<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Tuesday, February 12, 2008

ငါ့ပြန်ပေးပါ..



ငါ့ပြန်ပေးပါ
**********
အေးမြဆောင်းလေ
ကျီစယ်နေသည်ပ
သစ်ရွက်တွေ..တုန့်ပြန်လည်း
ငါ..မတုန့်ပြန်မိ……
တွေးနေမိတာ……အိမ်အကြောင်း
တေးသံစုံ…..အသိုက်မြုံက
အဆွဲထုတ်ခံ့……..ငါ့ဘဝ
လက်သည်..အတ္တ
သင်..လာလိုက်စမ်းပါ…အနား
ဂုတ်ဆွဲကာ..ပြောချင်စမ်းဘိ
ငါ့ဘဝ…ငါ့…ပြန်ပေးပါ…..။

*****
မိုးသောက်နှင်းမှုံ
ကျီစယ်နေသည်ပ
မြက်ခင်းတွေ..တုန့်ပြန်လည်း
ငါ..မတုန့်ပြန်မိ…..
တွေးနေမိတာ…….ရတနာ့အကြောင်း
ပန်းမျိုးစုံ…..ဥယာဉ်ထဲက
အဆွဲထုတ်ခံ…….ငါ့ဘဝ
လက်သည်……ဒေါ်လာ
သင်..လာလိုက်စမ်းပါ…အနား
နာရွက်ဆွဲကာ..ပြောချင်စမ်းဘိ
ငါ့ဘဝ…ငါ့...ပြန်ပေးပါ……။

*****

အာသီသ

( မိသားစုနှင့်….မိုင်ပေါင်းများစွာ..ဝေးကွာနေကြသော…သူငယ်ချင်းများအတွက်…အမှတ်တရ..)

0 comments: