<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Wednesday, November 28, 2007

ရဲတံခွန် သို့လွမ်းဆွတ်ခြင်း



ပထမဦးဆုံးပြောချင်တာက ဟောဒီဘလော့လေးကို ရည်ရွယ်ချက်ကောင်းလေးတွေနဲ့
လှလှပပ ဖန်တီးပေးတဲ့ အာသီသကိုကျေးဇူးတင်တယ်ဆိုတာပါ။
အမိရဲတံခွန်နဲ့ နေရာဒေသ အဖုံဖုံမှာ ပုံစံ အစုံစုံနဲ့ ဘ၀၀မ်းကျောင်းကြတဲ့
ဒို့ ရဲတံခွန်သား သူငယ်ချင်း အားလုံး ခံစားချက်တွေ၊ ဗဟုသုတတွေ၊ အတွေ့အကြုံတွေ
ဖလှယ်လို့ ပြောလို့ ရမယ့် နေရာလေးတစ်ခု မို့ ကြည်နူးမိပါတယ်။

အဝေး ရေ (မြေကြီးပေါ်မဟုတ်လို့ပါ) မှာ ရောက်ရှိ နေပင်မယ့် ဒို့တွေရဲ့ ဘူမိနက်သန်
ရဲတံခွန်ကို မေ့မရတာ သူငယ်ချင်းတွေ ကိုမေ့မရတာ တကယ်ပါ။
(စကားချပ်။ လခများများပေးလို့ ကတော့ အမြဲနေချင်တာပါ)။
ရန်ကုန်ရုံးက မမတွေ (ငယ်ငယ်ရွယ်ရွယ် မရှိလို့) လည်းသတိတရရှိတာပေါ့နော်။
ရဲတံခွန်က ဘော်ဒါတွေ ဘောနပ်စ် ၅ လစာ ရတယ်ဆို တော့ အရမ်းကို ၀မ်းသာမိပါတယ်၊
ကိုယ်လည်းရရင်ကောင်းမှာ ပဲလို့။ HR ကမမ တွေသဘောကောင်းတော့နဲနဲ မျှော်လင့်မိတာပါ။

သူငယ်ချင်းတို့ရေ အဝေးက ဒို့တစ်တွေဟာ ရဲတံခွန်က သင်ကြားတတ်မြောက်ခဲ့တဲ့၊
သူငယ်ချင်းတို့ဆီကဝေမျှခဲ့တဲ့၊ အသိဥာဏ်ဗဟုသုတတွေနဲ့ ကောင်းကောင်းရပ်တည်နေနိုင်ပါတယ်။
အခုထက်ထိလည်း သူငယ်ချင်းအားလုံးရဲ့ ကူညီမှုတွေကြောင့် ဒို့တစ်တွေအဆင်ပြေကြပါတယ်။
သူငယ်ချင်းတို့အားလုံးလည်း အမိရဲတံခွန်နဲ့အတူ အောင်မြင်မှုတွေ၊ တိုးတက်မှုတွေရှိပါစေလို့
ဒို့တစ်တွေ ဆုမွန်ကောင်းအမြဲတောင်းပါတယ်။
သူငယ်ချင်းတို့ အကူအညီလိုအပ်ရင်လည်း အချိန်မရွေး email ပို့လို့ရပါတယ်၊
(ပိုက်ဆံ ချီးမယ်ဆိုရင်တော့ စက်မှုဌာနက ကိုမြင့်လွင် ဆီသွားလို့ရပါတယ်၊ သူက အတိုးမယူပါ။)
စာအခုမှ စရေးတာမို့ အမှားရှိခဲ့ရင် ခွင့်လွှတ်ဖို့ပြောပါရစေ။ စာတိုပေစ တွေဖတ်ဖို့ တိုက်တွန်းတဲ့၊
ပုံတိုပတ်စ တွေ ပြောပြတဲ့ ကိုကြီး ကိုမြင့်လွင် ကြောင့် အခုလိုရေးဖြစ်တာပါ။
တစ်ခု သတင်းပေးချင်တာက မြန်မာ e-library ထဲမှာ Petroleum Hand Book,
volume 1 & 2 ကို download လုပ်လို့ ရပါတယ်။
နောက်တစ်ခါရေး ရင် ရဲတံခွန်က အခန်းဖော်အကြောင်း ရေးကြည့်ပါ အုံးမယ်။
အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်း ရှိပါစေ။
ဂန္ဓ၀င် (စက်မှု)

0 comments: