ်နှင့်မြန်မာတွေအတွက်ပဲတဲ့။ ကုလားနှင့် အဖြူတွေ ပွစိပွစိနှင့် နောက်နေ့ အလုပ်လာဆင်းတာ တွေ့ရတယ်။ ဒီလိုအဖြစ်မျိုး ဒီတစ်သက် ဒီတခါပဲမို့ တရုပ်တွေရဲ့ လုပ်ပုံကိုင်ပုံက မှတ်သားစရာ အတိရှိခဲ့ရပြီပေါ့။
____________________
တရုပ်တွေအတွက်သာ…
____________________
တရုပ်တွေ နှစ်ကူရင် သိကြတဲ့အတိုင်း မြန်မာပြည်မှာဆို ပွဲတော်ပဲ။ မိတ်ဆွေတွေ အားလုံးကို ဖိတ်ပြီး အရက်အဝတိုက်၊ အစားအစာကတော့ အလျှံအပယ်။ ဒီမှာကတော့ ဒီလိုမဟုတ် သူတို့ဘာသာ သူတို့ ညစာ တည်ခင်းစားသောက်ကြတယ်၊ တခြားသူဆိုလို့ မန်နေဂျာ အဆင့်တောင်မဖိတ်ဘူး။ ဒီတော့ ကုလားဆောက်လုပ်ရေး မန်နေဂျာတစ်ယောက်က စိတ်အချင်ပေါက်ပေါက်နှင့် နံနက်စာကို နှစ်ကူးရုံးပိတ်ရက် ရုံးတက်တဲ့ သူတွေအားလုံးအတွက် တကာခံသွားလေရဲ့။
________________
ကိုယ်ရနံ့ပြင်းပြင်း...
________________
အစကတော့ သိပ်သတိမထားမိ၊ ဒါပေမယ့် တရုပ်တွေအနား ကပ်လိုက်တိုင်း ပြင်းထန်ဆိုးဝါးတဲ့ ကိုယ်နံ့တွေ အမြဲရတတ်တယ်။ တစ်ယောက်တလေပဲ အောက်မေ့တယ် ဒါပေမယ့် အားလုံးနီးပါး ဒီအတိုင်းပဲ။ အနေကြာလာလို့ ဆန်းစစ်ကြည့်လိုက်တော့ သူတို့မှာ အဝတ်အထည်ရှားပါးတယ် ထင်ပါရဲ့ တစ်စုံကို အနည်းဆုံး ၃၊၄ရက် မချွတ်တမ်း ဝတ်တာ တွေ့ရတယ်။ ယေင်္ကျားလေးတင်မဟုတ် မိန်းကလေးတွေလည်း ဒီအတိုင်းပဲ။ သူတို့ မဝယ်နိုင်လို့လား ဆိုတော့လည်း ဒီလိုမဟုတ် သူတို့ရတဲ့ လခက အနည်းဆုံး တစ်လ ဒေါ်လာ ၈၀၀၀၊၁၀၀၀၀ မှာရှိတယ်။ နံနက်စာ ဝယ်ကျွေးတဲ့ မန်နေဂျာ ကုလား သုံသပ်ပြတာက ဒီတရုပ်တွေ လစာကောင်းကောင်း benefit ကောင်းကောင်း ရထားကြပေမယ့် သူတို့ရဲ့ နေထိုင်မှူ့ပုံစံကိုတော့ အခုထိ မပြောင်းသေးဘူးတဲ့။ ကုမ္ပဏီစံရိတ်နှင့်ဆို ကောင်းပေ့ဆိုတဲ့ ဟော်တယ်မှာစားပြီး ကိုယ့်အိပ်ထဲက ထုတ်ရမယ်ဆိုရင် အိမ် မရောက်ရောက်အောင် ပြန်ပြီး ခေါက်ဆွဲပြုတ် ပြုတ်သောက်လေ့ ရှိတယ်တဲ့။ လေ့လာကြည့်တော့ အဲဒီအတိုင်းပဲဗျ။
___________________
မနက်စာပေါင်မုန့်မစားရ....
___________________
ကန္တာရ အပန်းဖြေစခန်းကို မပြောင်းခင် နေရေးထိုင်ရေး စားရေးသောက်ရေး ဆွေးနွေးကြတော့ အစားအသောက်နှင့် ပါတ်သက်လို့ မန်နေဂျာနှင့် အခြေအတင် ဖြစ်ရသေးတယ်။ ဒူဘိုင်းတုန်းက ကိုယ်တိုင် ချက်စားတယ်ဆိုတာ သူတို့သိတော့ ဒီမှာလည်း ကိုယ်တိုင် ချက်စားဖို့ ပြောတယ်(သူတို့ရဲ့ ထုံးစံက ဥက္ကဌဆိုတဲ့ လူတောင် ကိုယ်တိုင် ချက်စားတယ် ဆိုပဲ)။ သူဆိုလိုတာက ပစ္စည်းအားလုံး ဝယ်ပေးမယ် ချက်တာ ကိုယ့်ဘာသာကိုယ် ချက်တဲ့။ လူနည်းတော့ သူတို့အတွက် စီစဉ်ရ ခက်တယ်တဲ့။ ဘယ်ရမလဲ ရေနံကုမ္ပဏီမှာ လုပ်လာတာ ကြာပြီ ဒါမျိုအတွေ့အကြုံ နည်းမှမနည်းပဲ။ အားလုံး နည်းနည်း ထအော်ပေးလိုက်တာ နောက်တော့ အဆင်ပြေသွားတယ်။ ဒါတောင် တရုပ်မန်နေဂျာက အလျှော့မပေးသေးဘူး၊ သူပြောလိုက်တဲ့ စကားကြောင့် အားလုံး လေသွားတယ်။ မနက်စာကို ပေါင်မုန့်မကြွေးဘူး ဘီစကစ်ပဲ ကြွေးမယ်။ ပေါင်မုန့်စားချင်ရင် ကိုယ်ဖာသာကိုယ်ဝယ်တဲ့။ တကယ်တော့ ဘီစကစ်က ဈေးပိုကြီးတာမို့ အားလုံးလည်း နောက်ကွယ်မှာ ဝါးကနဲပေါ့။ သူ့တားမြစ်ချက်ကို ဘယ်သူမှ နားမလည်၊ သူကိုယ်တိုင်တောင် နားလည်ရဲ့လား ဆိုတာ သံသရ ဖြစ်မိတယ်။

(အတင်းပြောတာ..မဟုတ်ပါဘူး…ထူးခြားတာလေးတွေ..မို့လို့ပါ..)
*************

Saturday, March 22, 2008

ဒီကျွင်းမရရင်..ဟိုကျွင်းပေါ့ဗျာ


"INTERNATIONAL OIL & GAS CO. REQUIRES THE FOLLOWING PERSONNEL FOR MAJOR OFFSHORE EXPANSION WORK IN QATAR"


CENTRAL CONTROL ROOM OPERATORS
PROCESS/PRODUCTION OPERATORS
ELECTRICAL/INSTRUMENTATION/MECHANICAL TECHNICIANS
ELECTRICAL/INSTRUMENTATION/MECHANICAL SUPERVISORS
HSE TECHNICIANS
HSE SUPERVISORS
LAB TECHNICIANS/LAB CHEMIST
DOCTORS
MEDIC
MATERIALS CLERK
STOREKEEPER
TECHNICAL CLERK
WELDER
TURNER
FABRICATOR
HELICOPTER LANDING OFFICERS
RADIO OPERATOR
DECK CREW/CRANE OPERATORS
ROUSTABOUTS / PLATFORM SERVICEMAN
HVAC TECHNICIANS (A/C)
QUANTITY SURVEYORS (ONSHORE)
DRILLING PERSONNEL (ALL)


Minimum requirements:

3 - 5 years offshore/onshore experience in petrochemical or oil & gas and good knowledge of written and spoken English.


Employment package:
Attractive salary including other benefits like long term assignment and performance bonus schemes.
Excellent rotations with home tickets provided.
Accommodation, food, laundry & recreation provided free.


So if you are looking for a challenging career, submit your updated and comprehensive CV specifying the position applied.
To: qatar23890@gmail.com or fax to +974 4321760

Tuesday, February 26, 2008

လရောင်ကို…..ဖမ်းကြည့်ခြင်း

**********
အာသီသ
**********

လရောင်ကို..ဖမ်းကြည့်ခြင်း
***
လေနှင်ရာ လွင့်နေ
ဦတည်ရာ မဲ့နေတဲ့စိတ်
ရွက်ကြွေတောမှာ
မျှောနေတဲ့ သစ်ရွက်တွေအလား....

အနာဂတ် မိုးကောင်းကင်ကို
မျှော်ကြည့်ရင်ဖြင့်
လင်းလက်ခြင်း… အရှင်းမဲ့...
မိုက်မဲတဲ့ တိမ်တိုက်တွေကြား
တိုးဝှေ့ ရှာနေရတဲ့
မျှော်လင့်ခြင်း... အလင်းရောင်မျှင်….
စေလိုရာ… ညွှန်းပါတော့လို့
လည်စင်းခံ ပသရမယ့်…. ငါ့ရှင်
ဘဝအမြင်.. မကြည်လင်သမို့
သောကများနှင့်သာ ရင်းနှီးစေခဲ့
ဒုက္ခပင်လယ် ဝေနေခဲ့ရတဲ့နေ့တွေ
တွေးမိစေ ….ကိုယ်ချင်းစာစိတ်နှင့်
ကူငြိမ်းပါလှဲ့.. ရင်တွင်းမီး..။

**********

Monday, February 25, 2008

သူငယ်ချင်းသို့ပြန်ပေးစာ(၁)

*************
princeocean
*************
သူငယ်ချင်း အာသီသ၊
မင်းရဲ့  စာကိုငါ ဖတ် ရ ပါ တယ် ။မင်း အဆင် ပြေ တယ်ဆို လို အရမ်း ၀မ်း သာ ပါ တယ် သူငယ်ချင်း။ ငါ ကို သတိ တယ မင်း ရဲ့  ကိုယ်ပိုင် အ ချိန် တွေကို သုံး ပြီး စာ တွေ ရေး တဲ့ အတွက် လဲ ကျေး ဇူး အထူး တင်ပါ တယ်။ ဒါပေမဲ့လည်း ငါစာချက်ချင်း မပြန်ရေးနိုင်တာကိုတော့ ခွင့်လွတ်စေချင်တယ်။ အကြောင်း တွေကတော့ ဒီမှာက မင်းတို့ ရေး တဲ့စာတွေကို ငါ တိုတွေဖတ်လို့  ရ အောင် မနည်း ကြိုး စား ရ တယ်။ပြန်ပြီး မင်း ရဲ့  ဘလော့မှာ ပြန်စာရေး ဖို့ ဆိုတာ ကတော့ အတော်ကို ကြိုးစား ရ ပါ တယ်။ မင်း လဲသိပါ တယ်။ ငါ ဆင်ခြေ ပေး တာ တော့ မဟုတ် ပါ ဘူး။ တို့ ဆီမှာ က ဒီ လို ဘဲ မဟုတ် လား။

ငါ မင်း တိုအတွက် အများ ကြီး ၀မ်း သာ ဂုဏ် ယူ မိ ပါ တယ်။ မင်း တို့  တတွေ ဟာ ကိုယ် ရဲ့  ယုံ ကြည် ရာ ကို ဆုံး ဖြတ် ချက် သေသေချာ ချာ ချ ပြီး အောင် မြင် အောင် သေ သေ ချာ ချာ လုပ် ကိုင် တတ် တဲ့ အတွက် ဒီ လို မျိုး မင်း တို တွေ အောင် မြင် တာ ပေါ့။ နောက် တခု က အရေး အကြီး ဆုံး ဖြစ် တဲ့ မင်း တို့  ရဲ့  စိတ် ဓါတ်။ လေး စား ပါ တယ် သူငယ်ချင်း။ အ ရမ်း လေး စား ပါ တယ် သူငယ်ချင်း။ ငါ မင်း တို့ ပေး တဲ့ အဆက် အသွယ် တွေ နဲ့  မင်း တို လို ဖြစ် အောင် ကြိုး စား ပါ မယ့် သူ ငယ် ချင်း။ ဒီ လို မျိုး ဆက် သွယ် ပေး တာ ကို က မင်း တို တာ ၀န် ကျေ ပါ တယ်။

မင်း သိ ပါ တယ် တို့  ဗ မာ တွေ ဟာ နိုင်ငံ ခြား ကို သွား ဖို့  အတွက် ၀န် ဆောင် ခ ဆို တာ ပေး ရ တယ်။ ဂျ ပန် ဆို ရင် အ တော် ကို ပေး ရ တယ် လို့  ကြား တယ် ။ ဒီ လို ဘဲ တခြား နိုင် ငံ တွေဆို ရင် လဲ ပေး ရ တာ ဘဲ ။ ဒါ ကို မင်း တို က ခြေ ဖျက် ပြစ်လိုက် တာ ဘဲ။ ကိုယ့် ရဲ့  ဗမာ တွေ ၊ ဗမာ ပြည် က သူ ငယ် ချင်း တွေ ကို လမ်း ဖွင့် ပေး လိုက် တာ ဘဲ။ ဒါ မှ ငါ တို သူငယ်ချင်း တွေ ရဲ့  မျိုး ချစ် စိတ် ဓါတ်၊ ကို ရဲ့  သူငယ်ချင်း တွေ အလုပ် ကောင်း တွေ ရ ဖို့  အတွက် မင်း တို့  ရဲ့  ဘလော့ တွေ မှာ အ လုပ် ကြော် ငြာ တွေ နဲ့  ပြည့်  နေ ခဲ့  တယ်။ မင်း တို့  ရဲ့  ကိုယ် ပိုင် အ ချိန် တွေ ကို သူငယ်ချင်း တွေ အ တွက် ပေး ဆပ် ခဲ့ တယ်။

ဒီ လို သူငယ်ချင်း ကောင်း တွေ ရ ခဲ့ တဲ့ ငါ တယောက် လဲ ငါ ကံ ကောင်း ပါ တယ်၊ ငါ တို တေ တွ ဟာ အ ခု အချိန် မှာ မင်း ပြော သလို စွမ်း အင်ငတ် မွတ် နေ တဲ့ ကမ္ဘာ ကြီး မှာ လူ သား အရင်း အ မြစ် လဲ ငတ် မွတ် နေ တယ်။ အရည် အ ချင်း နဲ့  ပြည် စုံ တဲ့ သူ တွေ လဲ အ များ ကြီး လို အပ် နေ မှာ ဘဲ။ ငါ တို ရဲ တံ ခွန် မှာ မင်း ပြော သလို ဘဲ မျိုး ဆက် သစ်တွေ ကို နေ ရာ ပေး သင့် ပါ တယ်။ ငါ တို့ အ တွက် က တော့ အနာ ဂတ် ဆို တာ မရှိ သလောက် ဘဲ။ တို ရဲ့  အနာ ဂတ် ကို တိုး တက် ဖို့  အ တွက် ဘယ် သူ ဆီ မှာ မှ တာ ၀န် မရှိ ဘူး။ ငါ တို ရဲ့  တန် ဖိုး ရှိ လှ တဲ့ ပညာ တွေ ကို ငါ တို ဆီ က နေ အလ ကား နီး ပါး ဦးဏောက် ဖောက် စား ခံ နေ ရ တဲ့ ဘ၀ က နေ လွန် မြောက် အောင် မင်း ပြော သ လို ဘဲ လုတ် ရ မှာ ဘဲ သူငယ်ချင်း။

ငါ က ရဲတခွန် ကို ချစ် တယ် ။ ငါ တို ကို ပြု စု ပျိုး ထောင် ပေး ခဲ့ တဲ့ နေ ရာ ဘဲ။ နောက် ပြီး တော့ ကိုယ် ရဲ့  ဗမာ ပြည်။ ကိုယ့် ရဲ့  တိုင်း ပြည် မှာ၊ ဘယ် လောက် စိတ် ချမ်း သာ မ လဲ လို၊ နောက် ပြီး တော့ မင်း တို လို အရည် အချင်း ရှိ တဲ့သူငယ်ချင်းကောင်း တွေ။ ဒါ တွေ ကို ငါ အရမ်း ခင် တွယ် မိ တယ်။ ငါ တို ဗ မာ တွေ ရဲ့  အရည် အချင်း ကို အ သိ အ မှတ် မ ပြု တဲ့ ဒီ လို နေ ရာ မျိုး ကို မင်း ပြော ထား တဲ့  လိပ် စာ တွေ ကို ဆက် သွယ် ပြီး ငါ မင်း တို ဆီ ကို လာ ခဲ့ ပါ မယ် သူ ငယ် ချင်း။

အဝေး မှာ ရောက် ရှိ နေ တဲ့ သူ ငယ် ချင်း များ အား လုံး ကိုယ် စိတ် ချမ်း သာ ရှိ ကြ ပါ စေ လို ဆု တောင်း ပါ တယ်။

မင်း တို ရဲ့ ………….

************