<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Saturday, August 15, 2009

Old Banyan Trees



# ဒီပုံလေးကတော့ တောင်ကြီးဘက် ကက္ကူဘုရားဝင်းနား ကားရပ်နားရာ နေရာက သက်ကြီးညောင်ပင်တွေရဲ့ ပုံပဲ.. သိပ်တော့ မကောင်းဘူး.. ဒါပေမယ့် အမှတ်တရ ရိုက်ထားတာ ဆိုတော့ အမှတ်တရ တင်ထားလိုက်တာပါပဲပေါ့ဗျာ... #

Saturday, August 1, 2009

ကွမ်းကြိုက်တဲ့မောင်

ကျွန်တော့မှာ အကျင့်တခုရှိတယ်.. မကောင်းတဲ့ အကျင့်လို့ပဲ ပြောရမှာပေါ့.. တခါတုန်းက ဝမ်းကွဲအစ်ကို တစ်ယောက်က မှတ်ချက်ပေးဖူးတယ်..you are a man with no principle တဲ့..။ ဟုတ်ပါတယ်.. ဘာဖြစ်လို့လဲဆို ဆေးလိပ်ဆိုလဲ သောက်လိုက်တာပဲ.. အရက်ဆိုလည်း ချလိုက်တာပဲ.. အဲ..ကွမ်းယာဆိုလည်း စားလိုက်တာပဲ.. လူတွေ.. အထူးသဖြင့် ယောင်္ကျားလေတွေ.. ဘာလုပ်လဲ.. ကြုံရင် ကြုံသလို ဆော်ထည့်လိုက်တာပဲ.. ဆိုလိုတာက ဘာမှ မူရယ်လို့ အကန့်အသတ်ရယ်လို့ မရှိဘူး.. ဆေးလိပ်သမားနှင့် ပေါင်းမိရင် ဆေးလိပ်သောက်တယ်.. အရက်သမားနှင့် တွေ့ရင် အရက်သောက်တယ်.. အဲ..နောက်ဆုံး ကွမ်းယာသမားနှင့် ပေါင်းဖက် မိပြန်ရင်လည်း.. ကွမ်းယာ စားလိုက်တာပါပဲ... ငယ်ငယ်တုန်းကဆို ဒီထက်ပိုဆိုးသေး... မူးယစ်စေတတ်တဲ့ အရာတွေ ဘာရှိလဲ.. ဘာရမလဲ.. အခွင့်ပေးရင် ဘာမှ မစဉ်းစား နေတော့ဘူး.. ဆော်ထည့်လိုက်တာပဲ.. ပြောချင်တာက အရက်ဆိုရင်တော့ သောက်မယ်... မူးယစ်ဆေး ဆိုရင်တော့ မလုပ်ဘူး.. ဆေးလိပ်တော့ဖြင့် သောက်မယ်.. ကွမ်းယာဆိုရင်တော့ မစားဘူး.. အဲဒီလိုမျိုးလေး ကိုယ့်မူလေးနှင့်ကိုယ် မရှိတတ် မနေတတ်လို့ အထက်က မှတ်ချက်မျိုးလေး အပေးခံခဲ့ရတယ် ဆိုပါတော့... ထားလိုက်ပါတော့လေ.. အဲဒါက ငယ်ရွယ်တဲ့ အချိန်တုန်းက ကိစ္စ.. အခုကြီးလာတော့ နည်းနည်း မူလေးတော့ ရှိလာပါတယ်... ဆေးလိပ်တော့ မသောက်တော့ဘူး.. အရက်ကတော့ မလွှဲမရှောင်သာ အပြောအဆို လွှတ်အောင်လေးပဲ... အဲ.. ကွမ်းယာကတော့ မြန်မာပြည့် ပြန်ရောက်ရင် မစားဖြစ်တဲ့နေ့ ရယ်လို့ကို မရှိပါဘူး... ဒီမှာ နေရင်းနှင့်တောင် ခွင့်ပြန်သွားတဲ့ သူငယ်ချင်းတွေ ယူယူလာပေးတတ်လို့ စာဖြစ်တယ်... ဘာလို့စားလည်း ဆိုတာအတွက်တော့ တိတိပပ အဖြေ တယ်မရှိဘူး...ဒါပေမယ့် ကြိုက်လို့လား ရယ်လို့တော့လည်း မဟုတ်ပြန်ဘူး.. အလေ့အကျင့်ဆိုးလေး တစ်ခုပဲလို့ ပြောရင် ကွမ်းသမားတွေက ဆဲလိမ့်မယ်ထင်ပ.. တနေ့က အိမ်နှင့် ဂျီတော့ရင်းက သက်ငယ်စကား သက်ကြီးကြား ဆိုသလို သမီးက ကွမ်းယာမစားဖို့၊ ကွမ်းယာစားရင် ဖြစ်တတ်တဲ့ ဆိုးကြိုးတွေကို သူသိသလောက် ပြောပြရင်း မစားဖို့ တားမြစ်လာတော့.. အင်း.. မဆိုးဘူးပေါ့.. ကလေးတွေကို အဲဒါမျိုးလေးတွေ ပြောပေးသင်ပေးတဲ့ သူတို့ကျောင်းကို နည်းနည်း အမှတ်တွေ ပေးလိုက်မိတယ်.. ဗမာပြည်မှာကလည်း ကွမ်းယာယဉ်ကျေးမှု့က တအား ကြီးထွားလာနေလေတော့ အဲလို အရေမရ မဖတ်မရ အလုပ်တွေကို ထိန်းသိမ်းဖို့က ခက်ခဲတဲ့ အလုပ်ကိုး.. သိပ္ပံမှူးတင်က တကြော်ကြော်အော်ရင်း ဆေးလိပ်ကုမ္ပဏီတွေ ရောင်းအားတက်ရင်း ဆိုတဲ့ အဖြစ်သနက် လိုမျိုးပဲပေါ့...ဘာကို ပြောချင်တာလဲလို့ မေးနေလောက်ပြီ ထင်တယ်... ပြောချင်တာက အခုအောက်မှာ တင်ထားတဲ့ ဓါတ်ပုံလေး အကြောင်းပဲ ဆိုပါတော့... ကက္ကူကို အလည်းသွားတုန်းက ဘုရားပြင်နေတဲ့ လူငယ်လေးတွေ ကွမ်းယာကို အသေအချာ ခြင်းတွေနှင့်ထည့်ပြီး မုန့်စားသလို ယာစား နေကြတာကို မြင်လို့ ကွမ်းယာယဉ်ကျေးမှု့က ငယ်ငယ်တုန်းက ဘဒင်ရဲ့ နေရာ စီးရီးလို တောရောမြို့ပါ ချောင်ထဲတွေပါမကျန် ပေါက်တာပဲ ဆိုတာကို မဆီမဆိုင် တွေးမိရင်း ခွင့်တောင်းပြီး ရိုက်လာတဲ့ ပုံဖြစ်ပါကြောင်း.....

(စာကြွင်း ။ ။ ကြွားတာ နည်းနည်း များသွားပြီလား မသိဘူး...)


Friday, July 31, 2009

ဓါတ်ပုံ-အာသီသ

ဓါတ်ပုံပညာကို စိတ်ဝင်တစားရှိတာ ငယ်ငယ်လေးကတည်းက ဆိုပါတော့.. အကြောင်းမတိုက်ဆိုင်လို့ နောက်တစ်ခုက အချိန်နှင့် ငွေ မလိုက်နိုင်လို့ မလုပ်ဖြစ်တာ ဒီအရွယ် ရောက်တဲ့အထိပဲ ဆိုပါတော့.. နီးနီးကပ်ကပ် ဓါတ်ပုံသမားတွေ ဆိုလို့ ကိုအောင်ထွေးဝင်းတို့၊ ကိုသီဟတို့နှင့်ပဲ တရင်းတနီး ရှိခဲ့တာ... သူတို့ ဓါတ်ပုံကို အရူးအမူး လိုက်စားတဲ့ အချိန်တုန်းက သူတို့ ဝယ်တဲ့ ကင်မရာတွေကို ကြည့်ပြီး သရေပဲ ကျခဲ့ရတာ... အမှန်က ဓါတ်ပုံသမား၊ ဓါတ်ပုံပညာရှင် ဖြစ်ချင်ခဲ့တာတော့မဟုတ်.. သို့ပေသိ အနုပညာမြောက်တဲ့ ဓါတ်ပုံတွေကို ကြည့်ခွင့်ရတဲ့ အခါတိုင်း ကိုယ်လည်း သူတို့လိုမျိုး ဖြစ်ချင်တာတော့ အမှန်...လုပ်ချင်တာက စိတ်ထဲမှာ ရှိတာ ခံစားရတာကို အခြေခံ အရင်းတည်ပြီး ပုံစံတမျိုးမျိုးနှင့် ပုံဖေါ်ပြတာ.. တနည်း .. စိတ်ကိုထွက်ပေါက် ပေးလိုက်တာမျိုးကို လုပ်ရတာ ကြိုက်တယ်.... အထူးသဖြင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဖန်တည်းမှု့ တစ်ခုခုကို စိတ်ထဲရှိတဲ့ အတိုင်း လုပ်လိုက်ရတာမျိုးကိုပေါ့... ပမာအားဖြင့် စာရေးတာတို့ ပန်ချီဆွဲတာတို့ ပြီးတော့.. ဓါတ်ပုံရိုက်တာတို့မျိုးလိုပေါ့.... အရင်းခံရှိနေတဲ့ ဆန္ဒကို အကောင်အထည် ဖေါ်ဖြစ်အောင် တွန်းအားပေးလိုက်တာက မထင်မှတ်ပဲ မန္တလေး သင်္ကြန်ပုံတွေကို ရိုက်ပြီးတင်ထားတဲ့ ညီမင်းစံ ဘလောဂ်ကို ကြည့်ခွင့်ရလိုက်တဲ့ အချိန်က စတာပဲ ဆိုကြပါစို့... သူ့ရိုက်ထားတဲ့ ပုံလေးတွေကြည့်ပြီး ပုံလေးတွေ ကောင်းလွန်းလို့ လိုက်လုပ်ချင်စိတ် ထိန်းမရအောင် တဖွားဖွားပေါ်လာတယ်.. အဲဒါနှင့်ပဲ စဖြစ်လိုက်တယ် ဆိုပါတော့.... အဲဒီမတိုင်ခင်ကတော့ Sony DSR SR11 တစ်လုံးဝယ်ပြီး Sony Vegas Pro 8 နှင့် အလုပ်ရှုပ်နေခဲ့တယ်... ဗွီဒီယို တည်းဖြတ်ခြင်း အနုပညာကိုလည်း အထိုက်အလျှောက် တီးခေါက်မိခဲ့တယ်.. အဲ... ရလာဒ်ကတော့ ကုမ္ပဏီက Safety Induction Video ကို လက်ခမဲ့ အစအဆုံး ရိုက်ကူးတည်းဖြတ် ပေးလိုက်နိုင်တဲ့ အထိပဲဆိုပါတော့.... ဝါသနာပါရင် ငွေက အဓိကမဟုတ်ဘူး ဆိုတာ တော်တော်မှန်တာပဲ.. ကိုယ့်ကို ယုံယုံကြည်ကြည်နှင့် ခိုင်းလာတာကိုပဲ အခွင့်အရေး တရပ်အနေနှင့် ဝမ်းသာမိသလိုပဲ.... ကြေးစားအဆင့် ရောက်နေပြီလို့ ပြောတာ လုံးဝမဟုတ်.... အပျော်တမ်း အခြေခံ အဆင့်ကို ပြောနေမိတာပါ.. အဲအခုလည်း အားလပ်နေတဲ့ အချိန်မှာ ဟိုဟိုဒီဒီ စိတ်ရောက်နေမယ့်အစား ဝါသနာပါတာလေးကို လုပ်နေလိုက်ရင် ဘာပဲဖြစ်ဖြစ် အကျိုးမယုတ်ပါဘူး ဆိုပြီး ဆိုခဲ့တဲ့အတိုင်း စိတ်ကူးပေါက်ရာ လျှောက်လုပ်ရင်း ကောင်းတယ်ထင်တဲ့ ပုံလေးတွေ ထွက်လာလို့ အမှတ်တရ တင်ထားလိုက်တာ.... မတိုက်ဆိုင်ရင်တော့ ခွင့်လွှတ်ပါဗျာ....


// ... ဒီပုံလေးက တောင်ကြီးကို အလည်သွားတုန်း နေကပူလွန်းလို့ ထီးကလေးနှင့် အရိပ်အောက်မှာ ဆော့နေတဲ့ သမီးကို စိတ်ကူးပေါ်လာတာနှင့် ရိုက်လိုက်တာ.. ကျောင်းသားဘဝတုန်းက တောင်ကြီးကို ခဏခဏ ရောက်ဖူးတယ်... အဲဒီတုန်းကတော့ အတော့ကို နေလို့ကောင်းတယ်.. အထူးသဖြင့် ရာသီဥတုပေါ့... ချမ်းချမ်းနှင့် ဝက်သားချဉ်စား ငရုပ်သီးနှင့်ဂျူးမြစ်ကိုက်ပြီး ခါးရေသောက်ရတဲ့ အရသာ ဘယ်တော့မှ မမေ့ဘူး... ရှမ်းပြည်ကို ကြိုက်လွန်းလို့ အခွင့်ရတိုင်း သွားဖြစ်အောင်ကြိုးစားတယ်.. အခုလည်း မရောက်တာလည်းကြာ၊ မျိုးဆက်သစ်လေးတွေကို အဲဒီ အရသာမျိုး ခံစားစေချင်လို့ သွားလိုက်တာ ဟိုရောက်တော့လည်း ဘာမှ သိပ်ထူမခြားတာကို တွေ့လိုက်ရတော့ မအြံ့သပေမယ့် ဆုံးရှုံးမှု့တစ်ခုခုကို ခံစားလိုက်ရသလိုပဲ.... တောင်ကြီးလည်း ရန်ကုန်လိုပါပဲ.. ပူတာပဲ.. Climate Change ရဲ့ အကျိုးဆက်ကို မျိုးဆက်သစ်တွေအတွက် ဆိုးကျိုးတစ်ခု အနေနှင့် မြင်မိလို့ အဲဒီလိုလေး ဖြစ်အောင် ဖန်တည်းကြည့်လိုက်မိတာ... //

Thursday, April 16, 2009

သို့.... မှဇော်ဇော်အောင်(၃)


Hi buddies,


Today again , we are celebrating our Burmese water festival Thinn Gyan. In Burmese tradition it is called “ a tet nai” , in fact the last day of water festival at Heli-deck.

Every one is enjoying with full spirit.I need to add a little bit of Thinn Gyan definition, it is derived form the pali word“sankanta” which means transition. Tomorrow will be our New Year. In Thailand, people call it Songkran. We, the Yetagun crews include Thais as well , they also participated eagerly.

This time of special moment.Our catering crews prepared Mont Lone Yaypaw which is very traditional food. Every one on board enjoyed it very much.

Our last day of Thinn Gyan was not only celebrated by our Yetagun personnel but also form our supply boat Swan Tide, the crews form Swan Tide arrived at our Platform just before tea break and they were enjoying with some Mont Lone Yaypaw and after that they took part in
our water festival.

Moreover, we have Karaoke section tonight and most people are enjoyed peacefully and welcoming to the coming new year.
Cheers, ZZ

Wednesday, April 15, 2009

သို့ .... မှ ဇော်ဇော်အောင် (၂)



Hi Buddies,

Having said that our hectic Yetagun Thinn Gyan Water Festival is continuing, no one is stagnant, every one actively took part the following day, the second day of Traditional water festival.

The weather is favoured to the festival, neither too windy nor heavy rain, just nice weather for every one to be happy and to get every one enjoyed and get wet, the last a few days ago, it was showering small drops of rain. In fact,it was excellent indeed, it is the time usually the rain comes down before or during Thinn Gyan.

The rain is just empowerment of the yellow flowers named Pa Dauk to blossom, it happens normally during water festival. The symbolic of New Year. Unless the rain during this time the flowers will not be blossom, these are hiding in their buds, and soon the buds are fallen down to the ground.

As saying goes, the particular kind of flower blossom once a year, once a month, especially during water festival Thinn Gyan.

If you have time to going around the west part of Shwedagon Pagoda along the U Wisara Avenue, the beauty of big trees and also the elegant scenery of flower blossom at the top of tree, and some flowers are fallen and the smell of that is really refreshing.

Of all Burmese females both young and old is longing for it as the vivid feature of yellow flowers, they just want to wear, at the top of their head. The symbolic feature that they are welcoming the festival, the scent is very delightful.

Besides, today our camp boss prepared the traditional confectionary “Shwe Yin Aye” the most famous typical Burmese traditional things, which is made up of coconut milk and agar-agar, everyone has tasted at this special time, there is another traditional food too, this one does not available at this moment at Yetagun which is “Mont Lone Yee Paw”. The meaning of that confectionary is that it is kind of rice flour make it into small sphere shape embedded with palm sugar in it and these are thrown into boiling water pot when it was done, it become float on the water, and ready for serving, mixed with some tiny coconut slices, many people used to embedded chili in it instead of palm sugar to have fun.

During Thinn Gyan there are various kinds of fun every where, including Yetagun. We also have karaoke every night, and the crew members are never tired of singing Thinn Gyan songs.

And also we have got a lot of friendly games, Pools, Table Tennis, International Chess, Dart throwing, Golf putting and Scrabbles. There will be fantastic prizes for those who won friendly matches.

All of those activities are on going on our Yetagun Platform, having funs and to gain intimacy and cohesiveness among the crew members of different nationalities, which is the distinct feature of diversity among unity.

We, the people form Yetagun Platform can say that we are enjoying our water festival at the middle of Adman Sea, on the platform Heli-deck with all the smiles and happy faces.

Cheers,

ZZ

Tuesday, April 14, 2009

သို့.....မှ ဇော်ဇော်အောင် (၁)



Hello Buddies,


Happy Thinn Gyan Festival!

Today we celebrated our Yetagun Thinn Gyan started after evening tea break until late. It was very fantastic celebration and everyone on board enjoyed very much the first day of our traditional water festival.

The show was live and amused with non-stop music under the twilight. Most of nationalities enjoyed it including our OIM and supervisors. The Thais lead by Surachi also participated in the celebration actively. And also the most active part was lead by our crew member Ye Lwin., the dancer, from Yetagun organized some live dance.

Catering Crew also provided all kinds of drinks including Soda water; Tonic drinks 100 plus, Diet Cola, Coke and many more.

We have to say sorry for those who left Yetagun who can’t enjoy our traditional water festival. We will continue on tomorrow at the same time at the same place.

Cheers,

ZZ

Saturday, April 11, 2009

နှစ်သစ်ဦးလက်ဆောင်



အကောင်းအကန်း

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
(Biweekly eleven မှကုးယူဖေါ်ပြသည်)

လူဆိုတာ ကောင်းမှုကြောင့် လူဖြစ်လာရတာ။ မကောင်းမှုကြောင့်ဆိုရင်တော့ လူဖြစ်လာစရာ အကြောင်း မရှိဘူး။ မကောင်းမှုကြောင့် ဆိုရင်တော့ အပါယ်လေးဘုံ ရောက်သွားမှာပဲ၊ ငရဲ ရောက်မလား၊ တိရစ္ဆာန်ဖြစ်မလား၊ ပြိတ္တာဖြစ်မလား၊ အသူရကာယ်ဖြစ်မလား၊ မကောင်းမှု ကြောင့်ကတော့ အဲဒီဘုံလေးမျိုး တစ်မျိုးမျိုးရောက်မှာ သေချာပေါက်ပဲ။
ကောင်းမှုကြောင့် လူဖြစ်ရတာ ဆိုတော့ လူသားမျိုးစေ့၊ လူသား အရင်းအနှီးဟာ ကောင်းမှုပဲ၊ ရှေးလူကြီးတို့က မျိုးစေ့ကို ပြုတ်စားမပြစ်နှင့်လို့ ပြောကြတယ်၊ ပဲစိုက်တဲ့ တောင်သူဟာ မျိုးစေ့ အဖြစ်ထားတဲ့ ပဲကို ထပ်မစိုက်ပျိုးဘဲနှင့် ပြုတ်သာစားနေမယ်ဆိုပါက မျိုးစေ့ကုန်သွားရင် ပြီးပြီ၊ မျိုးသုဉ်းသွားပြီ၊ ထပ်စိုက်စရာ မရှိတော့ဘူး။
လူဆိုတာလည်း အတိတ်ကံ အကျိုးပေးလေးကောင်းလို့ အဲဒီအကျိုးပေးလေးနဲ့ပဲ ကျေနပ်နေမယ်၊ သာယာနေမယ်၊ ခံစားနေမယ်၊ နောက်ထပ်အသစ်အသစ် ကောင်းမှုတွေ မပြုတော့ဘူးဆိုရင် မျိုးစေ့ပြုတ်စားနေတာနဲ့ အတူတူပဲ၊ အတိတ်ကောင်းမှု မျိုးစေ့လေး ကုန်သွားရင်တော့ ပြီးပြီ၊ သွားပေဦးတော့ မကောင်းတဲ့နေရာ၊ မကောင်းတဲ့နေရာ ဆိုတာ ဒုဂ္ဂတိပဲ၊ ဒုဂ္ဂတိဆိုတာ အပါယ်လေးပါးပဲ။
ဒါကြောင့် မျိုးမပြုတ်အောင် မျိုးဆက်နေရမယ်၊ ကောင်းမှုတွေ ထပ်ထပ်ပြုနေရမယ်၊ ကောင်းမှုမျိုးစေ့တွေ ထပ်ထပ်ပြီး စိုက်ပျိုးကြဲချနေရမယ်၊ မျိုးမပြတ်စေရဘူး၊ မျိုးပြတ်လို့ မဖြစ်ဘူး၊ အမြဲတမ်းအကောင်းဘက်ကို ဦးတည်ထားရမယ်၊ အကောင်းကိုပဲ အတတ်နိုင်ဆုံး နှလုံးသွင်းရမယ်၊ ကောင်းပြီးရင်းကောင်းရင်း၊ ကောင်းသထက်ကောင်းရင်း၊ အကောင်းပေါ်အကောင်းဆက်လို့ ကောင်းသထက် ကောင်းအောင်လုပ်ကြရင် နောက်ဆုံးအကောင်းဆုံးနေရာ ရောက်မှာပဲ၊ အကောင်းတွေချည်းပဲစုမိလို့၊ မကောင်းတာတွေကုန်သွားရင် ကိစ္စပြီးပြီပေါ့။
ကောင်းမှုကြောင့် လူဖြစ်လာတာဆိုတော့ လူအများစုဟာ လူကောင်းတွေပဲလို့ ပြောလို့ရနိုင်လောက်ပါတယ်။ လူကောင်းက အများစုပါ၊ လူဆိုးကအနည်းစုပါ၊ လူဆိုးဆိုတာလည်း ဆိုးချင်လို့ဆိုးရတာ မဟုတ်ပါဘူး။ စိတ်ဆိုးတွေ ဝင်နေတဲ့အခိုက် လူဆိုးဖြစ်ရတာပါ။ စိတ်ဆိုးတွေ ထွက်သွားရင်တော့ သူလည်း လူကောင်းပါပဲ။ စိတ်ရဲ့ ပင်ကိုသဘောက အကောင်းပါ။ လောဘဒေါသ စတဲ့ကိလေသာတွေ ဝင်ဝင်လာလို့ စိတ်ကဆိုးရတာပါ။ ဒီလိုပဲ လူဆိုတာ သူ့သဘာဝ၊ သူ့သဘော၊ သူ့မူလပင်ကိုက အကောင်းပါ။ စိတ်ဆိုးတွေ ဝင်လာတဲ့ အခိုက်မှာပဲ လူဆိုးဖြစ်ရတာပါ။ ဒါဟာလည်း အခိုက်အတန့် ဆိုတော့ လူက ကောင်းတဲ့အချိန်က များပါတယ်။
လူအများစုဟာ အကောင်းကြိုက်တဲ့ သူချည်းပါပဲ။ အကောင်းမကြိုက်တဲ့သူဆိုတာ မရှိလောက်ပါဘူး။ လူအများစုဟာ ကောင်းကောင်း ဝတ်ချင်တယ်၊ ကောင်းကောင်း စားချင်တယ်၊ ကောင်းကောင်း နေချင်တယ်၊ ကောင်းကောင်း သုံးချင်တယ်၊ အကောင်းဆိုတာတွေ အားလုံးကို လိုချင်တာချည်းပဲ၊ ကောင်းမှုကြောင့် လူဖြစ်ရတာဆိုတော့ အကောင်းကြိုက်တာဟာ မဆန်းပါဘူး။ ဒါ သူ့သဘာဝပါပဲ။
အကောင်းတော့ ကြိုက်ပါရဲ့။ ပိုက်ဆွဲတော့ မလိုက်ချင်ဘူး ဆိုတဲ့ လူကြီးတွေ ဆုံးမစကားတစ်ခု ရှိပါတယ်။ အဓိပ္ပါယ်က ကောင်းကောင်းတော့ ကြိုက်ပါရဲ့ ကောင်းကောင်းတော့ မလုပ်ချင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အကောင်းကြိုက်ရင်တော့ အကောင်းလုပ်ရပါလိမ့်မယ်။ တချို့မိဘတွေက သားသမီးကို ကောင်းကောင်းနေလို့ ဆုံးမကြတာ ရှိပါတယ်။ ကောင်းကောင်း ဖြစ်ချင်ရင်တော့ ကောင်းကောင်း နေကြဖို့ပါပဲ။ ကောင်းအောင်လုပ်ကြဖို့ပါပဲ။ အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပါပဲ။
ဘုရားက အန္ဓသုတ္တန်မှာ လူသုံးမျိုးရှိကြောင်း ခွဲပြပါတယ်။ တစ်မျိုးက ဒွိစက္ခု- နှစ်ဖက်လုံးမြင်တယ်၊ နှစ်ဖက်လုံးမြင်တော့ အကောင်းလို့ခေါ်ရမယ်။ တစ်မျိုးက အန္ဓ - နှစ်ဖက်လုံး မမြင်ဘူး၊ နှစ်ဖက်လုံး မမြင်တော့ အကန်းလို့ ခေါ်ရမယ်။ တစ်မျိုးက ဧကစက္ခု - တစ်ဖက်ပဲမြင်တယ်၊ တစ်ဖက်က မမြင်ဘူး၊ တစ်ဖက်မြင် တစ်ဖက်ကန်းဆိုတော့ မကောင်း၊ မကန်းလို့ခေါ်ရမယ်။ လူက ဒီလို အကောင်းရယ်၊ အကန်းရယ်၊ မကောင်းမကန်းရယ်လို့ သုံးမျိုးရှိပါတယ်။
ဘုရားက မိန့်ရာမှာ အကောင်းဆိုတာ မရသေးတဲ့ စည်းစိမ်ဥစ္စာတွေကို ရအောင်လုပ်တတ်တယ်။ ရပြီးစည်းစိမ်ဥစ္စာကို တိုးပွားအောင် လုပ်တတ်တယ်။ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိတယ်။ အပြစ်ရှိ အပြစ်မဲ့ကို ခွဲခြားသိတယ်။ အယုတ်အမြတ်ကို ခွဲခြားသိတယ်။ ကောင်းကျိုးဆိုးကျိုးကို ခွဲခြားသိတယ်။ ဒီအရည်အချင်းတွေ ရှိရင် အကောင်းပဲတဲ့။
အကန်းဆိုတာ အထက်ပါအရည်အချင်းတွေ မရှိတဲ့သူပဲ။ မကောင်းမကန်းဆိုတာကတော့ မရသေးတဲ့ စည်းစိမ်ဥစ္စာကိုတော့ ရအောင်လုပ်တတ်တယ်။ ရပြီး စည်းစိမ်ဥစ္စာကိုလည်း တိုးပွားအောင် လုပ်တတ်တယ်။ ဒါပေမယ့် ကိုသိုလ် အကုသိုလ်တော့ မသိဘူး။ အဖြစ်ရှိမရှိကိုတော့မစဉ်းစားဘူး။ အယုတ်အမြတ်ကိုလည်း ခွဲခြားမနေဘူး။ လတ်တလော ကောင်းကျိုးကိုပဲ ကြည့်တယ်။ တမလွန်ကောင်းကျိုးဆိုးကျိုးကို ထည့်မတွက်ဘူး။ ဒီလူဟာ တစ်ဖက်မြင်၊ တစ်ဖက်ကန်းပဲ။ မကောင်းမကန်းပဲ။
အကောင်းက ကုလာအုပ်နှင့်တူတယ်။ အကန်းက နွားမနဲ့တူတယ်။ မကောင်းမကန်းက နွားသိုးနှင့်တူတယ်။ ကုလားအုပ်မှာ နှစ်ဘို့ရှိတယ်။ နွားမမှာ ဘို့မရှိဘူး။ နွားသိုးမှာ ဘို့ရှိတယ်။ ဒါပေမယ့် တစ်ဘို့တည်းပဲရှိတယ်။
လူမှာမျက်လုံး နှစ်လုံးပါတယ်။ တစ်လုံးက လက်ရှိဘဝ ပစ္စုပ္ပန်အရေးကို ကြည့်ဖို့အတွက်ဖြစ်တယ်။ နောက်တစ်လုံးက တမလွန် သံသရာကို ကြည့်ဖို့ဖြစ်တယ်။ တစ်လုံးက ကိုယ့်ဖို့အတွက်ဖြစ်တယ်၊ ကိုယ့်အတွက်ကြည့်ရမယ်။ နောက်တစ်လုံးက သူ့ဖို့အတွက်ဖြစ်တယ်၊ သူ့အတွက်ကြည့်ရမယ်။ တစ်လုံးက အတ္တအတွက်ဖြစ်ပြီး နောက်တစ်လုံးက ပရအတွက်ဖြစ်တယ်။
ပစ္စုပ္ပန်ရေး၊ တမလွန်ရေး အရေးနှစ်ပါးလုံးကို သိတတ်၊ မြင်တတ်၊ ကြည့်တတ်တဲ့သူဟာ အကောင်းပဲ။ ကိုယ့်အရေး၊ သူ့အရေး အရေးနှစ်ပါးလုံးကို သိတတ်၊ မြင်တတ်၊ ကြည့်တတ်တဲ့သူဟာ အကောင်းပဲ။ အတ္တပရ ကိုယ့်ဖို့၊ သူ့ဖို့ နှစ်ဖို့မျှပြီး သိတတ်၊ မြင်တတ်၊ ကြည့်တတ်၊ လုပ်တတ်တဲ့ သူဟာ အကောင်းပဲ။
အိမ်တအိမ်ကောင်းဖို့အတွက် အကောင်းတွေများများလိုတယ်။ ရပ်ကွက်တစ်ခုမှာ၊ ကျေးရွာတစ်ရွာ၊ မြို့နယ်တစ်ခု၊ တိုင်းတစ်တိုင်း၊ ပြည်တစ်ပြည် ကောင်းဖို့အတွက် အကောင်းတွေ များများလိုတယ်။ လူနဲ့လူ့ဝန်းကျင်ကို ကောင်းအောင်လုပ်ဖို့ဆိုတဲ့ နေရာမှာ နွာထီးအဖြစ်နဲ့လည်း လုပ်လို့မရဘူး၊ နွာမအဖြစ်နှင့်လည်း လုပ်လို့ မရဘူး။ ကုလာအုပ်အဖြစ်နှင့်သာ ကောင်းအောင် လုပ်လို့ရမယ်၊ တိရစ္ဆာန်နှင့် နှိုင်းလို့ စိတ်တော့မရှိပါနဲ့၊ ဘို့ရှိတဲ့ သတ္တဝါတွေမို့ ထင်လွယ်မြင်လွယ်အောင် ဥပမာပေး ပြောရတာပါ။
လူတိုင်းဟာ အတ္တရှိကြတော့ အတ္တအတွက် ကြည့်ကြတဲ့ သူတွေချည်းပဲ။ ဒါပေမယ့် အတ္တချည်း ရှင်သန်လို့ ရတာမှ မဟုတ်တာ၊ အတ္တဆိုတာ ပရနှင့်တွဲ ရှင်သန်ကြရတာ။ ဒီတော့ အတ္တပရမျှလုပ်ကြရတာပေါ့၊ အတ္တအတွက်ချည်း လုပ်နေရင် အဲဒီအတ္တဟာ မကြာခင် ပျက်စီးသွားမျာပဲ။ အတ္တကို ကောင်းစေချင်ရင် ပရပါကောင်းအောင် လုပ်ပေးမှရတယ်။
ပရကို ကောင်းအောင် လုပ်ပေးတယ်ဆိုတာလည်း နောက်ဆုံးတော့ အတ္တအတွက်ပါပဲ။ အလောင်းတော်တို့က ပထမလောကတ္တစရိယာ - လောကအတွက်၊ အများအတွက် ကောင်းအောင်းလုပ်တယ်။ ဒုတိယ ဥာတတ္ထစရိယာ - လူမျိုးအတွက်၊ ဆွေမျိုးအတွက် ကောင်းအောင်လုပ်တယ်။ အဲဒါနှစ်မျိုး ကောင်းအောင်လုပ်တာနဲ့ပဲ နောက်ဆုံး ဗုဒ္ဓတ္ထစရိယာဆိုတဲ့ ကိုယ်ကျိုးက သူ့အလိုလိုပြီးရတာပါ။
အစစ်အမှန်ကိုယ်ကျိုးဆိုတာက သူ့ကျိုးကိုလုပ်မှရတာပါ၊ သူ့ကျိုးကို လုပ်လို့ ရလာတဲ့ ကိုယ်ကျိုးသည်သာ ကိုယ်ကျိုးအစစ်ပါ။ သူ့ကျိုးမပါတဲ့ ကိုယ်ကျိုးသက်သက်ကတော့ ကိုယ်ကျိုးအစစ် မဟုတ်ပါဘူး။ နီတိဆရာတို့က”သူ့ကျိုးကို မဆောင်ရွက်သူအတွက် ကိုယ်ကျိုးဆိုတာ လုံးဝမရှိဘူး။ ဒါဟာ သွေးထွက်အောင်မှန်တဲ့ အမှန်တရားလို့ လက်ရုံးတစ်ဖက်မြှောက် ကြွေးကြော်လိုက်ပါ”ဟု ဆိုခဲ့ကြသည်။ ခရီးသည်ကို တစ်ဖက်ကမ်းကို လိုက်ပို့တဲ့ လှေသမားဟာ ပို့တာကတော့ ခရီးသည်ကို ပို့တာပါ။ ဒါပေမယ့် ကိုယ်လည်း ဟိုဘက်ကမ်းကို အရောက်သွားတာပါ၊ အကောင်းတွေပေါများပါစေ၊ အကောင်းတွေ ကောင်းအောင်လုပ်နိုင်ကြပါစေ။

Wednesday, March 25, 2009

ဝမ်းနည်းမှတ်တမ်း

***************
အာသီသ
***************

Dear all,
It is with regret to inform you all that Commander (Retd.) Sein Win (MN), age (73), father of Yan Naing Win, Snr Exe, Mechanical Engineering - Rotating, RIE Department - passed away at 11:35 am yesterday at Shwe Gone Dine Specialist Centre.
The funeral service will be held at 5.00 pm
on 24th March, 2009 (Tuesday) at Yaeway Cemetery.
Office cars will depart at 3:45 pm
.
We are sure you will all join with us in offering our heartfelt sympathy and deepest condolences to Yan Naing Win and the bereaved family.

Sincerely,

HR Services & Relations
Human Resource Management Department


***************

" ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ခဲ့၊ သူငယ်ချင်းလည်း ဖြစ်တဲ့ ကိုရန်နိုင်ဝင်းရဲ့ ဖခင် ဦးစိန်ဝင်း ကွယ်လွန်သွားကြောင်း ကြားရတဲ့ အတွက် ကျန်ရစ်သူမိသားစု နှင့် ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်... "


မိသားစုနှင့် ထပ်တူထပ်မျှ ဆိုတဲ့ စကားက နည်းနည်းလေး ပိုများပိုနေမလား ဒီနေရာမှာ ဆိုစရာ ရှိပါတယ်။ ကျွန်တော်ကတော့ ပိုတယ်လို့ မထင်မိပါဘူး။ ဘာကြောင့်လည်းဆို လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော်လည်း ရန်နိုင်ဝင်းလို အဖြစ်မျိုး ကြုံခဲ့ရလို့ပါပဲ။ လောကမှာ အဖေဆိုတာ အနန္တဂိုဏ်းဝင်ပဲ မဟုတ်လား။ အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှု့ကြီးပဲပေါ့။ အခုချိန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေနိုင်လို့သာ ရွှေတောင်ကြီးလို့ တင်စား မခံရတော့ပေမယ့်လည်း ရွှေတောင်ကြီးပါပဲ။ ဒီနေရာမှာတွေးစရာ ဖြစ်လာတာက သေချင်းတရားဆိုတဲ့ ဘယ်သူမှ(ဘုရားရှင် အပါဝင်) ရှောင်လွဲ့လို့မရတဲ့ အရှိတရားပါပဲ။ အောက်မှာဖေါ်ပြထားတဲ့ ကိုအောင်ဘော်ဟိန်းရဲ့ စာထဲကလိုပေါ့။


Hi Nyi Nyi

Everybody got queue number and waiting for their own turn. Anyway so sad on behalf of Yan Naing Win who lost his father,can never be replaced in life again.

Best Regards

Aung Baw Hein

S'pore


သူ့စာကို တိုက်ရိုက် မတောက်တခေါက် ဘာသာပြန်ကြည့် ရရင်တော့ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်နံပါတ် ရှိပြီးသား၊ အားလုံး အလှည့်ရောက်ဖို့ကို စောင့်နေရတာလို့ ဆိုလိုတာပါ။ မှန်ပါတယ်။ ဒါဟာလည်း လူသားအားလုံး နားလည် သဘောပေါက်ထားတဲ့ အရာပဲမို့ ဘယ်သူမှ ထူဆန်းတယ်လို့ မထင်ဘူး။ ဒါပေမယ့် ဖတ်ဖူးတဲ့ စာထဲက စာပိုဒ်တစ်ပိုဒ်ကို ဒီနေရာမှာ ထည့်ပြောကြည့်ချင်ပါတယ်။ မှတ်ဥာဏ်တွေ တိမ်လာလို့ ဘယ်သူပြောလည်း ဆိုတာ ပြန်ရှာကြည့်ရပါအုံးမယ်။


“ လူတွေဟာ သေမိန့် ကျထားပြီးသားတွေပဲ့မို့ တဖြုတ်ဖြုတ် ကြွေနေတာ ဘာမှ မထူဆန်းပါဘူး.. အဲ ဒါပေမယ့် ထူးဆန်းတာက ကိုယ့်အနားမှာ တဖြုတ်ဖြုတ် သေနေတာ မြင်နေ တွေ့နေ ရတာတောင် ကိုယ်မသေတော့မယ့် ပုံစံ ချိုးနေကြတာပါပဲ..တဲ့။


တော်တော် မှတ်သားစရာကောင်းတဲ့ စကားလေးပါ။ အဲဒီစာပိုဒ်ကလေးကို ဖတ်ပြီးကတည်းက ကိုယ့်ကိုကိုယ် လေ့လာကြည့်ပါတယ်။ သူပြောတာ အမှန်ပါပဲ။ သွေထွက်အောင် မှန်တယ်လို့ပြောရင် မလွန်ဘူးထင်ပါရဲ့။ မွေးစကတည်းက ပညတ်နယ်မှာ ကျင်လည် လာရတော့ ပညတ်ထားတာတွေကိုပဲ အရှိတရား အမှန်တရားပဲလို့ လက်ခံခဲ့တယ်။ အားလုံးဟာ ငါပိုင်ငါဆိုင်လို့ပဲ ထင်ခဲ့တယ်။ ငါ့အိမ် ၊ ငါ့ယာ ၊ ငါ့သား ၊ ငါ့သမီး ငါ့ဥစ္စာ ငါ့အတ္တ ငါ့သိက္ခာ..အိုး.. ငါချင်းကို ထပ်နေတော့တာပါပဲ။ အခုထိလည်း သားရေးသမီးရေး စီးပွါးရေးထဲကနေ ရုန်းမထွက်နိုင်သေးပါဘူး။ ထားခဲ့ရမှာတွေကို တသက်လုံး မပျောက်မပျက် မဆုံးရှုံးတော့မယ့် အတိုင်း အရာရာကို ခိုင်တယ် မြဲတယ်လို့ပဲ မှတ်ယူခဲ့ပါတယ်။ ဒီထက်ပိုဆိုးတာက လောဘ ၊ ဒေါသ ၊ မောဟ ၊ တဏှာ ၊ မာန ၊ ဒိဠိ ၊ စတာတွေနဲ့ပဲ မနက်မိုးလင်းကနေ မိုးချူပ် ပေါင်းဖက်နေရတယ်။ မသိမှု့ဆိုတဲ့ အဝိဇ္ဇာ(သို့)မောဟက ဖုန်းလွမ်းထားနေလေတော့ လှိုင်းထနေတဲ့ ရေပြင်မှာ ကိုယ့်ရုပ်ကိုယ်ကြည့်လျှင် ဘာမှ မမြင်ရတော့သလိုမျိုး ကိုယ်ဘာလုပ်နေတယ် ဘာစိတ်တွေ ပေါ်နေတယ် ဆိုတာကိုတောင် သတိမပြုမိ နိုင်တော့ဘူး။ အဲဒီတော့ သီးခံခြင်းတရား ၊ ဂါရဝတရား ၊ ဗြမ္မာစိုရ်တရားတွေ ဖြစ်တဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ၊ ဥပက္ခာ စတာတွေ ကိုတောင် အဖေါ်မလုပ်နိုင်တော့ဘူး။ ကိုယ့်အကျိုးစီးပွား ထိခိုက်လာရင် အားလုံးဟာ ရန်သူဖြစ်လာတယ်။ ကိုယ့်နှင့် အမြင်ချင်း မတူသူကို ရန်သူလို့ သတ်မှတ်တယ်။ ကိုယ့်ထက် သာသွားတဲ့ သူအပေါ် ကျေးဇူးပြုဖူးသူပင် ဖြစ်လင့်ကစား မုဒိတာ မပွားနိုင်တော့ဘူး။ ဒါဟာ မသိမှု့ အကြောင်းကြောင့် ဖြစ်တဲ့ သမုဒယအကျိုးဆက်တွေပဲ။ တမလွန်ဘဝကို ယုံးကြည်သူ ဗုဒ္ဓဘာသာ တစ်ယောက်အနေနှင့် ဒါဟာ အပယ်ကို ဇောက်ထိုးကျမယ့် ကမ္မသတ္တိပဲ။ လောဘနှင့်ဖက်ပြီးသေရင် မုချပြိတ္တာ၊ ဒေါသနှင့် ဖက်ပြီးသေရင် မုချ ငရဲ၊ မောဟနှင့် ဖက်ပြီးသေရင် မုချ တိရစ္ဆာန် ဖြစ်ရမယ် ဆိုတာကိုသာ အကြွင်းမဲ့ ယုံကြည်မယ်ဆိုရင် ကိုယ်ရဲ့ နေ့စဉ်ပြုမှုမှု့တွေဟာ အပယ်ကနေကို မလွတ်ဘူး။ လုပ်သမျှ အားလုံးဟာ အပယ်ကျဖို့ချဉ်းပဲ။ ဒါကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက လက်သဲခွံပေါ် မြေမှုန့်တင်ပြီး အထက်တက်မယ့် သူနှင့် အောက်ဆင်းမယ့် သူ အရေအတွက် ဘယ်လောက်အထိ ကွာခြားတယ်ဆိုတာ သိသာထင်ရှားအောင် ပြခဲ့တာပဲ။ လက်သဲခွံပေါ်တင်ကျန်နေခဲ့တဲ့ အရေအတွက်သာ ကောင်းရာသုဂတိကို လားနိုင်ပြီး နှစ်သိန်းလေးသောင်းထုရှိတဲ့ မြေကြီးလောက်ပမာဏကတော့ အပယ်လားမယ့် သူတွေလို့ ဟောခဲ့ပါတယ်။ ဘယ်လောက်ကြောက်စရာ ကောင်းလိုက်သလဲ။


အမှန်တကယ်တော့ သူများသေတာကိုပဲ ကြည့်မနေပဲ ကိုယ့်ကိုကိုယ် ပြန်ကြည့်တတ်ရင် အမှန်တကယ် ဥာဏ်မျက်လုံးနှင့် ကြည့်တတ်မယ်ဆိုရင် ကိုယ်လည်း စက္ကန့်နှင့် အမျှ သေနေတာကို တွေ့ကြရမှာပါ။ ဒီနေရာမှာ အကျွမ်းတဝင် မရှိခဲ့ရင် မျက်စိလည်သွားနိုင်ပါတယ်။ သမုတိနယ်ကို ကျော်ပြီး ပရမတ်ကို မြင်အောင်ကြည့်မယ်ဆို ရုပ်တရားနှင့် နာမ်တရားကလွဲ ဘာမှမရှိတာကို တွေ့ကြရမှာပါ။ ရုပ်နာမ်နှစ်ပါးရဲ့ ဖြစ်လိုက်ပျက်လိုက်ဆိုတဲ့ ဖြစ်ပျက်အစဉ်ကြီးဟာ မြန်ဆန်လွန်းတာက တစ်ကြောင်း၊ မမြင်နိုင်အောင် အဝိဇ္ဇာက ဖုန်းလွမ်းထားတာက တစ်ကြောင်းတို့ကြောင့်သာ သတိမထားမိကြတာပါ။ ဘုရားဟော အရ ဆိုပါမူ မျက်စိတမိတ် လက်တစ်ဖျစ် အချိန်အတွင်း ရုပ်က ကုဋေငါးထောင် ပျက်ပြီး နာမ်က ကုဋေတစ်သိန်းပျက်တယ်လို့ ဟောထားပါတယ်။ အဲဒီတော့ ကိုယ့်အသေကိုသာ မြင်အောင် ခန္ဓာဥာဏ်ရောက် ကြည့်နိုင်မယ်ဆို သေတာဟာ ဘာမှမထူးဆန်းသလို ရထားတဲ့ ခန္ဓာဟာလည်း အနိစ္စ ၊ အနတ္တတရားနှင့် ဒုက္ခတုံးကြီးပဲမို့ ငါဆိုတဲ့ သက္ကာယ ကိုစွဲလန်းတဲ့ ဒိဠိပြုတ်အောင် ခွာနိုင်ခဲ့လျှင် အထက်မှာဖေါ်ပြထားတဲ့ မသေတဲ့ အချိုးမျိုးတွေ မချိုးတော့ပဲ သစ္စာမြင် ဒိဠိစင်တဲ့ သာဝက အဖြစ်ကို အမှန်တကယ် ရောက်ရှိအောင် အားထုတ်ရမှာက ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘဝအဓိပ္ပါယ် ဘဝသစ္စာပဲ မဟုတ်ပါလား…….။


နောက်ဗုဒ္ဓဘာသာဝင်တွေ အနေနှင့် သိထားသင့်တာက ကိုယ့်အဖေ ကိုယ့်အမေ နှင့် ကိုယ် ချစ်ခင်တဲ့ သူတွေရဲ့ ကောင်းကျိုးကို လိုလိုလားလားနှင့် ကျေးဇူးဆပ်ချင်တယ်ဆိုရင် အထိရောက်ဆုံးနှင့် အကျိုးရှိဆုံးက မိမိတို့ မိဘတွေ ချစ်ခင်သူတွေကို ဝိပဿနာ တရား အားထုတ်နိုင်ဖို့ တိုက်တွန်း နိုးဆော် အကူအညီပေးခြင်းပါပဲတဲ့။ ဘဝဆို ဘယ်ဘဝရရ(နတ်ဘဝ ၊ ဗြဟ္မာဘဝ အပါအဝင်) အို နာ သေ ဆိုတဲ့ ဘေးဆိုးကြီးကနေ မလွှတ်နိုင်သမို့ ဘဝရတိုင်းရတိုင်း ဒုက္ခတွေချည်းပါပဲ။ အဲဒီဒုက္ခသစ္စာကိုသာ မြင်အောင် ကြည့်တတ်မယ်ဆို ဘယ်ဘဝကိုမှ မလိုချင်တော့ပဲ ဘဝတဏှာ ပြတ်တဲ့ နည်းလမ်းကိုသာ ရှာဖွေချင်စိတ် ပေါ်လာပါလိမ့်မယ်။ အဲဒီနည်းလမ်းကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့် ကျင့်ကြံပီး ရှာဖွေတွေ့ရှိကာ လူသားအားလုံးကို ဝေငှထားပြီးသားမို့ မသိသူကျော်သွား သိသူဖေါ်စားရုံပဲ ရှိပါတော့တယ်။ ဒီတော့ ဒုက္ခချုပ်ချင်လျှင် ဒုက္ခကိုဖြစ်စေတဲ့ သမုဒယတွေကို မဂ္ဂင်ဆိုတဲ့ ဓါးနှင့် ပိုင်ပိုင်နိုင်နိုင် နည်းလမ်းမှန်မှန် ဇွဲရှိရှိ သမာဓိကောင်းကောင်းနှင့် ပိုင်းဖြတ် နိုင်လိုက်ပါမူ နိရောဓ ဆိုတာ (၇) ရက်အတွင်း သို့မဟုတ် (၇)လအတွင်း သို့မဟုတ် (၇)နှစ်အတွင်း ကျိမ်းသေ ရောက်နိုင်တယ်လို့ အာမခံထားတယ်ဆိုပဲ… ။ ဒီတော့ အို ၊ နာ ၊ သေ စတဲ့ ဒုက္ခချုပ်ရာ နေရာ အမှန်တကယ်ရှိသလို နည်းလမ်းလည်း တကယ်ရှိတယ်ဆိုတာ လမ်းပြတဲ့သူက ပြထားပြီးပြီ ၊ သူ့တာဝန် ဒီတွင်ပြီးပြီ။ ဟုတ်မဟုတ်ကိုတော့ အလုပ်နှင့် စမ်းသပ်ကြည့်ရင်း ဆုံးဖြတ်ချက် ချကြတာ ပိုကောင်းလိမ့်မယ် ထင်ပါတယ်…နော။။။




Friday, January 2, 2009

ဟယ်လို..ဟယ်လို Happy New Year


မနက်မိုးလင်း အိမ်ရာကထ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး အလုပ်ဆင်းဖို့ တံခါးဖွင့်လိုက်ချိန် ရုတ်တရက် မြူပေါက်လေးတွေရဲ့ နမ်းရှိုက်ခြင်းကို ခံလိုက်ရတဲ့ အတွက်..စိတ်ထဲမှာ ပေါ့ပါးခြင်းများစွာ တခဏတာ ရလိုက်တော့..အော် တစ်ဆောင်းသစ်ပြန်ပြီ။ ပူပြင်းလွန်းတဲ့ နွေရာသီကို နုတ်ဆက်တဲ့ အနမ်းတွေပဲလား..မလင်းတလင်း အလင်းရောင်တွေအောက် ပြေးလွား မြူးတူးနေတဲ့ မြူမှူန်တွေဟာ လောကတခွင်လုံးကို ဖုန်းလွမ်းနေလိုက်တာ မနာလိုချင်စရာ.. အချုပ်အနှောင် ထဲက ရုန်းထွက်လွတ်မြောက် လာလေဟန် အမူအရာတွေနှင့်..အလှည့်ကျ မနွဲ့စတမ်း ဆိုပြီး ကောင်းကင်ပြင်ကို မင်းမူ ထားတာများ...ပေ၁၀၀ တစ်တိုင်ကျ ထွန်းထားတဲ့ နီယွန်မီးတွေတောင် အမှေင်ခွင်း အလင်းမဆောင် နိုင်ရှာကြဘူး...ပူပြင်းလှတဲ့ ကန္တာရ နွေရာသီကို မုန်းမိပေမယ့် ဆောင်းကိုတော့ ဘယ်လောက်အေးအေး အချစ်သား...ဒါပေါ့လေ..အေးမြခြင်း ငြိမ်းချမ်းခြင်း သောကကင်းဝေခြင်း စတဲ့ ပူလောင်ခြင်းကို ကျောကပ်ထားတဲ့ ဆန့်ကျင်ဘက် ဖြစ်တည်မှူ့တွေကို ဘယ်သူမကြိုက် ရှိပါ့မလဲ….။

ရုံးခန်းထဲ ရောက်လို့ နေ့စဉ် မှတ်တမ်း စာအုပ်က ရက်စွဲကို ကြည့်မိလိုက်တော့.. ဒီဇင်ဘာ ၃၁…ဟုတ်ပေသားပဲ ဒီနေ့ ၂၀၀၈ ရဲ့ နောက်ဆုံးနေ့..ဒီည ၂၀၀၉ ကို ကြိုဆိုရမယ့်ည..အလုပ်များလွန်းလို့ အားချိန် မရှိဖြစ်နေလို့ သတိ မထားမိတာ မဟုတ်..အချိန်နာရီ ရက်စွဲတွေကို အားလုံး ခဏ မေ့ထားလိုက်တာ..အကြောင်းရင်းက ခွင့်ပြန်ချိန် နီးနေလို့..အချိန်ဆိုတာ တွက်နေလေ ကုန်ခဲလေလေ ဟုတ်စ..မနှစ်က New Year ကို ဒူဘိုင်းမှာ ပြား၈၀တန် လ္ဘက်ရည်ကို သောက်ရင်း မီးရှူးမီးပန်း ဖောက်တာကို ကြည့်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့တယ်…ဒီနှစ်တော့ ကန္တာရ ခေါင်ခေါင်ထဲကိုလည်း ရောက်နေ…. on duty လည်း ဖြစ်နေလေတော့ ကိုယ်နှင့် မဆိုင်သလို နေရင်းက ဂျီမေး အားကိုးနှင့် ဆုတောင်းတချို့ကိုပဲ ဖြန့်ဝေ နေခဲ့မိတယ်။ အားလပ်လို့ သတင်းစာဖတ်ချိန် ဒူဘိုင်းမှာလုပ်မယ့် နှစ်သစ်ကြိုဆိုပွဲ အားလုံးကို ဖျက်သိမ်းမယ် ဆိုတဲ့ သတင်းကို မျက်နှာဖုံးမှာ ဖေါ်ပြထားတော့ အနတ္တသဘော ကို တွင်တွင်ကြီး ဆင်ချင်မိရင်းက ကိုယ်အတွက် မထူးပေမယ့် ကဲမယ့်တကဲကဲ ပြင်နေတဲ့ အသိ သူငယ်ချင်း ယောင်းရင်း တွေကို ဝေငှချင်တာနှင့် အော်လိုင်းပေါ်တက် မေးကိုဖွင့်ပြီး လင့်ခ် ပေးလိုက်ပါတယ်။ အစ္စရေးကြောင့် ပါလက်စတိုင်း ခံနေရတော့ မူဆလင်နိုင်ငံ တစ်နိုင်ငံ အနေနှင့် လုပ်သင့်လုပ်ထိုက် တာကို လုပ်လိုက်တာလို့ ဖေါ်ပြထားပါတယ်။

နေ့လည် ၂ နာရီလောက် ရောက်တော့ ဘီယာတွေ ဝိုင်တွေ သစ်သီးခြင်းတွေ ချော့ကလက်တွေ လာပို့တာတွေ့တယ်။ ဒီည နှစ်သစ်ကြိုဆိုပွဲ အတွက်တဲ့။ အလိုက်သိတဲ့ ကုမ္ပဏီ အကြီးအကဲ တွေကိုတော့ ကျေးဇူးတင်ပါတယ်..ဒါပေမယ့် လူက နှစ်ယောက်တစ်ပိုင်းပဲ ရှိတော့ အစားအသောက်တွေဟာ အထီးကျန် ဆန်စွာနှင့်ပဲ တို့ထိသူမဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။ ညနေပိုင်း ရောက်တော့ ကားကြုံတာနှင့် မကဲတော့ဘူးလို့ ဆုံးဖြတ်ထား ပေမယ့်လည်း တစ်နှစ်မှ တစ်ခါမို့ တစ်ရက်လောက် အိပ်ရေးပျက်တာ ဘာမှ မဖြစ်လောက်ဘူး ဆိုပြီး ပေပေတေတေ ဒူဘိုင်းသွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ လမ်းတစ်လျှောက်လုံး မြူတွေ ဖုန်းနေလိုက်တာ တော်တော်နှင့် ခရီးမရောက်ဘူးပေါ့..။ အချိန်က နည်းနည်း စောနေသေးတော့ စိတ်သက်သာရာ ရပါရဲ့…။ Happy New Year ကို ကားပေါ်မှာပဲ အော်လိုက်ရမှာကို စိုရိမ်ရပြန်တယ်။ တော်သေးတာက အချိန်မီ ရောက်သွားတာပါပဲ။ ဟိုရောက်တော့ အားလုံး ရေချိန်ကိုက်နေကြပြီ..။ မြန်မာ ကာရာအိုကေ သီချင်းသံတွေလည်း မိုးထိညံနေပြီ..။ မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ အရက်ကို အဲဒီညမှာ ရေမရောပဲ နှစ်ခွက်တိတိ ကျူးလွန်လိုက်ပါတယ်။ နည်းနည်း သွေးဆူလာလို့ နာရီကြည့်တော့ ၁၂နာရီ ထိုးခါနီးပြီမို့ ဆူညံနေတဲ့ အခန်းထဲက ထွက်ပြီး ဖုန်းထဲမှာရှိတဲ့ နံပါတ်တွေ အားလုံးကို တစ်ခုချင်း ဆက်ရင်း စတင် နောက်ယှက်ပါတော့တယ်။ အိပ်နေတဲ့ သူတွေကို လည်း မရမက နိုးရင်းပေါ့။ တစ်နှစ်မှ တစ်ခါပဲလေ.. သူတို့နားလည်တန် ကောင်းပါရဲ့…။


ဟယ်လို.. ဟယ်လို… “Happy New Year…! “