<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Friday, November 30, 2007

သူငယ်ချင်များသိုပန်ကြားလွှာ

အာသီသကိုမိတ်ဆက်အပြီးရက်ပိုင်းအတွင်းမှာပဲသူငယ်ချင်းတွေရဲ့တုန့်ပြန်မူ့ဟာ
မျော်လင့်ထားတာထက်ပိုအားးရစရာကောင်းနေတယ်၊အားပေးမူ့နဲ့ဆက်လက်
ရပ်တည်သွားမယ်၊အခုထက်ထိတော်တော်များများဝင်မရကြည့်မရတာတွေရှိနေ
သေးတယ်၊နည်းလမ်းသိသူတွေအနေနဲ့မသိသူတွေကိုအကူအညီပေးလိုက်ပါအုံး၊
ဘလော့ဂ်ကအသစ်မို့လို့တချို့အဆင်မပြေတာလေးတွေရှိနေသေးလို့အချိန်
ယူလုပ်နေရ၍အဆင်မပြေတာလေးတွေကိုသီးခံပေးပါလို့။ကျွန်တော်လိုချင်တဲ့
သူငယ်ချင်းတွေရဲ့မွေးနေ့စာရင်းကိုပြုစုပေးတဲ့"မဗင်နီတာ"ကိုအထူးကျေးဇူးပါ
ခင်ဗျား။ဦးလိုင်ဘွားရဲ့စာကိုကျွန်တော်မဖတ်ရသေးခင်ပျက်သွားတယ်၊တောင်းပန်ပါ
တယ်၊ကျေးဇူးပြုပြီးပြန်ပို့ပေးပါအုံးခင်ဗျား၊ကိုရွာဇော်ကြီးရဲ့"အကူအညီလိုနေတဲ့ကလေး
များ"ဓါတ်ပုံတွေအတွက်လည်းကျေးဇူးပါ။ဆောင်းပါးရှင်ကိုဂန္ခဝင်ကိုလည်းဆက်လက်
ရေးပါအုံးလို့။
အာသီသ

Thursday, November 29, 2007

ဖတ်ကြည့်ဖို့



UAE မှာ သူငယ်ချင်းတို့ အလုပ်လုပ်မည်ဆိုလျှင် လိုအပ်သော အရေးကြီးသည့် အချက်တစ်ချို့ ကို ရေးပြချင်ပါသည်။
အလုပ်ရှာသည့်အဆင့် ကိုစရေးပါမည်၊ www.oilcareers.com သည်အတော်ပင် အထောက်အကူ
ပြုသော Internet site ဖြစ်ပါသည်။ အလွယ်တကူ register လုပ်နိုင်ကာ အခမဲ့ဖြစ်ပါသည်။
မြောက်များစွာသော နိုင်ငံတကာမှ အလုပ်နေရာမျိုးစုံ ကိုတွေ့နိုင်၊ လျှောက်ထားနိုင်ပါသည်။
ဤနေရာတွင် တစ်ခုပြောချင်ပါသည်၊ အခကြေးငွေ ဖြင့် register လုပ်ပါက မိမိ၏ CV ကို အလုပ်
ခေါ် Company က အလွယ်တကူဖတ်နိုင်မည်ဖြစ်ပါသည်။
အလားတူ အလုပ်ရှာ Internet site များစွာရှိပါသည်၊ အချို့ကို ဖော်ပြပေးလိုက်ပါသည်။
www.expatsdirect.com
www.worldwideworker.com
www.expatengineer.net

နောက်တဆင့်က တော့ Interview ဖြစ်ပါသည်၊ အလုပ်ခေါ်သည့် Agency သို့မဟုတ် Company
ကမိမိ၏ CV ကိုသဘောကျသော အခါ လူတွေ့စစ်မေး ရန် email သို့မဟုတ် telephone နှင့်
အကြောင်းကြားကြပါသည်။
မိမိဘက်မှ အမြဲအဆင်သင့်ရှိနေ သင့်သည်များမှာ နိုင်ငံကူးလက်မှတ် နှင့် Dform တို့ဖြစ်ပါသည်။
တစ်ချက်သတိပြုရန်မှာ မိမိတို့ မြန်မာနိုင်ငံသားများ အတွက် အခြားနိုင်ငံအားလုံးနီးပါး သို့သွားရန်
ပြည်ဝင်ခွင့် Visa လိုအပ်သည်ကို Interview ခေါ်သူအား အသိပေးကာ မိမိအတွက် Visa လျှောက်ထား
ခိုင်းရပါသည်။ UAE နိုင်ငံ အတွက်ဆို လျှင်တော့ Interview ခေါ်သူအား မိမိ၏ နိုင်ငံကူးလက်မှတ်
အား scan လုပ်ခါ email ဖြင့်ပို့ပေးနိုင်ပါသည်။ ၎င်းနောက် Interview ခေါ်သူက Visit Visa အား
email ဖြင့်ပြန်လည်ပို့ပေးပါသည်။ ထို Visit Visa အား print out ၅ စုံခန့်ထုတ်ဖို့လိုပါသည်။
လေယာဉ်လက်မှတ်ဝယ်ယူရာတွင်နှင်. ရန်ကုန်လေဆိပ်တွင် ၁ စုံစီပေးဖို့လိုအပ်တတ်ပါသည်။
UAE နိုင်ငံ ၀င်ရောက်ရာ တွင်ထို Visit Visa အားပြရပါသည်။
စရိတ်စကများသည် Interview ခေါ်သူက ပေးရသည်ဖြစ်ပါသည်။ သို့သော် ဦးစွာ သေချာ
ရန် Interview ခေါ်သူကိုမေးရန်လိုပါသည်။
အချိန်အခက်အခဲရှိ၍ Interview မသွားနိုင်ပါက telephone interview လုပ်ရန်တောင်းဆိုကြည့်
သင့်ပါသည်။
Interview များသည် သူငယ်ချင်းအားလုံးအတွက်ခက်ခဲမည်မဟုတ်ပါ၊ မိမိလုပ်နေကြအလုပ်များ
အကြောင်းသာဖြစ်ပါသည်။ လစာ၊နေ့တွက် ညှိခြင်းသာ အဓိကဖြစ်တတ်ပါသည်။ UAEတွင်
offshore workers များအတွက် နေ့တွက် ၁၅၀ မှ ၂၀၀ USD၊ onshore job အတွက် လစာ ၃၀၀၀ မှ
၄၀၀၀ USD မှာ အာရှသားများ ရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
နေထိုင်စရာ၊ အစားအသောက် နှင့် ကျန်းမာရေး အာမခံတို့ အားလုံး ပါရှိဖို့ လိုအပ်တယ်ဆိုတာ
သတိထားရပါမယ်။ offshore workers များအတွက်မလိုအပ်ပင်မယ့် onshore job အတွက်
Annual leave နဲ့ air ticket တို့အတွက်ပါ ညှိရပါတယ်။
နောက်တစ်ခုက မိမိ အစောဆုံး အလုပ်ဝင်နိုင်မယ့် အချိန်ကို လည်းညှိရပါတယ်။
ဒါကတော့ Interview အပိုင်းဖြစ်ပါတယ်။

နောက်တစ်ပိုင်းကတော့ အလုပ်ရပြီးတဲ့နောက်လိုအပ်ချက်ဖြစ်ပါတယ်။
UAE တွင်အလုပ်လုပ်ရန် work permit လျှောက်ရပါတယ်၊ UAE နိုင်ငံအတွင်း
ရောက်ရှိပြီး နောက်မှဆောင်ရွက်လို့လည်းရပါတယ်။
work permit လျှောက်ရန် အဓိကလိုအပ်သည်မှာ မိမိ၏ Certified Education
Certificate ဖြစ်ပါတယ်။ အသေးစိတ်ရှင်းပြလိုပါတယ်၊

၁၊ မိမိ၏ ဘွဲ့လက်မှတ်ကို မဟာဗန္ဓုလပန်းခြံလမ်းမှာ ဘာသာပြန် Notary လုပ်ရပါမယ်။
(အထူးသတိပြုရမှာက Notary လုပ်ရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန က အသိအမှတ်ပြုသူ
Notary Public ဖြစ်ရမည်ဖြစ်ပါသည်။)
၂ ခု ၃ ခု ခန့်လုပ်ထားသင့်ပါသည်။

၂၊ထိုနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၌ Authenticate ပြုလုပ်ရန် မြန်မာ့စီးပွားရေးဘဏ်ခွဲ ၄ တွင်
ငွေသွင်းရပါမည်။ Notary တစ်စောင် အတွက် ချလံ တစ်စောင်လိုပါသည်။

၃၊၎င်းနောက် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ လိုအပ်သော စာရွက်စာတမ်း အပြည့်အစုံ
နှင့် ကိုယ်တိုင်သော်၎င်း၊ သန်းခေါင်စာရင်းဝင် မိသားစု တစ်ဦးသော်၎င်း သွားရောက် ဆောင်ရွက်
ပါက ရုံးချိန်တစ်ရက် အတွင်းရရှိပါသည်။
အောက်ဖော်ပြပါ စာရွက်စာတမ်းများတစ်ပါတည်းပါရှိရန် အလွန်အရေးကြီးပါသည်၊
ဘွဲ့လက်မှတ်မူရင်း နှင့်မိတ္တူ
မှတ်ပုံတင် မူရင်း နှင့်မိတ္တူ
Notary မူရင်း နှင့်မိတ္တူ
ဘဏ်ချလံ မူရင်း နှင့်မိတ္တူ
သန်းကောင်စာရင်း မူရင်း နှင့်မိတ္တူ
ဓါတ်ပုံ
ကိုယ်စားလှယ်လွှဲစာ (မိမိကိုယ်တိုင်မသွားလျှင်)
ကိုယ်စားလှယ်၏ မှတ်ပုံတင် မူရင်း နှင့်မိတ္တူ

သတိပြုရန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Authentication အတွက် လက်မှတ်ထိုးသော အရာရှိ သည်
နိုင်ငံတကာသံရုံးများတွင် လက်မှတ် Specimen ရှိသူဖြစ်ရပါမည်။
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မေးမြန်းနိုင်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းများ
အားအကူညီတောင်းနိုင်ပါသည်။

၎၊ ၎င်းနောက် UAE သံရုံးတွင် Authentication ထပ်မံလုပ်ရပါမည်။ မြန်မာ နိုင်ငံတွင် UAE သံရုံး
မရှိပါ။ အနီးဆုံး ထိုင်းနိုင်ငံ ဗန်ကောက် မြို့တွင် ရှိပါသည်။ ဘွဲ့လက်မှတ်မူရင်း၊ Authenticated Notary
Education Certificate တို့ နှင့် ဘတ်ငွေ ၁၅၀၀ ပေးသွင်းပါက UAE Authentication stamp ကို
၂ ရက်အတွင်းရရှိပါမည်။

ဤနေရာတွင် အရေးကြီးသောအဓိက လိုအပ်ချက်များ ပြည့်စုံပြီဖြစ်ပါသည်။
လိုအပ်ချက်များ မေးမြန်းလိုပါက အချိန်မရွေး ဘလောဂ့် မှာ ဖော်ပြထားသော email
ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းရှိပါစေ။
ဂန္ဓ၀င် (စက်မှု)

Wednesday, November 28, 2007

ရဲတံခွန် သို့လွမ်းဆွတ်ခြင်း



ပထမဦးဆုံးပြောချင်တာက ဟောဒီဘလော့လေးကို ရည်ရွယ်ချက်ကောင်းလေးတွေနဲ့
လှလှပပ ဖန်တီးပေးတဲ့ အာသီသကိုကျေးဇူးတင်တယ်ဆိုတာပါ။
အမိရဲတံခွန်နဲ့ နေရာဒေသ အဖုံဖုံမှာ ပုံစံ အစုံစုံနဲ့ ဘ၀၀မ်းကျောင်းကြတဲ့
ဒို့ ရဲတံခွန်သား သူငယ်ချင်း အားလုံး ခံစားချက်တွေ၊ ဗဟုသုတတွေ၊ အတွေ့အကြုံတွေ
ဖလှယ်လို့ ပြောလို့ ရမယ့် နေရာလေးတစ်ခု မို့ ကြည်နူးမိပါတယ်။

အဝေး ရေ (မြေကြီးပေါ်မဟုတ်လို့ပါ) မှာ ရောက်ရှိ နေပင်မယ့် ဒို့တွေရဲ့ ဘူမိနက်သန်
ရဲတံခွန်ကို မေ့မရတာ သူငယ်ချင်းတွေ ကိုမေ့မရတာ တကယ်ပါ။
(စကားချပ်။ လခများများပေးလို့ ကတော့ အမြဲနေချင်တာပါ)။
ရန်ကုန်ရုံးက မမတွေ (ငယ်ငယ်ရွယ်ရွယ် မရှိလို့) လည်းသတိတရရှိတာပေါ့နော်။
ရဲတံခွန်က ဘော်ဒါတွေ ဘောနပ်စ် ၅ လစာ ရတယ်ဆို တော့ အရမ်းကို ၀မ်းသာမိပါတယ်၊
ကိုယ်လည်းရရင်ကောင်းမှာ ပဲလို့။ HR ကမမ တွေသဘောကောင်းတော့နဲနဲ မျှော်လင့်မိတာပါ။

သူငယ်ချင်းတို့ရေ အဝေးက ဒို့တစ်တွေဟာ ရဲတံခွန်က သင်ကြားတတ်မြောက်ခဲ့တဲ့၊
သူငယ်ချင်းတို့ဆီကဝေမျှခဲ့တဲ့၊ အသိဥာဏ်ဗဟုသုတတွေနဲ့ ကောင်းကောင်းရပ်တည်နေနိုင်ပါတယ်။
အခုထက်ထိလည်း သူငယ်ချင်းအားလုံးရဲ့ ကူညီမှုတွေကြောင့် ဒို့တစ်တွေအဆင်ပြေကြပါတယ်။
သူငယ်ချင်းတို့အားလုံးလည်း အမိရဲတံခွန်နဲ့အတူ အောင်မြင်မှုတွေ၊ တိုးတက်မှုတွေရှိပါစေလို့
ဒို့တစ်တွေ ဆုမွန်ကောင်းအမြဲတောင်းပါတယ်။
သူငယ်ချင်းတို့ အကူအညီလိုအပ်ရင်လည်း အချိန်မရွေး email ပို့လို့ရပါတယ်၊
(ပိုက်ဆံ ချီးမယ်ဆိုရင်တော့ စက်မှုဌာနက ကိုမြင့်လွင် ဆီသွားလို့ရပါတယ်၊ သူက အတိုးမယူပါ။)
စာအခုမှ စရေးတာမို့ အမှားရှိခဲ့ရင် ခွင့်လွှတ်ဖို့ပြောပါရစေ။ စာတိုပေစ တွေဖတ်ဖို့ တိုက်တွန်းတဲ့၊
ပုံတိုပတ်စ တွေ ပြောပြတဲ့ ကိုကြီး ကိုမြင့်လွင် ကြောင့် အခုလိုရေးဖြစ်တာပါ။
တစ်ခု သတင်းပေးချင်တာက မြန်မာ e-library ထဲမှာ Petroleum Hand Book,
volume 1 & 2 ကို download လုပ်လို့ ရပါတယ်။
နောက်တစ်ခါရေး ရင် ရဲတံခွန်က အခန်းဖော်အကြောင်း ရေးကြည့်ပါ အုံးမယ်။
အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း ရှိပါစေ။
ဂန္ဓ၀င် (စက်မှု)

ဓါတ်ပုံကိစ္စ

သူငယ်ချင်းတို့ရဲ့ဓါတ်ပုံတွေကိုကြိုတင်ခွင့်ပြုချက်မရယူပဲအသုံးပြုထားပါတယ်။
အကယ်၍မနှစ်သက်ဘူးဆိုရင်အချိန်မရွေးအကြောင်းကြားပါ။ချက်ခြင်းပယ်ဖျက်
ပေးပါ့မယ်။ဓါတ်ပုံမပါသေးတဲ့သူငယ်ချင်းများအပန်းမကြီးဘူးဆိုရင်ပို့ပေးကြပါအုံးလို့။

အရှေ့အလယ်ရောက် "Three Stooges"

Tuesday, November 27, 2007

တကယ်ပဲလားဟင်

Petronas ကြာလေခြာလေကယ္ခုနှစ်Decemberမှာဝန်ထမ်းတွေရဲ့မကြာခဏကြိမ်
ဆဲမှူ့များကိုတုန့်ပြန်ဂုဏ်ပြု့သည့်အနေနှင့်၅လစာပါတဲ့ခညား။ဒါတောင်PCMLရဲ့စွမ်း
အားရှင်တွေဝင်မွှေလိုက်လို့၁လစာလျော့သွားဆိုပဲ။မဟုတ်ရင်တော့လေစာ.အဲ.၆လစာပဲ။

ဘလော့ဂ်မိတ်ဆက်

ကျွန်တော်တို့ရဲခင်မင်လေးစားရပါသောလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းအားလုံးမင်္ဂလာပါ
လို့နုတ်ခွန်းဆက်သပါတယ်။ဒီဘလော့ဂ်လေးရဲ့ရည်ရွယ်ချက်ကတော့information
shareလု့ပ်ဖို့၊အတွေ့အကြုံဖလှယ်ဖို့၊ communicateလုပ်ဖို့နှင့်တခြားလူမှူ့ရေး၊သာရေး
နာရေးကိစ္စတွေကိုအတူတကွစည်းစည်းလုံးလုံးလုပ်ဆောင်နိုင်ဖို့ပြဲဖစ်ပါတယ်။အားလုံးပူး
ပေါင်းပါဝင်ကူညီနိုင်လိမ်မယ်လို့လည်းမျော်လင့်ထားပါတယ်။အကြံအဥာဏ်ပေးဖို့၊
Articles,News,စတာတွေလည်းပေးပို့ဖို့ဖိတ်ခေါ်ပါတယ်။ကျေးဇူးကမ္ဘာပါပဲ။