<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Friday, December 7, 2007

ဘာတွေယူသွားကြမလဲ

ကောသလမင်းကြီးဧကရာဇ်မင်းဖြစ်တာပျားရည်ကိုကိုယ်တော်တစ်ပါးအားစိတ်
စေတနာထက်သန်စွာနဲ့သပိတ်လျှံအောင်လှူတန်းပြီးဆုတောင်းလို့ဆိုပြီးမှတ်
်သားရပါတယ်၊
ဒါဆိုရင်ကိုယ့်ကိုကိုယ်ပြန်စဉ်းစားကြည့်ကြစို့၊မြတ်ဗုဒ္ခအလိုအရဆိုရင်လူ့ဘဝဟာ
အင်မတန်မှဖြစ်တောင့်ဖြစ်ခဲရခဲလှတဲ့အဖြစ်ပဲ၊ကျွန်တော်တို့အခုလိုလူ့ဘဝရတာ
ကိုကပထမဦးဆုံးကံကောင်းမှု့တစ်ခုပဲ၊ဒီနေရာမှာမေးစရာတခုရှိနေပြန်တယ်၊
လူ့ဘဝရတိုင်းကံကောင်းတယ်ဆိုနိုင်မလား၊တစ်ချို့ချို့ရဲ့ဘဝတွေဘယ်လောက်
စုတ်ပြတ်သလဲ၊သူတို့ပုံစံမျိုးနဲ့သာလူဖြစ်မယ်မှန်းသိရင်ဘယ်သူဖြစ်ချင်မလဲ၊ကျွန်
်တော်တင်ထားတဲ့စလိုက်လေးကိုကြည့်ကြည့်ပါ၊မိဘမဲ့ကလေးတွေ၊တစ်ခဏ
လောက်အလုပ်ရပ်ပြီးစဉ်းစားကြည့်ပါ၊ဒါတောင်သူတို့မှာကြည့်မယ့်သူတွေရှိသေး
တယ်၊ကျွန်တော်တို့ကိုယ်တိုင်ရယ်ကျွန်တော်တို့သားသမီးတွေဒီလိုအဖြစ်မျိုးမကြုံ
ခဲ့ရတာဘယ်လောက်ကံကောင်းလဲ၊ဒါမျိုးဖြစ်လာတာအလကားမဟုတ်ဘူး၊အကြောာင်း
ရှိလို့ဖြစ်လာတာ၊ဒါဟာအတိတ်ဘဝကကောင်းမှု့အကျိုးပေးတာ၊ဗုဒ္ဓအလိုအရဘဝ
ဆိုဘယ်ဘဝမှမကောင်းဘူး၊ဘယ်ဘဝရရဆင်းရဲတာပဲ၊ချမ်းသာတယ်ဆိုတာခဏပဲ၊
ချမ်းသာခြင်းအစစ်အမှန်ဟာနိဗ္ဗာန်မှာပဲ၊နိဗ္ဗာန်ဆိုတာဘဝအဆုံးသတ်တဲ့နေရာ၊ဘဝ
ချုပ်ဆုံးပြီဆိုဆင်းရဲကင်းပြီပေါ့၊ခက်တာကနိဗ္ဗာန်ဆိုတာလိုင်းကားစီးသွားရောက်ဆိုတာ
မျိုးမဟုတ်၊ကျွန်တော်တို့လိုအားထုတ်မှု့မျိုးနဲ့ဘယ်လိုမှမဖြစ်နိုင်၊ဒီနေရာမှာလူ့ဘဝရခဲ
တယ်အမြတ်ဆုံးဆိုတာဒီလူ့ဘဝမှာပဲနိဗ္ဗာန်သွားရာလမ်းအဆင့်ဆင့်ကိုရောက်
အောင်အားထုတ်နိုင်လို့ပဲ၊ဒီတော့သံသရာထဲမှာလည်နေအုံးမဲ့ကျွန်တော်တို့အတွက်
ဘယ်ဘဝရောက်ရောက်ခေတ္တခဏဒုက္ခကင်းအောင်ကောင်းမှု့ပြုကြပါစို့လား။

စစ်တွေမိဘမဲ့ကလေးများအတွက်ကုသိုလ်ပြုလှူတန်းချင်ရင်ကိုအောင်မိုးကိုဆက်
သွယ်လှူဒါန်းနိုင်ပါတယ်။

0 comments: