<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Tuesday, April 14, 2009

သို့.....မှ ဇော်ဇော်အောင် (၁)



Hello Buddies,


Happy Thinn Gyan Festival!

Today we celebrated our Yetagun Thinn Gyan started after evening tea break until late. It was very fantastic celebration and everyone on board enjoyed very much the first day of our traditional water festival.

The show was live and amused with non-stop music under the twilight. Most of nationalities enjoyed it including our OIM and supervisors. The Thais lead by Surachi also participated in the celebration actively. And also the most active part was lead by our crew member Ye Lwin., the dancer, from Yetagun organized some live dance.

Catering Crew also provided all kinds of drinks including Soda water; Tonic drinks 100 plus, Diet Cola, Coke and many more.

We have to say sorry for those who left Yetagun who can’t enjoy our traditional water festival. We will continue on tomorrow at the same time at the same place.

Cheers,

ZZ

Saturday, April 11, 2009

နှစ်သစ်ဦးလက်ဆောင်



အကောင်းအကန်း

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
(Biweekly eleven မှကုးယူဖေါ်ပြသည်)

လူဆိုတာ ကောင်းမှုကြောင့် လူဖြစ်လာရတာ။ မကောင်းမှုကြောင့်ဆိုရင်တော့ လူဖြစ်လာစရာ အကြောင်း မရှိဘူး။ မကောင်းမှုကြောင့် ဆိုရင်တော့ အပါယ်လေးဘုံ ရောက်သွားမှာပဲ၊ ငရဲ ရောက်မလား၊ တိရစ္ဆာန်ဖြစ်မလား၊ ပြိတ္တာဖြစ်မလား၊ အသူရကာယ်ဖြစ်မလား၊ မကောင်းမှု ကြောင့်ကတော့ အဲဒီဘုံလေးမျိုး တစ်မျိုးမျိုးရောက်မှာ သေချာပေါက်ပဲ။
ကောင်းမှုကြောင့် လူဖြစ်ရတာ ဆိုတော့ လူသားမျိုးစေ့၊ လူသား အရင်းအနှီးဟာ ကောင်းမှုပဲ၊ ရှေးလူကြီးတို့က မျိုးစေ့ကို ပြုတ်စားမပြစ်နှင့်လို့ ပြောကြတယ်၊ ပဲစိုက်တဲ့ တောင်သူဟာ မျိုးစေ့ အဖြစ်ထားတဲ့ ပဲကို ထပ်မစိုက်ပျိုးဘဲနှင့် ပြုတ်သာစားနေမယ်ဆိုပါက မျိုးစေ့ကုန်သွားရင် ပြီးပြီ၊ မျိုးသုဉ်းသွားပြီ၊ ထပ်စိုက်စရာ မရှိတော့ဘူး။
လူဆိုတာလည်း အတိတ်ကံ အကျိုးပေးလေးကောင်းလို့ အဲဒီအကျိုးပေးလေးနဲ့ပဲ ကျေနပ်နေမယ်၊ သာယာနေမယ်၊ ခံစားနေမယ်၊ နောက်ထပ်အသစ်အသစ် ကောင်းမှုတွေ မပြုတော့ဘူးဆိုရင် မျိုးစေ့ပြုတ်စားနေတာနဲ့ အတူတူပဲ၊ အတိတ်ကောင်းမှု မျိုးစေ့လေး ကုန်သွားရင်တော့ ပြီးပြီ၊ သွားပေဦးတော့ မကောင်းတဲ့နေရာ၊ မကောင်းတဲ့နေရာ ဆိုတာ ဒုဂ္ဂတိပဲ၊ ဒုဂ္ဂတိဆိုတာ အပါယ်လေးပါးပဲ။
ဒါကြောင့် မျိုးမပြုတ်အောင် မျိုးဆက်နေရမယ်၊ ကောင်းမှုတွေ ထပ်ထပ်ပြုနေရမယ်၊ ကောင်းမှုမျိုးစေ့တွေ ထပ်ထပ်ပြီး စိုက်ပျိုးကြဲချနေရမယ်၊ မျိုးမပြတ်စေရဘူး၊ မျိုးပြတ်လို့ မဖြစ်ဘူး၊ အမြဲတမ်းအကောင်းဘက်ကို ဦးတည်ထားရမယ်၊ အကောင်းကိုပဲ အတတ်နိုင်ဆုံး နှလုံးသွင်းရမယ်၊ ကောင်းပြီးရင်းကောင်းရင်း၊ ကောင်းသထက်ကောင်းရင်း၊ အကောင်းပေါ်အကောင်းဆက်လို့ ကောင်းသထက် ကောင်းအောင်လုပ်ကြရင် နောက်ဆုံးအကောင်းဆုံးနေရာ ရောက်မှာပဲ၊ အကောင်းတွေချည်းပဲစုမိလို့၊ မကောင်းတာတွေကုန်သွားရင် ကိစ္စပြီးပြီပေါ့။
ကောင်းမှုကြောင့် လူဖြစ်လာတာဆိုတော့ လူအများစုဟာ လူကောင်းတွေပဲလို့ ပြောလို့ရနိုင်လောက်ပါတယ်။ လူကောင်းက အများစုပါ၊ လူဆိုးကအနည်းစုပါ၊ လူဆိုးဆိုတာလည်း ဆိုးချင်လို့ဆိုးရတာ မဟုတ်ပါဘူး။ စိတ်ဆိုးတွေ ဝင်နေတဲ့အခိုက် လူဆိုးဖြစ်ရတာပါ။ စိတ်ဆိုးတွေ ထွက်သွားရင်တော့ သူလည်း လူကောင်းပါပဲ။ စိတ်ရဲ့ ပင်ကိုသဘောက အကောင်းပါ။ လောဘဒေါသ စတဲ့ကိလေသာတွေ ဝင်ဝင်လာလို့ စိတ်ကဆိုးရတာပါ။ ဒီလိုပဲ လူဆိုတာ သူ့သဘာဝ၊ သူ့သဘော၊ သူ့မူလပင်ကိုက အကောင်းပါ။ စိတ်ဆိုးတွေ ဝင်လာတဲ့ အခိုက်မှာပဲ လူဆိုးဖြစ်ရတာပါ။ ဒါဟာလည်း အခိုက်အတန့် ဆိုတော့ လူက ကောင်းတဲ့အချိန်က များပါတယ်။
လူအများစုဟာ အကောင်းကြိုက်တဲ့ သူချည်းပါပဲ။ အကောင်းမကြိုက်တဲ့သူဆိုတာ မရှိလောက်ပါဘူး။ လူအများစုဟာ ကောင်းကောင်း ဝတ်ချင်တယ်၊ ကောင်းကောင်း စားချင်တယ်၊ ကောင်းကောင်း နေချင်တယ်၊ ကောင်းကောင်း သုံးချင်တယ်၊ အကောင်းဆိုတာတွေ အားလုံးကို လိုချင်တာချည်းပဲ၊ ကောင်းမှုကြောင့် လူဖြစ်ရတာဆိုတော့ အကောင်းကြိုက်တာဟာ မဆန်းပါဘူး။ ဒါ သူ့သဘာဝပါပဲ။
အကောင်းတော့ ကြိုက်ပါရဲ့။ ပိုက်ဆွဲတော့ မလိုက်ချင်ဘူး ဆိုတဲ့ လူကြီးတွေ ဆုံးမစကားတစ်ခု ရှိပါတယ်။ အဓိပ္ပါယ်က ကောင်းကောင်းတော့ ကြိုက်ပါရဲ့ ကောင်းကောင်းတော့ မလုပ်ချင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အကောင်းကြိုက်ရင်တော့ အကောင်းလုပ်ရပါလိမ့်မယ်။ တချို့မိဘတွေက သားသမီးကို ကောင်းကောင်းနေလို့ ဆုံးမကြတာ ရှိပါတယ်။ ကောင်းကောင်း ဖြစ်ချင်ရင်တော့ ကောင်းကောင်း နေကြဖို့ပါပဲ။ ကောင်းအောင်လုပ်ကြဖို့ပါပဲ။ အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပါပဲ။
ဘုရားက အန္ဓသုတ္တန်မှာ လူသုံးမျိုးရှိကြောင်း ခွဲပြပါတယ်။ တစ်မျိုးက ဒွိစက္ခု- နှစ်ဖက်လုံးမြင်တယ်၊ နှစ်ဖက်လုံးမြင်တော့ အကောင်းလို့ခေါ်ရမယ်။ တစ်မျိုးက အန္ဓ - နှစ်ဖက်လုံး မမြင်ဘူး၊ နှစ်ဖက်လုံး မမြင်တော့ အကန်းလို့ ခေါ်ရမယ်။ တစ်မျိုးက ဧကစက္ခု - တစ်ဖက်ပဲမြင်တယ်၊ တစ်ဖက်က မမြင်ဘူး၊ တစ်ဖက်မြင် တစ်ဖက်ကန်းဆိုတော့ မကောင်း၊ မကန်းလို့ခေါ်ရမယ်။ လူက ဒီလို အကောင်းရယ်၊ အကန်းရယ်၊ မကောင်းမကန်းရယ်လို့ သုံးမျိုးရှိပါတယ်။
ဘုရားက မိန့်ရာမှာ အကောင်းဆိုတာ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေကို ရအောင်လုပ်တတ်တယ်။ ရပြီးစည်းစိမ်ဥစ္စာကို တိုးပွားအောင် လုပ်တတ်တယ်။ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိတယ်။ အပြစ်ရှိ အပြစ်မဲ့ကို ခွဲခြားသိတယ်။ အယုတ်အမြတ်ကို ခွဲခြားသိတယ်။ ကောင်းကျိုးဆိုးကျိုးကို ခွဲခြားသိတယ်။ ဒီအရည်အချင်းတွေ ရှိရင် အကောင်းပဲတဲ့။
အကန်းဆိုတာ အထက်ပါအရည်အချင်းတွေ မရှိတဲ့သူပဲ။ မကောင်းမကန်းဆိုတာကတော့ မရသေးတဲ့ စည်းစိမ်ဥစ္စာကိုတော့ ရအောင်လုပ်တတ်တယ်။ ရပြီး စည်းစိမ်ဥစ္စာကိုလည်း တိုးပွားအောင် လုပ်တတ်တယ်။ ဒါပေမယ့် ကိုသိုလ် အကုသိုလ်တော့ မသိဘူး။ အဖြစ်ရှိမရှိကိုတော့မစဉ်းစားဘူး။ အယုတ်အမြတ်ကိုလည်း ခွဲခြားမနေဘူး။ လတ်တလော ကောင်းကျိုးကိုပဲ ကြည့်တယ်။ တမလွန်ကောင်းကျိုးဆိုးကျိုးကို ထည့်မတွက်ဘူး။ ဒီလူဟာ တစ်ဖက်မြင်၊ တစ်ဖက်ကန်းပဲ။ မကောင်းမကန်းပဲ။
အကောင်းက ကုလာအုပ်နှင့်တူတယ်။ အကန်းက နွားမနဲ့တူတယ်။ မကောင်းမကန်းက နွားသိုးနှင့်တူတယ်။ ကုလားအုပ်မှာ နှစ်ဘို့ရှိတယ်။ နွားမမှာ ဘို့မရှိဘူး။ နွားသိုးမှာ ဘို့ရှိတယ်။ ဒါပေမယ့် တစ်ဘို့တည်းပဲရှိတယ်။
လူမှာမျက်လုံး နှစ်လုံးပါတယ်။ တစ်လုံးက လက်ရှိဘဝ ပစ္စုပ္ပန်အရေးကို ကြည့်ဖို့အတွက်ဖြစ်တယ်။ နောက်တစ်လုံးက တမလွန် သံသရာကို ကြည့်ဖို့ဖြစ်တယ်။ တစ်လုံးက ကိုယ့်ဖို့အတွက်ဖြစ်တယ်၊ ကိုယ့်အတွက်ကြည့်ရမယ်။ နောက်တစ်လုံးက သူ့ဖို့အတွက်ဖြစ်တယ်၊ သူ့အတွက်ကြည့်ရမယ်။ တစ်လုံးက အတ္တအတွက်ဖြစ်ပြီး နောက်တစ်လုံးက ပရအတွက်ဖြစ်တယ်။
ပစ္စုပ္ပန်ရေး၊ တမလွန်ရေး အရေးနှစ်ပါးလုံးကို သိတတ်၊ မြင်တတ်၊ ကြည့်တတ်တဲ့သူဟာ အကောင်းပဲ။ ကိုယ့်အရေး၊ သူ့အရေး အရေးနှစ်ပါးလုံးကို သိတတ်၊ မြင်တတ်၊ ကြည့်တတ်တဲ့သူဟာ အကောင်းပဲ။ အတ္တပရ ကိုယ့်ဖို့၊ သူ့ဖို့ နှစ်ဖို့မျှပြီး သိတတ်၊ မြင်တတ်၊ ကြည့်တတ်၊ လုပ်တတ်တဲ့ သူဟာ အကောင်းပဲ။
အိမ်တအိမ်ကောင်းဖို့အတွက် အကောင်းတွေများများလိုတယ်။ ရပ်ကွက်တစ်ခုမှာ၊ ကျေးရွာတစ်ရွာ၊ မြို့နယ်တစ်ခု၊ တိုင်းတစ်တိုင်း၊ ပြည်တစ်ပြည် ကောင်းဖို့အတွက် အကောင်းတွေ များများလိုတယ်။ လူနဲ့လူ့ဝန်းကျင်ကို ကောင်းအောင်လုပ်ဖို့ဆိုတဲ့ နေရာမှာ နွာထီးအဖြစ်နဲ့လည်း လုပ်လို့မရဘူး၊ နွာမအဖြစ်နှင့်လည်း လုပ်လို့ မရဘူး။ ကုလာအုပ်အဖြစ်နှင့်သာ ကောင်းအောင် လုပ်လို့ရမယ်၊ တိရစ္ဆာန်နှင့် နှိုင်းလို့ စိတ်တော့မရှိပါနဲ့၊ ဘို့ရှိတဲ့ သတ္တဝါတွေမို့ ထင်လွယ်မြင်လွယ်အောင် ဥပမာပေး ပြောရတာပါ။
လူတိုင်းဟာ အတ္တရှိကြတော့ အတ္တအတွက် ကြည့်ကြတဲ့ သူတွေချည်းပဲ။ ဒါပေမယ့် အတ္တချည်း ရှင်သန်လို့ ရတာမှ မဟုတ်တာ၊ အတ္တဆိုတာ ပရနှင့်တွဲ ရှင်သန်ကြရတာ။ ဒီတော့ အတ္တပရမျှလုပ်ကြရတာပေါ့၊ အတ္တအတွက်ချည်း လုပ်နေရင် အဲဒီအတ္တဟာ မကြာခင် ပျက်စီးသွားမျာပဲ။ အတ္တကို ကောင်းစေချင်ရင် ပရပါကောင်းအောင် လုပ်ပေးမှရတယ်။
ပရကို ကောင်းအောင် လုပ်ပေးတယ်ဆိုတာလည်း နောက်ဆုံးတော့ အတ္တအတွက်ပါပဲ။ အလောင်းတော်တို့က ပထမလောကတ္တစရိယာ - လောကအတွက်၊ အများအတွက် ကောင်းအောင်းလုပ်တယ်။ ဒုတိယ ဥာတတ္ထစရိယာ - လူမျိုးအတွက်၊ ဆွေမျိုးအတွက် ကောင်းအောင်လုပ်တယ်။ အဲဒါနှစ်မျိုး ကောင်းအောင်လုပ်တာနဲ့ပဲ နောက်ဆုံး ဗုဒ္ဓတ္ထစရိယာဆိုတဲ့ ကိုယ်ကျိုးက သူ့အလိုလိုပြီးရတာပါ။
အစစ်အမှန်ကိုယ်ကျိုးဆိုတာက သူ့ကျိုးကိုလုပ်မှရတာပါ၊ သူ့ကျိုးကို လုပ်လို့ ရလာတဲ့ ကိုယ်ကျိုးသည်သာ ကိုယ်ကျိုးအစစ်ပါ။ သူ့ကျိုးမပါတဲ့ ကိုယ်ကျိုးသက်သက်ကတော့ ကိုယ်ကျိုးအစစ် မဟုတ်ပါဘူး။ နီတိဆရာတို့က”သူ့ကျိုးကို မဆောင်ရွက်သူအတွက် ကိုယ်ကျိုးဆိုတာ လုံးဝမရှိဘူး။ ဒါဟာ သွေးထွက်အောင်မှန်တဲ့ အမှန်တရားလို့ လက်ရုံးတစ်ဖက်မြှောက် ကြွေးကြော်လိုက်ပါ”ဟု ဆိုခဲ့ကြသည်။ ခရီးသည်ကို တစ်ဖက်ကမ်းကို လိုက်ပို့တဲ့ လှေသမားဟာ ပို့တာကတော့ ခရီးသည်ကို ပို့တာပါ။ ဒါပေမယ့် ကိုယ်လည်း ဟိုဘက်ကမ်းကို အရောက်သွားတာပါ၊ အကောင်းတွေပေါများပါစေ၊ အကောင်းတွေ ကောင်းအောင်လုပ်နိုင်ကြပါစေ။

Wednesday, March 25, 2009

ဝမ်းနည်းမှတ်တမ်း

***************
အာသီသ
***************

Dear all,
It is with regret to inform you all that Commander (Retd.) Sein Win (MN), age (73), father of Yan Naing Win, Snr Exe, Mechanical Engineering - Rotating, RIE Department - passed away at 11:35 am yesterday at Shwe Gone Dine Specialist Centre.
The funeral service will be held at 5.00 pm
on 24th March, 2009 (Tuesday) at Yaeway Cemetery.
Office cars will depart at 3:45 pm
.
We are sure you will all join with us in offering our heartfelt sympathy and deepest condolences to Yan Naing Win and the bereaved family.

Sincerely,

HR Services & Relations
Human Resource Management Department


***************

" ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ခဲ့၊ သူငယ်ချင်းလည်း ဖြစ်တဲ့ ကိုရန်နိုင်ဝင်းရဲ့ ဖခင် ဦးစိန်ဝင်း ကွယ်လွန်သွားကြောင်း ကြားရတဲ့ အတွက် ကျန်ရစ်သူမိသားစု နှင့် ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်... "


မိသားစုနှင့် ထပ်တူထပ်မျှ ဆိုတဲ့ စကားက နည်းနည်းလေး ပိုများပိုနေမလား ဒီနေရာမှာ ဆိုစရာ ရှိပါတယ်။ ကျွန်တော်ကတော့ ပိုတယ်လို့ မထင်မိပါဘူး။ ဘာကြောင့်လည်းဆို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော်လည်း ရန်နိုင်ဝင်းလို အဖြစ်မျိုး ကြုံခဲ့ရလို့ပါပဲ။ လောကမှာ အဖေဆိုတာ အနန္တဂိုဏ်းဝင်ပဲ မဟုတ်လား။ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု့ကြီးပဲပေါ့။ အခုချိန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေနိုင်လို့သာ ရွှေတောင်ကြီးလို့ တင်စား မခံရတော့ပေမယ့်လည်း ရွှေတောင်ကြီးပါပဲ။ ဒီနေရာမှာတွေးစရာ ဖြစ်လာတာက သေချင်းတရားဆိုတဲ့ ဘယ်သူမှ(ဘုရားရှင် အပါဝင်) ရှောင်လွဲ့လို့မရတဲ့ အရှိတရားပါပဲ။ အောက်မှာဖေါ်ပြထားတဲ့ ကိုအောင်ဘော်ဟိန်းရဲ့ စာထဲကလိုပေါ့။


Hi Nyi Nyi

Everybody got queue number and waiting for their own turn. Anyway so sad on behalf of Yan Naing Win who lost his father,can never be replaced in life again.

Best Regards

Aung Baw Hein

S'pore


သူ့စာကို တိုက်ရိုက် မတောက်တခေါက် ဘာသာပြန်ကြည့် ရရင်တော့ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်နံပါတ် ရှိပြီးသား၊ အားလုံး အလှည့်ရောက်ဖို့ကို စောင့်နေရတာလို့ ဆိုလိုတာပါ။ မှန်ပါတယ်။ ဒါဟာလည်း လူသားအားလုံး နားလည် သဘောပေါက်ထားတဲ့ အရာပဲမို့ ဘယ်သူမှ ထူဆန်းတယ်လို့ မထင်ဘူး။ ဒါပေမယ့် ဖတ်ဖူးတဲ့ စာထဲက စာပိုဒ်တစ်ပိုဒ်ကို ဒီနေရာမှာ ထည့်ပြောကြည့်ချင်ပါတယ်။ မှတ်ဥာဏ်တွေ တိမ်လာလို့ ဘယ်သူပြောလည်း ဆိုတာ ပြန်ရှာကြည့်ရပါအုံးမယ်။


“ လူတွေဟာ သေမိန့် ကျထားပြီးသားတွေပဲ့မို့ တဖြုတ်ဖြုတ် ကြွေနေတာ ဘာမှ မထူဆန်းပါဘူး.. အဲ ဒါပေမယ့် ထူးဆန်းတာက ကိုယ့်အနားမှာ တဖြုတ်ဖြုတ် သေနေတာ မြင်နေ တွေ့နေ ရတာတောင် ကိုယ်မသေတော့မယ့် ပုံစံ ချိုးနေကြတာပါပဲ..တဲ့။


တော်တော် မှတ်သားစရာကောင်းတဲ့ စကားလေးပါ။ အဲဒီစာပိုဒ်ကလေးကို ဖတ်ပြီးကတည်းက ကိုယ့်ကိုကိုယ် လေ့လာကြည့်ပါတယ်။ သူပြောတာ အမှန်ပါပဲ။ သွေထွက်အောင် မှန်တယ်လို့ပြောရင် မလွန်ဘူးထင်ပါရဲ့။ မွေးစကတည်းက ပညတ်နယ်မှာ ကျင်လည် လာရတော့ ပညတ်ထားတာတွေကိုပဲ အရှိတရား အမှန်တရားပဲလို့ လက်ခံခဲ့တယ်။ အားလုံးဟာ ငါပိုင်ငါဆိုင်လို့ပဲ ထင်ခဲ့တယ်။ ငါ့အိမ် ၊ ငါ့ယာ ၊ ငါ့သား ၊ ငါ့သမီး ငါ့ဥစ္စာ ငါ့အတ္တ ငါ့သိက္ခာ..အိုး.. ငါချင်းကို ထပ်နေတော့တာပါပဲ။ အခုထိလည်း သားရေးသမီးရေး စီးပွါးရေးထဲကနေ ရုန်းမထွက်နိုင်သေးပါဘူး။ ထားခဲ့ရမှာတွေကို တသက်လုံး မပျောက်မပျက် မဆုံးရှုံးတော့မယ့် အတိုင်း အရာရာကို ခိုင်တယ် မြဲတယ်လို့ပဲ မှတ်ယူခဲ့ပါတယ်။ ဒီထက်ပိုဆိုးတာက လောဘ ၊ ဒေါသ ၊ မောဟ ၊ တဏှာ ၊ မာန ၊ ဒိဠိ ၊ စတာတွေနဲ့ပဲ မနက်မိုးလင်းကနေ မိုးချူပ် ပေါင်းဖက်နေရတယ်။ မသိမှု့ဆိုတဲ့ အဝိဇ္ဇာ(သို့)မောဟက ဖုန်းလွမ်းထားနေလေတော့ လှိုင်းထနေတဲ့ ရေပြင်မှာ ကိုယ့်ရုပ်ကိုယ်ကြည့်လျှင် ဘာမှ မမြင်ရတော့သလိုမျိုး ကိုယ်ဘာလုပ်နေတယ် ဘာစိတ်တွေ ပေါ်နေတယ် ဆိုတာကိုတောင် သတိမပြုမိ နိုင်တော့ဘူး။ အဲဒီတော့ သီးခံခြင်းတရား ၊ ဂါရဝတရား ၊ ဗြမ္မာစိုရ်တရားတွေ ဖြစ်တဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ၊ ဥပက္ခာ စတာတွေ ကိုတောင် အဖေါ်မလုပ်နိုင်တော့ဘူး။ ကိုယ့်အကျိုးစီးပွား ထိခိုက်လာရင် အားလုံးဟာ ရန်သူဖြစ်လာတယ်။ ကိုယ့်နှင့် အမြင်ချင်း မတူသူကို ရန်သူလို့ သတ်မှတ်တယ်။ ကိုယ့်ထက် သာသွားတဲ့ သူအပေါ် ကျေးဇူးပြုဖူးသူပင် ဖြစ်လင့်ကစား မုဒိတာ မပွားနိုင်တော့ဘူး။ ဒါဟာ မသိမှု့ အကြောင်းကြောင့် ဖြစ်တဲ့ သမုဒယအကျိုးဆက်တွေပဲ။ တမလွန်ဘဝကို ယုံးကြည်သူ ဗုဒ္ဓဘာသာ တစ်ယောက်အနေနှင့် ဒါဟာ အပယ်ကို ဇောက်ထိုးကျမယ့် ကမ္မသတ္တိပဲ။ လောဘနှင့်ဖက်ပြီးသေရင် မုချပြိတ္တာ၊ ဒေါသနှင့် ဖက်ပြီးသေရင် မုချ ငရဲ၊ မောဟနှင့် ဖက်ပြီးသေရင် မုချ တိရစ္ဆာန် ဖြစ်ရမယ် ဆိုတာကိုသာ အကြွင်းမဲ့ ယုံကြည်မယ်ဆိုရင် ကိုယ်ရဲ့ နေ့စဉ်ပြုမှုမှု့တွေဟာ အပယ်ကနေကို မလွတ်ဘူး။ လုပ်သမျှ အားလုံးဟာ အပယ်ကျဖို့ချဉ်းပဲ။ ဒါကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက လက်သဲခွံပေါ် မြေမှုန့်တင်ပြီး အထက်တက်မယ့် သူနှင့် အောက်ဆင်းမယ့် သူ အရေအတွက် ဘယ်လောက်အထိ ကွာခြားတယ်ဆိုတာ သိသာထင်ရှားအောင် ပြခဲ့တာပဲ။ လက်သဲခွံပေါ်တင်ကျန်နေခဲ့တဲ့ အရေအတွက်သာ ကောင်းရာသုဂတိကို လားနိုင်ပြီး နှစ်သိန်းလေးသောင်းထုရှိတဲ့ မြေကြီးလောက်ပမာဏကတော့ အပယ်လားမယ့် သူတွေလို့ ဟောခဲ့ပါတယ်။ ဘယ်လောက်ကြောက်စရာ ကောင်းလိုက်သလဲ။


အမှန်တကယ်တော့ သူများသေတာကိုပဲ ကြည့်မနေပဲ ကိုယ့်ကိုကိုယ် ပြန်ကြည့်တတ်ရင် အမှန်တကယ် ဥာဏ်မျက်လုံးနှင့် ကြည့်တတ်မယ်ဆိုရင် ကိုယ်လည်း စက္ကန့်နှင့် အမျှ သေနေတာကို တွေ့ကြရမှာပါ။ ဒီနေရာမှာ အကျွမ်းတဝင် မရှိခဲ့ရင် မျက်စိလည်သွားနိုင်ပါတယ်။ သမုတိနယ်ကို ကျော်ပြီး ပရမတ်ကို မြင်အောင်ကြည့်မယ်ဆို ရုပ်တရားနှင့် နာမ်တရားကလွဲ ဘာမှမရှိတာကို တွေ့ကြရမှာပါ။ ရုပ်နာမ်နှစ်ပါးရဲ့ ဖြစ်လိုက်ပျက်လိုက်ဆိုတဲ့ ဖြစ်ပျက်အစဉ်ကြီးဟာ မြန်ဆန်လွန်းတာက တစ်ကြောင်း၊ မမြင်နိုင်အောင် အဝိဇ္ဇာက ဖုန်းလွမ်းထားတာက တစ်ကြောင်းတို့ကြောင့်သာ သတိမထားမိကြတာပါ။ ဘုရားဟော အရ ဆိုပါမူ မျက်စိတမိတ် လက်တစ်ဖျစ် အချိန်အတွင်း ရုပ်က ကုဋေငါးထောင် ပျက်ပြီး နာမ်က ကုဋေတစ်သိန်းပျက်တယ်လို့ ဟောထားပါတယ်။ အဲဒီတော့ ကိုယ့်အသေကိုသာ မြင်အောင် ခန္ဓာဥာဏ်ရောက် ကြည့်နိုင်မယ်ဆို သေတာဟာ ဘာမှမထူးဆန်းသလို ရထားတဲ့ ခန္ဓာဟာလည်း အနိစ္စ ၊ အနတ္တတရားနှင့် ဒုက္ခတုံးကြီးပဲမို့ ငါဆိုတဲ့ သက္ကာယ ကိုစွဲလန်းတဲ့ ဒိဠိပြုတ်အောင် ခွာနိုင်ခဲ့လျှင် အထက်မှာဖေါ်ပြထားတဲ့ မသေတဲ့ အချိုးမျိုးတွေ မချိုးတော့ပဲ သစ္စာမြင် ဒိဠိစင်တဲ့ သာဝက အဖြစ်ကို အမှန်တကယ် ရောက်ရှိအောင် အားထုတ်ရမှာက ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘဝအဓိပ္ပါယ် ဘဝသစ္စာပဲ မဟုတ်ပါလား…….။


နောက်ဗုဒ္ဓဘာသာဝင်တွေ အနေနှင့် သိထားသင့်တာက ကိုယ့်အဖေ ကိုယ့်အမေ နှင့် ကိုယ် ချစ်ခင်တဲ့ သူတွေရဲ့ ကောင်းကျိုးကို လိုလိုလားလားနှင့် ကျေးဇူးဆပ်ချင်တယ်ဆိုရင် အထိရောက်ဆုံးနှင့် အကျိုးရှိဆုံးက မိမိတို့ မိဘတွေ ချစ်ခင်သူတွေကို ဝိပဿနာ တရား အားထုတ်နိုင်ဖို့ တိုက်တွန်း နိုးဆော် အကူအညီပေးခြင်းပါပဲတဲ့။ ဘဝဆို ဘယ်ဘဝရရ(နတ်ဘဝ ၊ ဗြဟ္မာဘဝ အပါအဝင်) အို နာ သေ ဆိုတဲ့ ဘေးဆိုးကြီးကနေ မလွှတ်နိုင်သမို့ ဘဝရတိုင်းရတိုင်း ဒုက္ခတွေချည်းပါပဲ။ အဲဒီဒုက္ခသစ္စာကိုသာ မြင်အောင် ကြည့်တတ်မယ်ဆို ဘယ်ဘဝကိုမှ မလိုချင်တော့ပဲ ဘဝတဏှာ ပြတ်တဲ့ နည်းလမ်းကိုသာ ရှာဖွေချင်စိတ် ပေါ်လာပါလိမ့်မယ်။ အဲဒီနည်းလမ်းကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့် ကျင့်ကြံပီး ရှာဖွေတွေ့ရှိကာ လူသားအားလုံးကို ဝေငှထားပြီးသားမို့ မသိသူကျော်သွား သိသူဖေါ်စားရုံပဲ ရှိပါတော့တယ်။ ဒီတော့ ဒုက္ခချုပ်ချင်လျှင် ဒုက္ခကိုဖြစ်စေတဲ့ သမုဒယတွေကို မဂ္ဂင်ဆိုတဲ့ ဓါးနှင့် ပိုင်ပိုင်နိုင်နိုင် နည်းလမ်းမှန်မှန် ဇွဲရှိရှိ သမာဓိကောင်းကောင်းနှင့် ပိုင်းဖြတ် နိုင်လိုက်ပါမူ နိရောဓ ဆိုတာ (၇) ရက်အတွင်း သို့မဟုတ် (၇)လအတွင်း သို့မဟုတ် (၇)နှစ်အတွင်း ကျိမ်းသေ ရောက်နိုင်တယ်လို့ အာမခံထားတယ်ဆိုပဲ… ။ ဒီတော့ အို ၊ နာ ၊ သေ စတဲ့ ဒုက္ခချုပ်ရာ နေရာ အမှန်တကယ်ရှိသလို နည်းလမ်းလည်း တကယ်ရှိတယ်ဆိုတာ လမ်းပြတဲ့သူက ပြထားပြီးပြီ ၊ သူ့တာဝန် ဒီတွင်ပြီးပြီ။ ဟုတ်မဟုတ်ကိုတော့ အလုပ်နှင့် စမ်းသပ်ကြည့်ရင်း ဆုံးဖြတ်ချက် ချကြတာ ပိုကောင်းလိမ့်မယ် ထင်ပါတယ်…နော။။။




Friday, January 2, 2009

ဟယ်လို..ဟယ်လို Happy New Year


မနက်မိုးလင်း အိမ်ရာကထ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး အလုပ်ဆင်းဖို့ တံခါးဖွင့်လိုက်ချိန် ရုတ်တရက် မြူပေါက်လေးတွေရဲ့ နမ်းရှိုက်ခြင်းကို ခံလိုက်ရတဲ့ အတွက်..စိတ်ထဲမှာ ပေါ့ပါးခြင်းများစွာ တခဏတာ ရလိုက်တော့..အော် တစ်ဆောင်းသစ်ပြန်ပြီ။ ပူပြင်းလွန်းတဲ့ နွေရာသီကို နုတ်ဆက်တဲ့ အနမ်းတွေပဲလား..မလင်းတလင်း အလင်းရောင်တွေအောက် ပြေးလွား မြူးတူးနေတဲ့ မြူမှူန်တွေဟာ လောကတခွင်လုံးကို ဖုန်းလွမ်းနေလိုက်တာ မနာလိုချင်စရာ.. အချုပ်အနှောင် ထဲက ရုန်းထွက်လွတ်မြောက် လာလေဟန် အမူအရာတွေနှင့်..အလှည့်ကျ မနွဲ့စတမ်း ဆိုပြီး ကောင်းကင်ပြင်ကို မင်းမူ ထားတာများ...ပေ၁၀၀ တစ်တိုင်ကျ ထွန်းထားတဲ့ နီယွန်မီးတွေတောင် အမှေင်ခွင်း အလင်းမဆောင် နိုင်ရှာကြဘူး...ပူပြင်းလှတဲ့ ကန္တာရ နွေရာသီကို မုန်းမိပေမယ့် ဆောင်းကိုတော့ ဘယ်လောက်အေးအေး အချစ်သား...ဒါပေါ့လေ..အေးမြခြင်း ငြိမ်းချမ်းခြင်း သောကကင်းဝေခြင်း စတဲ့ ပူလောင်ခြင်းကို ကျောကပ်ထားတဲ့ ဆန့်ကျင်ဘက် ဖြစ်တည်မှူ့တွေကို ဘယ်သူမကြိုက် ရှိပါ့မလဲ….။

ရုံးခန်းထဲ ရောက်လို့ နေ့စဉ် မှတ်တမ်း စာအုပ်က ရက်စွဲကို ကြည့်မိလိုက်တော့.. ဒီဇင်ဘာ ၃၁…ဟုတ်ပေသားပဲ ဒီနေ့ ၂၀၀၈ ရဲ့ နောက်ဆုံးနေ့..ဒီည ၂၀၀၉ ကို ကြိုဆိုရမယ့်ည..အလုပ်များလွန်းလို့ အားချိန် မရှိဖြစ်နေလို့ သတိ မထားမိတာ မဟုတ်..အချိန်နာရီ ရက်စွဲတွေကို အားလုံး ခဏ မေ့ထားလိုက်တာ..အကြောင်းရင်းက ခွင့်ပြန်ချိန် နီးနေလို့..အချိန်ဆိုတာ တွက်နေလေ ကုန်ခဲလေလေ ဟုတ်စ..မနှစ်က New Year ကို ဒူဘိုင်းမှာ ပြား၈၀တန် လ္ဘက်ရည်ကို သောက်ရင်း မီးရှူးမီးပန်း ဖောက်တာကို ကြည့်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့တယ်…ဒီနှစ်တော့ ကန္တာရ ခေါင်ခေါင်ထဲကိုလည်း ရောက်နေ…. on duty လည်း ဖြစ်နေလေတော့ ကိုယ်နှင့် မဆိုင်သလို နေရင်းက ဂျီမေး အားကိုးနှင့် ဆုတောင်းတချို့ကိုပဲ ဖြန့်ဝေ နေခဲ့မိတယ်။ အားလပ်လို့ သတင်းစာဖတ်ချိန် ဒူဘိုင်းမှာလုပ်မယ့် နှစ်သစ်ကြိုဆိုပွဲ အားလုံးကို ဖျက်သိမ်းမယ် ဆိုတဲ့ သတင်းကို မျက်နှာဖုံးမှာ ဖေါ်ပြထားတော့ အနတ္တသဘော ကို တွင်တွင်ကြီး ဆင်ချင်မိရင်းက ကိုယ်အတွက် မထူးပေမယ့် ကဲမယ့်တကဲကဲ ပြင်နေတဲ့ အသိ သူငယ်ချင်း ယောင်းရင်း တွေကို ဝေငှချင်တာနှင့် အော်လိုင်းပေါ်တက် မေးကိုဖွင့်ပြီး လင့်ခ် ပေးလိုက်ပါတယ်။ အစ္စရေးကြောင့် ပါလက်စတိုင်း ခံနေရတော့ မူဆလင်နိုင်ငံ တစ်နိုင်ငံ အနေနှင့် လုပ်သင့်လုပ်ထိုက် တာကို လုပ်လိုက်တာလို့ ဖေါ်ပြထားပါတယ်။

နေ့လည် ၂ နာရီလောက် ရောက်တော့ ဘီယာတွေ ဝိုင်တွေ သစ်သီးခြင်းတွေ ချော့ကလက်တွေ လာပို့တာတွေ့တယ်။ ဒီည နှစ်သစ်ကြိုဆိုပွဲ အတွက်တဲ့။ အလိုက်သိတဲ့ ကုမ္ပဏီ အကြီးအကဲ တွေကိုတော့ ကျေးဇူးတင်ပါတယ်..ဒါပေမယ့် လူက နှစ်ယောက်တစ်ပိုင်းပဲ ရှိတော့ အစားအသောက်တွေဟာ အထီးကျန် ဆန်စွာနှင့်ပဲ တို့ထိသူမဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ ညနေပိုင်း ရောက်တော့ ကားကြုံတာနှင့် မကဲတော့ဘူးလို့ ဆုံးဖြတ်ထား ပေမယ့်လည်း တစ်နှစ်မှ တစ်ခါမို့ တစ်ရက်လောက် အိပ်ရေးပျက်တာ ဘာမှ မဖြစ်လောက်ဘူး ဆိုပြီး ပေပေတေတေ ဒူဘိုင်းသွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ လမ်းတစ်လျှောက်လုံး မြူတွေ ဖုန်းနေလိုက်တာ တော်တော်နှင့် ခရီးမရောက်ဘူးပေါ့..။ အချိန်က နည်းနည်း စောနေသေးတော့ စိတ်သက်သာရာ ရပါရဲ့…။ Happy New Year ကို ကားပေါ်မှာပဲ အော်လိုက်ရမှာကို စိုရိမ်ရပြန်တယ်။ တော်သေးတာက အချိန်မီ ရောက်သွားတာပါပဲ။ ဟိုရောက်တော့ အားလုံး ရေချိန်ကိုက်နေကြပြီ..။ မြန်မာ ကာရာအိုကေ သီချင်းသံတွေလည်း မိုးထိညံနေပြီ..။ မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ အရက်ကို အဲဒီညမှာ ရေမရောပဲ နှစ်ခွက်တိတိ ကျူးလွန်လိုက်ပါတယ်။ နည်းနည်း သွေးဆူလာလို့ နာရီကြည့်တော့ ၁၂နာရီ ထိုးခါနီးပြီမို့ ဆူညံနေတဲ့ အခန်းထဲက ထွက်ပြီး ဖုန်းထဲမှာရှိတဲ့ နံပါတ်တွေ အားလုံးကို တစ်ခုချင်း ဆက်ရင်း စတင် နောက်ယှက်ပါတော့တယ်။ အိပ်နေတဲ့ သူတွေကို လည်း မရမက နိုးရင်းပေါ့။ တစ်နှစ်မှ တစ်ခါပဲလေ.. သူတို့နားလည်တန် ကောင်းပါရဲ့…။


ဟယ်လို.. ဟယ်လို… “Happy New Year…! “

Sunday, October 19, 2008

အမှတ်တရ အလွဲများ

ကွယ်လွန်သူ စွယ်စုံရ အနုပညာရှင် ကိုငှက် (ကိုထူးအိမ်သင်)ရဲ့ “တစ်နေ့စာ အလွဲများ” ဆိုတဲ့ သီချင်းကို အလွန် သဘောကျ ခဲ့ဖူးတယ်။ လူတိုင်း လူတိုင်း အလွဲတွေ၊ တလွဲတွေ၊ မလွဲမသွေ ကြုံဖူး လိမ့်မည်လို့ ယုံကြည်ပါတယ်။ တချို့ အလွဲတွေဟာ ရိုးရှုင်း ပေမယ့်လည်း တစ်ချို့ အလွဲတွေ ကတော့ မထင်မှတ်ပဲ ဘဝကို အကြီး အကျယ် ထိခိုက်တဲ့အထိ ကြုံသွား ရနိုင်တဲ့ ဟာမျိုးတွေပါ။ အဲ.. တစ်ချို့ အလွဲတွေ ကျတော့လည်း ငိုရမလို ရည်ရမလို အလွဲမျိုး။ ယူအေအီးမှာ နေခဲ့တဲ့ ကာလ တစ်လျှောက် ကြုံခဲ့ရတဲ့ အလွဲ တစ်ချို့ကို ပြောပြရလျှင်တော့…

~ အကူအညီလား..အကြွေးလား ~

ရှေပင်မော တစ်ခုကနေ ဈေးဝယ်ပြီး ကားဆီထွက်အလာ ကားထဲကို ပစ္စည်းတွေ ထည့်နေတုန်း ကားတစ်စီး ရောက်လာ၍..
“နောက်ရှက်မိတဲ့ အတွက် တောင်းပန်ပါတယ်။ စကားနည်းနည်း ပြောလို့ ရမလား”
အာရပ်သံနှင့် ပြောလာတဲ့ အင်္ဂလိပ် စကားကြောင့် ကျွန်တော် လှည့်ကြည့် လိုက်မိ၏။ စကားစ ပျိုးလာသူကား အသက် ၃၀ ဝန်းကျင်ခန့်ရှိ အာရပ် တစ်ယောက်။ သူက ကားမောင်း သူ။ သူ့ဘေးမှာ အသက် ၆၀ အရွယ် အဖွားအိုတစ်ဦး၊ ပြီးတော့ နောက်ခန်းမှာ ခေါင်းမြီးခြုံ အာရပ်မ နှစ်ယောက် ထိုင်နေတာ သတိထားမိ၏။
“အင်း.. ပြောပါ”
“ခင်ဗျား အင်္ဂလိပ်လို ပြောတယ် မဟုတ်လား”
“အင်း.. ပြောပါတယ်”
“ဒီလိုဗျာ.. ကျွန်တော်က အိုမန်က လာတာ… ဒီကို လာလည်တာ.. လျှောက်သွားရင်း ပိုက်ဆံအိပ် ပျောက်သွားတော့ ပါလာသမျှ ပိုက်ဆံ ရော ကဒ်တွေပါ အကုန်ပါသွားတယ်.. အခု အိုမန်အထိ ပြန်ရမယ် ဆိုတော့ ဆီလည်း မရှိ၊ ဆီထည့်စရာ ပိုက်ဆံလည်း မရှိလို့ ဖြစ်နိုင်ရင် ကူညီပါအုံး..”
အင်း.. ခက်ပြီ တစ်ကယ်လား လုပ်ဇာတ်လားတော့ မသိ၊ မြန်မာပြည်သား ပီပီ ဒီလို ဟာမျိုးတွေ ကြုံဖန် များနေပြီ။ ဒါပေမယ့် ဒါ မြန်မာပြည် မဟုတ် ၊ သူတို့ တကယ် ဒုက္ခ ရောက်နေတာလည်း ဖြစ်နိုင်ပါတယ်။ တိုက်တိုက် ဆိုင်ဆိုင် ငါနှင့်မှ လာတိုးတယ်။ ထူးတော့ ထူးခြားတယ်။ ဆရာတော် ဘုရားများ ဟောကြားသလို အရင်ဘဝက ပေးဆပ်စရာ အကြွေး ရှိခဲ့လို့ အခုလာတောင်း တာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် တွေးမနေ တော့ပါဘူး၊ အမှန်တကယ် ဟုတ်ရင်လည်း လူတစ်ဘက်သားကို ကူညီရာ ရောက်တဲ့ အတွက် ကုသိုလ်ရတယ်၊ အကယ်၍ လုပ်ဇာတ် ဆိုရင်လည်း အရင်ဘဝက ပေးဆပ်စရာ အကြွေး ရှိခဲ့လို့ ပေးလိုက်ရတာပဲ ဆိုတဲ့ ယောနိသော မနသီကာယ ကို အသင့်တင့် နှလုံးသွင်းပြီးသား ဖြစ်သွားတယ်ဟု ဆုံးဖြတ်ချက် ချကာ ယူအေအီး ပိုက်ဆံ တစ်ရာတန်ကို ထုတ်ပေးလိုက်ပါတယ်။
ပေးလိုက်တဲ့ တစ်ရာတန်ကို အာရပ်က ဖင်ပြန်ခေါင်းပြန် ကြည့်ပြီး..
“ဘုရားသခင် ကောင်းချီး ပေးပါစေ.. ကျေးဇူး အများကြီး တင်ပါတယ်” ဆိုပြီး ထွက်သွားပါတော့တယ်။

~ အာရပ်ရဲနှင့်ကျွန်တော် ~

ယူအေးအီးမှာ နေတယ် ဆိုပေမယ့်လည်း ယူအေအီး ဆိုတာ အမ်းမရိတ် ခုနှစ်ခု ပေါင်းထားတဲ့ နိုင်ငံပါ။ အဲဒီ အထဲမှာ ဒူဘိုင်းတို့ အဘူဒါဘီတို့ လည်း အပါအဝင်ပေါ့။ တော်တော် များများ အမှတ်မှား ကြတာက ဒူဘိုင်းကို နိုင်ငံငယ် တစ်ခုအဖြစ် သိထား ကြတာပါပဲ။ အမှန်တကယ် ကတော့ ဒူဘိုင်းဟာ ယူအေအီး ထဲက အမ်းမရိတ်ငယ် တစ်ခုပါ။ အဘူဒါဘီ ကတော့ ယူအေအီးရဲ့ မြို့တော်ပဲပေါ့။ ဒါပေမယ့် ဒူဘိုင်းကိုတော့ လူသိ ပိုများပါတယ်။ ကျွန်တော် ၆လ လောက်တော့ ဒူဘိုင်းမှာ နေဖူးပါတယ်။ အလုပ်မစခင် ပြင်ဆင်ချိန်တွေ တုန်းကပေါ့။ အခုတော့ အမ်းမရိတ်ထဲမှာ အဆင်းရဲဆုံး အစုတ်ဆုံး ဆိုတဲ့ အူမာကွင်းလို့ အမည်ရတဲ့ အညတရ အမ်းမရိတ် တစ်ခုမှာ နေနေပါတယ်။ ဒါပေမယ့် ကျွန်တော်က နားအေးပါးအေး နေချင်တဲ့သူ ဆိုတော့ အူမာကွင်းကို ဒူဘိုင်းထက် ပို သဘောကျပါတယ်။ လမ်းတွေ အလွန် ကောင်းပြီး ကားအလွန် ရှင်းပါတယ်။ ပင်လယ် ကမ်းခြေမှာ နေတော့ ညနေဘက် အားလပ်တဲ့ အချိန်တွေမှာ စက်ဘီး စီးရတဲ့ အရသာဟာ အလွန် ချိုမြိန်ပါတယ်။ ကားရှင်းပြီး လမ်ကောင်းတော့ အမ်ပီ သရီးကို နားထဲထည့် ကြိုက်နှက်သက်ရာ သီချင်းကို နားထောင်ပြီး လွှင့်ပေတော့။
တစ်နေ့သော အခါမှာတော့ မထင်မှတ်ပဲ အလွဲတစ်ခုနှင့် သွားတွေ့ပါတယ်။ ကျွန်တော်ဟာ အဲဒီလမ်းမှာ စက်ဘီး စီးနေကျ။ လနှင့်ချီ ကြာနေပြီ။ ဘာမှ ပြဿနာ မရှိခဲ့ဘူး။ ဒီလိုနှင့် စီးနေကျ အတိုင်း သီချင်းနားထောင်ပြီး လမ်းအလယ် အမြန်လမ်း အပင်တွေ စိုက်ထားတဲ့ နေရာနား ကပ်ပြီး နင်းနေတုန်း ရုတ်တရက် ရဲကား ရှေ့ကို ရောက်လာလို့ အရှိန်ကို လျှော့ပြီး သတိနှင့် သူတို့ ဘာလုပ်မလဲ ဆိုတာ စောင့်ကြည့် နေပါတယ်။ သိပ်မကြာဘူး ရဲကား မောင်းထွက်သွား ပါတယ်။ အဲ.. ရှေ့ ကိုက် ၁၀၀ လောက် ရောက်တော့ ရပ်ပြီး ဝါနင် မီးပြကာ ရပ်စောင့်နေပါတယ်။ ကျွန်တော်လည်း ခပ်တည်တည်နှင့် ဆက်နင်း လာပါတယ်။ သူတို့နား ရောက်တော့ ရဲက ကားပေါ်က ဆင်းပြီး ကျွန်တော့ကို တားကာ သီချင်း နားထောင်နေတယ် ဆိုလျှင် ညာဘက်ကို ကပ်ပြီး မောင်းသင့်ကြောင်း ပြောပါတယ်။ ကျွန်တော်လည်း သဘောပေါက်ပြီး ညာဘက်ကို ကပ်နင်း ပေးလိုက်ရပါတယ်။ နှလုံးခုံ တာတော့ နည်းနည်း မြန်သွားပါတယ်။ ဒါပေမယ့် မောင်မင်းကြီးသားတွေ ဘာမှ ပြဿနာ မရှာခဲ့ပါဘူ။ ရဲကား ပျောက်သွားတော့မှ သက်ပြင်း ချနိုင် ပါတော့တယ်။


~ ထောင်နုတ်ခမ်းဖျားကကျွန်တော် ~

ဒီအလွဲကတော့ အဆိုးတကါ့ အဆိုးဆုံး အလွဲပါ။ ကျွန်တော့ရဲ့ ကုသိုလ်ကံ ကောင်းလွန်းတာကြောင့် ထောင်ထဲ မဝင်လိုက် ရတာလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုမှ မထင်မှတ်ထား၊ ဘယ်လိုမှ ကြိုမတွေးထား မိတဲ့ ဖြစ်ရပ်တစ်ခုပါ။ ကုမ္ပဏီက ကားလိုင်စင် အတွက် လျှောက်လွာ တင်ထားပေးတုန်း၊ ထင်ထားတာက လိုင်စင်ရုံးသွား လိုအပ်တာကို တဆင့်ခြင်း ဖြေဆိုရမယ် ထင်လို့ ကြိုတင် ပြင်ဆင်တဲ့ အနေနှင့် သူငယ်ချင်း တစ်ယောက်ရဲ့ ကားကို ယူမောင်းမိတာက စတာပါပဲ။ ကျွန်တောတို့ နေတဲ့ နေရာက free zone လို့ခေါ်တဲ့ free port အထဲမှာပါ။ ခြံဝင်း အကြီးကြီး ခတ်ထားပြီး အဲဒီ ဝင်းအတွင်းမှာ နေတာပါ။ ပထမ ၄၊၅ ရက်တုန်းကတော့ ခြံဝင်းရဲ့ အတွင်း လမ်းတွေမှာ စမ်းမောင်းကြည့်တာ။ စမ်းမောင်းတယ် ဆိုတာကလည်း အော်တို ဂီယာ သိပ် မမောင်းဘူးတော့ အထာ သိအောင်လို့ပေါ့။ အဲဒီတုန်းကတော့ ဘာမှ ပြဿနာ မရှိခဲ့ဘူး။ တစ်နေ့ ဖြစ်ချင်တော့ ညဘက် ခြံဝင်း ပါတ်ပါတ်လယ်မှာ လမ်းတွေ့လို့ ၄၊၅ ပါတ် မောင်းတော့မှ ရဲတွေရော အစောင့်တွေပါ ရောက်လာပြီး ပြဿနာ အကြီးအကျယ် ရှာပါတော့တယ်။ အမှန်တော့ အဲဒီလမ်းက ရဲတွေ ကင်းလှည့်ဖို့ ဖေါက်ထားတဲ့ လမ်းတဲ့။ ကျွန်တော်လည်း ဘယ်သိမလည်း။ အခုတော့ ပြဿနာ က တော်တော်ကြီးနေပြီ။ အဆိုးဆုံးက ကျွန်တော့မှာ ကားမောင်းလိုင်စင် မရှိဘူး။ ဒီနိုင်ငံမှာ လိုင်စင် မရှိပဲ ကားမောင်းရင် ထောင်ကျရင်ကျ၊ မကျရင် အိမ်ပြန်အပို့ခံရတယ်တဲ့။ ကိုယ်လည်း မသိဘူးမဟုတ် သိသည်၊ ဒါကြောင့်မို့လည်း လမ်းပြင် ထွက်မောင်းတာ မဟုတ်ပဲ ဝင်းအတွင်းမှာ မောင်းတာ။ သို့ပေသိ ရဲနှင့်မှ ပက်ပင်းတိုးတော့ ဘာလုပ် ရမှန်းမသိ။ ကံကောင်း ချင်တော့ ကျွန်တော်တို့ နှင့် အလုပ် အတူလုပ်တဲ့ ကုလားက လုံခြုံရေး ကုလားကို ကုလားလို ပြောပြီး ကျွန်တော့မှာ လိုင်စင် မရှိတဲ့ အကြောင်း၊ ဒါကြောင့် အာရပ်ရဲကို ကြည့်ဖြီး ပေးပါဆိုပြီး လိုင်စင်ရှိတဲ့ ကျွန်တော့ သူငယ်ချင်းကို ထိုးကျွေး လိုက်တော့မှ နည်းနည်းပါးပါး ဝါနင် ပေးပြီး ရဲက ပြန်သွားပါတယ်။ ဟူး.. ကျွန်တော် အတော် ကံကောင်းတယ် ဆိုရမယ်။ ရဲက ကားသာ မှတ်မိပြီး ညဘက် ဖြစ်နေတာကြောင့် ဘယ်သူမောင်းတယ် ဆိုတာ သေသေချာချာ မသိတာက တကြောင်း၊ လုပ်ဖေါ်ကိုင်ဖက် ကုလားလေးက အကူအညီ ပေးတာက တကြောင်း၊ လိုင်စင် ရှိတဲ့ သူငယ်ချင်းက ဝင်ရောက် အကြွေးခံတာက တစ်ကြောင်း တို့ကြောင့် ဘာမှ ပြဿနာ ကြီးကြီးကျယ်ကျယ် မတက်ပဲ ပြီးဆုံးသွားပါတယ်။ နို့မို့ ပြည်တော်ပြန်မလှ၊ နာမည်ဆိုးနှင့် ကျော်ကြားရတော့မယ့် အဖြစ်။

~ မှတ်တမ်းဝင်သွားတဲ့ကျွန်တော် ~

ယူအေအီးမှာ ကားမောင်း လိုင်စင် ရဖို့ဆိုတာ အခုခေတ် “စလုံး”မှာ PR လျှောက်တာထက် အများကြီး ပိုခက်ခဲတယ်လို့ ပြောရင် ပိုတယ်လို့များ ဆိုကြမလား။ လိုင်စင် ရဖို့အတွက် အနည်းဆုံး တစ်နှစ်လောက် အချိန်ပေး ဖြေဆိုရတယ်လို့ ပြောရင် အံ့သြကြ မလားပဲ။ ဒါတကယ့် အမှန်တရားပါ။ တချို့ဆို ၃ ၊ ၄ နှစ်နေမှ လိုင်စင်ရတယ်လို့ ပြောကြတာ ကြားဖူးပါတယ်။ ဒီနိုင်ငံမှာ ကားကလည်းပေါ ဈေးကလည်းချို လူတိုင်းကလည်း ဘဏ်ချေးငွေနှင့် ဝယ်နိုင်ကြတော့ လိုင်စင်သာ လွယ်လွယ်ကူကူ ထုတ်ပေးလိုက်ရင် တစ်နေ့နေ့ သေမယ့်သူတွေ ဆေးရုံရောက်မယ့် သူတွေ နည်းမှာ မဟုတ်ဘူး။ အခုတောင် မတော်တဆ ဖြစ်မှု့တွေ ခဏခဏ ဖြစ်တာ မျက်မြင် ကိုယ်တွေ့ပဲ။ အဲဒါကြောင့် လိုင်စင်ကို လွယ်လွယ် မထုတ်ပေးဘူးလို့ သိရတယ်။ ဘယ်လောက် ကျွမ်းကျွမ်း အနည်းဆုံး Road Test ချည်းပဲ ငါးခါ ခြောက်ခါ ဖြေမှ အောင်လေ့ ရှိတယ်။ ဖြေချင်တဲ့ အချိန်တိုင်းလည်း ဖြေလို့မရဘူး၊ တစ်ခါ ကျပြီးရင် နောက်တစ်ခါ ပြန်ဖြေဖို့ နှစ်လ သုံးလ အလှည့် စောင့်ရတယ်။ မစောင့်နိုင်ရင် အမြန်ကြေးပေး၊ အမြန်ကြေးကလည်း တနင့်တပိုးကြီးပဲ။ ဘယ်သူမှ မပေးကြဘူး။ ဒီတော့ လိုင်စင်ရဖို့ နှစ်နှင့်ချီ ကြာတာ ဘာဆန်းတုန်း။ အဲ… သိပ်ကံကောင်းတဲ့ ကျွန်တော့ အတွက်တော့ တစ်ပါတ်လောက်ပဲ စောင့်လိုက်ရတယ်ဗျ။ အကြောင်းကတော့ Sheikh လို့ ခေါ်တဲ့ သူတို့ဆီက အုပ်ချုပ်သူ လူတန်းစားတွေရဲ့ လက်မှတ် ပါလို့ပဲ။ ဘယ်လိုရလဲ ဟုတ်လား..။ ကျွန်တော်လုပ်နေတဲ့ ကုမ္ပဏီက အဲဒီ ရှိတ် အတွက် ဒေါ်လာ သန်းနှင့်ချီပြီး ရှာပေး နေလို့ပါပဲ။ ဒီနေရာမှာ ပြောစရာ တစ်ခု တိုးလာပြန်တယ်။ တင်းပေးထားတာ နှစ်ယောက်ဗျ။ တရုပ်တစ်ယောက်နှင့် ကျွန်တော်ပေါ့။ လိုင်စင် သွားထုတ်တော့ တရုပ်က လွယ်လွယ်ကူကူ ရပြီး ကျွန်တော်က လိုင်စင်ရဖို့ နောက်ထပ် နှစ်ရက်လောက် ထပ်စောင့် လိုက်ရပါတယ်။ ဗျာ.. ဘာကြောင့်လည်း ဟုတ်လား.. ဗမာ မို့လို့ပေါ့ဗျာ။။ ဘာဆိုင်လို့လည်း ဟုတ်လား.. ဒါတော့ မသိဘူးဗျ.. ဒါပေမယ့် ကဒ်ထုတ်ပေးဖို့ file ဖွင့်တော့ ဗမာပြည်ဆိုတာ သူတို့ စာရင်းထဲမှာ မရှိလို့တဲ့။ အဲဒီ ပြဿနာကိုလည်း တော်တော် ရှင်းရတယ်။ ပြေလည် သွားပြန်တော့လည်း ဗားမားနှင့် မြန်မာ အမည် နှစ်မျိုး ဖြစ်နေလို့ ဘယ်နံမည်နှင့် ထုတ်ပေးရမလဲ ဆိုတဲ့ ပြဿနာ ထပ် ပေါ်လာပြန်တယ်။ အဲဒီပြဿနာ ပြေလည်သွား ပြန်တော့လည်း ဗမာပြည်က လိုင်စင်ကို ဒဲ့ လဲပေးတဲ့ မှတ်တမ်း မရှိခဲ့လို့ ခွင့်ပြုချက် ယူရအုံးမယ် ဆိုတဲ့ ပြဿနာ ထပ်ပေါ်လာပြန်တယ်။ နောက်ဆုံး တော့လည်း Sheikh လက်မှတ်နှင့် ဆိုတော့ လိုင်စင် ထွက်လာတယ် ဆိုပါစို့။ ကျွန်တော့ အနေနှင့်က Road Signs လေးတွေတောင် မဖြေလိုက်ရပဲ သူများတွေ ငွေကုန်ခံ အချိန်ကုန်ခံ လူအပင်ပန်းခံ ဖြေဆိုတာတောင် တော်တော်နှင့် မရတဲ့ လိုင်စင်ကို ဘာမှ မလုပ်လိုက်ရပဲ ကံကြမ္မာက ယူပေးလိုက်ပါတယ်။ ယူအေအီးမှာ ပထမဦးဆုံးသော ဒဲ့လဲခွင့် ရတဲ့ ဗမာပြည်သား ဖြစ်တယ် လို့လည်း မှတ်တမ်းအရ သိလိုက်ရပါတယ်။ ကဲ.. သံချောင်းတို့ ကံကောင်းချက်များ ပြန်ပြောင်း ပြောရရင်တော့…။ ဒီအလွဲ ကတော့ အလွဲကောင်းလေး ပါပဲဗျာ..နော…။