<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Saturday, February 2, 2008

သူငယ်ချင်းထံပေးစာ(၁)

သူငယ်ချင်းထံပေးစာ(၁)

သို့ /

သူငယ်ချင်းဖိုးဇော်


မင်းနဲ့ငါ နောက်ဆုံး ဆုံခဲ့တာ အောင်ကျော်စိုး ခဏပြန်လာတုန်းကပဲ။ အဲဒီတုန်းက ငါမင်းကို အလုပ်ပြောင်းမယ့် အကြောင်း မပြောခဲ့မိဘူး ၊ အကြောင်းရင်းက ငါမင်းကို ပြောလိုက်လို့ တဆင့်စကား ရုံးက သိသွားရင် အပိုဆုကြေး မရလိုက်မှာ စိုးလို့ကွ ၊ အဲဒီ အချိန်တုန်းက အပိုဆုက ဟိုနေ့လိုလို ဒီနေ့လိုလို ကြားနေရတော့ ငါလည်း ရလိုရငြား လစာမဲ့ ခွင့်တောင် ယူပြီး အချိန်ဆွဲလိုက်သေး ၊ ရေငုံနုတ်ပိတ် ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး ဒူဘိုင်းထွက်လာပြီး အပိုဆုကြေးကို မျှော်နေခဲ့တာပေါ့ကွာ ၊ ဒါပေမယ့် မင်းသိတဲ့ အတိုင်း မျှော်လင့်သလို ဖြစ်မလာခဲ့ ပါဘူး။ သူငယ်ချင်း တွေကို သေသေချာချာ နုတ်မဆက် လိုက်ရတာပဲ အဖတ်တင်တယ် ၊ အဲဒီ အတွက် Sorry ပဲ။

အခုငါ ဒူဘိုင်းမှာ အဆင်ပြေတယ် သူငယ်ချင်း ၊ ဒါပေမယ့် မင်းအပါ အဝင် ရဲတံခွန်က သူငယ်ချင်းတွေ ကိုတော့ သတိရတယ်ကွာ ၊ မင်းတို့ အားလုံးကိုလည်း ငါတို့နှင့်အတူ မဟုတ်တောင်မှ ငါတို့လိုပဲ မြက်နုရာ ရှာစေချင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မင်းတို့ ငါတို့ တတွေ ရွေ့မှ နောက်လူ ဝင်လို့ ရမှာ မဟုတ်လား ၊ အပေါ်ရွေ့ဖို နေရာ မရှိတဲ့ ငါတို့အတွက် နေရာရှိတဲ့ အရပ် ပြောင်းတာ အကောင်းဆုံးပဲ။ ငါအမြင် ကတော့ ရဲတံခွန်ကို လူငယ်တွေ လူသစ်တွေ အတွက် နေရာ ပေးသင့်ပြီ။ ငါတို့ ရဲတံခွန်မှာ တသက်လုံး နေရင် လူငယ်တွေအတွက် ဘယ်တရားမလဲ ၊ ငါ ယုံကြည်တာက ငါတို့ အားလုံးမှာ နိုင်ငံတကာ လှည့်ပြီး လုပ်နိုင်တဲ့ အရည်အသွေးတွေ ကိုယ်စီ ရှိနေပြီးသားပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ ရှိဖို့ တခုပဲ လိုတယ်။ ငါ မင်းကို ယုံကြည်ပြီးသား ၊ မင်း ငါနှင့်စာရင် ပိုလို့တောင် လူရည် လည်သေးတယ်။ နောက်ထပ် ပြောချင်တာက စွမ်းအင် ငတ်နေတဲ့ ကမ္ဘာကြီး စွမ်းအင်ရဖို့ မင်းတို့ ငါတို့လို လူတွေ အများကြီး လိုနေတယ် ဆိုတာပါပဲ။

နောက်ဆုံး ပြောချင်တာက ငါတို့အားလုံး ရဲတံခွန်ကို ချစ်တယ် ၊ ဒါပေမယ့် ဖက်တွယ် မထားသင့်ဘူး ၊ ဘာဖြစ်လို့လည်း ဆိုတော့ မျိုးဆက်သစ် တွေကို တွဲခေါ်ဖို့ နေရာပေးဖို့ ငါတို့မှာ တာဝန်ရှိတယ် ထင်လို့ပဲ။ မင်း ရဲတံခွန်က မခွာချင်ဘူး ဆိုတာ ငါသိတယ် ၊ သံယောဇဉ် ရှိတယ် ဆိုတာလည်း ငါသိတယ် ၊ ဒါပေမယ့် ငါပြောတာ ကိုတော့ အလေးအနက်ထား စဉ်းစား စေချင်တယ် သူငယ်ချင်း။ ကျန်တဲ့ သူငယ်ချင်း တွေလည်း ငါပြောတာကို လက်ခံကြတယ်။ အဲဒီတော့ မင်းအပါ အဝင် ကျန်တဲ့ လုပ်ဖေါ် ကိုင်ဖက်တွေ စိတ်ပြောင်းလို့ အမြင်မှန်ရရင် ငါတို့ပေးတဲ့ လိပ်စာကို ဆက်သွယ်လိုက်ပါ။ သူတို့တတွေ လူအသဲအသန် ရှာနေကြတယ် ၊ မြန်မာ တွေကိုလည်း ကြိုက်တယ်။ အခုထိလည်း ငါတို့ဆီ ဆက်သွယ်ပြီး လူတောင်းနေတုန်းပဲ ၊ စိတ်ကူး မလွဲနဲ့ သူငယ်ချင်း။ ဒါပါပဲ။ ဂျီတော့မှာ တွေ့ကြတာပေါ့။

ဆက်သွယ်ရမယ့် လိပ်စာမှတ်မိတယ်မဟုတ်လား။ အားလုံး ကိုလည်း ဝေငှရင်း ပြောလိုက်ပါအုံး သတိရကြောင်းလေး ပါလေးပေါ့။ ကိုအောင်ကျော်ဦး ကိုလည်း တွေ့ရင် ပြောလိုက်ပါအုံး ၊ ဝမ်းသာပါတယ်လို့။

မင်းရဲ့သူငယ်ချင်း
အာသီသ
ခေတ္တ ဒူဘိုင်း

1 comments:

Prince said...

သူငယ်ချင်းထံ ပြန်ပေးစာ(၁)

သူငယ်ချင်း အာသီသ၊
မင်းရဲ့  စာကိုငါ ဖတ် ရ ပါ တယ် ။မင်း အဆင် ပြေ တယ်ဆို လို အရမ်း ၀မ်း သာ ပါ တယ် သူငယ်ချင်း။ ငါ ကို သတိ တယ မင်း ရဲ့  ကိုယ်ပိုင် အ ချိန် တွေကို သုံး ပြီး စာ တွေ ရေး တဲ့ အတွက် လဲ ကျေး ဇူး အထူး တင်ပါ တယ်။
ဒါပေမဲ့လည်း ငါစာချက်ချင်း မပြန်ရေးနိုင်တာကိုတော့ခွင့်လွတ်စေချင်တယ်။ အကြောင်း တွေကတော့
ဒီမှာ က မင်း တို့ ရေး တဲ့စာတွေကို ငါ တိုတွေဖတ်လို့  ရ အောင် မနည်း ကြိုး စား ရ တယ်။ပြန်ပြီး မင်း ရဲ့  ဘလော့မှာ ပြန်စာရေး ဖို့ ဆိုတာ ကတော့ အတော်ကို ကြိုးစား ရ ပါ တယ်။
မင်း လဲသိပါ တယ်။ ငါ ဆင်ခြေ ပေး တာ တော့ မဟုတ် ပါ ဘူး။ တို့ ဆီမှာ က ဒီ လို ဘဲ မဟုတ် လား။
ငါ မင်း တိုအတွက် အများ ကြီး ၀မ်း သာ ဂုဏ် ယူ မိ ပါ တယ်။ မင်း တို့  တတွေ ဟာ ကိုယ် ရဲ့  ယုံ ကြည် ရာ ကို ဆုံး ဖြတ် ချက် သေသေချာ ချာ ချ ပြီး အောင် မြင် အောင် သေ သေ ချာ ချာ လုပ် ကိုင် တတ် တဲ့ အတွက် ဒီ လို မျိုး မင်း တို တွေ အောင် မြင် တာ ပေါ့။
နောက် တခု က အရေး အကြီး ဆုံး ဖြစ် တဲ့ မင်း တို့  ရဲ့  စိတ် ဓါတ်။
လေး စား ပါ တယ် သူငယ်ချင်း။ အ ရမ်း လေး စား ပါ တယ် သူငယ်ချင်း။

ငါ မင်း တို့ ပေး တဲ့ အဆက် အသွယ် တွေ နဲ့  မင်း တို လို ဖြစ် အောင် ကြိုး စား ပါ မယ့် သူ ငယ် ချင်း။ဒီ လို မျိုး ဆက် သွယ် ပေး တာ ကို က မင်း တို တာ ၀န် ကျေ ပါ တယ်။

မင်း သိ ပါ တယ် တို့  ဗ မာ တွေ ဟာ နိုင်ငံ ခြား ကို သွား ဖို့  အတွက် ၀န် ဆောင် ခ ဆို တာ ပေး ရ တယ်။ ဂျ ပန် ဆို ရင် အ တော် ကို ပေး ရ တယ် လို့  ကြား တယ် ။ ဒီ လို ဘဲ တခြား နိုင် ငံ တွေဆို ရင် လဲ ပေး ရ တာ ဘဲ ။ ဒါ ကို မင်း တို က ခြေ ဖျက် ပြစ်လိုက် တာ ဘဲ။ ကိုယ့် ရဲ့  ဗမာ တွေ ၊ ဗမာ ပြည် က သူ ငယ် ချင်း တွေ ကို လမ်း ဖွင့် ပေး လိုက် တာ ဘဲ။

ဒါ မှ ငါ တို သူငယ်ချင်း တွေ ရဲ့  မျိုး ချစ် စိတ် ဓါတ်၊ ကို ရဲ့  သူငယ်ချင်း တွေ အလုပ် ကောင်း တွေ ရ ဖို့  အတွက် မင်း တို့  ရဲ့  ဘလော့ တွေ မှာ အ လုပ် ကြော် ငြာ တွေ နဲ့  ပြည့်  နေ ခဲ့  တယ်။ မင်း တို့  ရဲ့  ကိုယ် ပိုင် အ ချိန် တွေ ကို သူငယ်ချင်း တွေ အ တွက် ပေး ဆပ် ခဲ့ တယ်။

ဒီ လို သူငယ်ချင်း ကောင်း တွေ ရ ခဲ့ တဲ့ ငါ တယောက် လဲ ငါ ကံ ကောင်း ပါ တယ်၊ ငါ တို တေ တွ ဟာ အ ခု အချိန် မှာ မင်း ပြော သလို စွမ်း အင်ငတ် မွတ် နေ တဲ့ ကမ္ဘာ ကြီး မှာ လူ သား အရင်း အ မြစ် လဲ ငတ် မွတ် နေ တယ်။

အရည် အ ချင်း နဲ့  ပြည် စုံ တဲ့ သူ တွေ လဲ အ များ ကြီး လို အပ် နေ မှာ ဘဲ။
ငါ တို ရဲ တံ ခွန် မှာ မင်း ပြော သလို ဘဲ မျိုး ဆက် သစ်တွေ ကို နေ ရာ ပေး သင့် ပါ တယ်။ ငါ တို့ အ တွက် က တော့ အနာ ဂတ် ဆို တာ မရှိ သလောက် ဘဲ။

တို ရဲ့  အနာ ဂတ် ကို တိုး တက် ဖို့  အ တွက် ဘယ် သူ ဆီ မှာ မှ တာ ၀န် မရှိ ဘူး။ ငါ တို ရဲ့  တန် ဖိုး ရှိ လှ တဲ့ ပညာ တွေ ကို ငါ တို ဆီ က နေ အလ ကား နီး ပါး ဦးဏောက် ဖောက် စား ခံ နေ ရ တဲ့ ဘ၀ က နေ လွန် မြောက် အောင် မင်း ပြော သ လို ဘဲ လုတ် ရ မှာ ဘဲ သူငယ်ချင်း။

ငါ က ရဲတခွန် ကို ချစ် တယ် ။ ငါ တို ကို ပြု စု ပျိုး ထောင် ပေး ခဲ့ တဲ့ နေ ရာ ဘဲ။ နောက် ပြီး တော့ ကိုယ် ရဲ့  ဗမာ ပြည်။ ကိုယ့် ရဲ့  တိုင်း ပြည် မှာ၊ ဘယ် လောက် စိတ် ချမ်း သာ မ လဲ လို၊ နောက် ပြီး တော့ မင်း တို လို အရည် အချင်း ရှိ တဲ့သူငယ်ချင်းကောင်း တွေ။

ဒါ တွေ ကို ငါ အရမ်း ခင် တွယ် မိ တယ်။
ငါ တို ဗ မာ တွေ ရဲ့  အရည် အချင်း ကို အ သိ အ မှတ် မ ပြု တဲ့ ဒီ လို နေ ရာ မျိုး ကို မင်း ပြော ထား တဲ့  လိပ် စာ တွေ ကို ဆက် သွယ် ပြီး ငါ မင်း တို ဆီ ကို လာ ခဲ့ ပါ မယ် သူ ငယ် ချင်း။

အဝေး မှာ ရောက် ရှိ နေ တဲ့ သူ ငယ် ချင်း များ အား လုံး ကိုယ် စိတ် ချမ်း သာ ရှိ ကြ ပါ စေ လို ဆု တောင်း ပါ တယ်။

မင်း တို ရဲ့ ………….

Prince
http://princeocean.blogspot.com/