<>>အာသီသ ဓါတ်ပုံ နှင့် ဗွီဒီယို ဘလောဂ့်များ<<>

Sunday, January 27, 2008

ရှေးရေစက်တဲ့လား

ရှေးရေစက်တဲ့လား
အာသီသ

”ရေစက်”ဆိုတဲ့ စကားဟာ ဗုဒ္ဓဘာသာ နယ်ပယ်မှာ အလွန် လူပြောများတဲ့ စကားလုံးပါ။ ”ရှေးရေစက်”လို့ ပြောရင် ပိုပြီး မှန်ကန်မယ် ထင်ပါတယ်။ အတိအကျ ဂဂနန မသိပေမယ့် ကြားဖူးနားဝ ရှိတာက လူတွေ တစ်ယောက် နှင့် တစ်ယောက် တွေ့ကြ ဆုံကြ သိကြ ခင်ကြ မင်ကြ ချစ်ကြ စတာတွေဟာ ”ရှေးရေစက်” လို့ အများခေါ်တဲ့ အတိတ်က အတူ ပြုဖူးခဲ့တဲ့ ကောင်းမှု့ မကောင်းမှု့ ကုသိုလ်ကံ စေတနာ တွေရဲ့ အကျိုးဆက် တွေကြောင့် ဖြစ်ပါတယ်။ ကျင်လည် ဖြတ်သန်းရတဲ့ ဘဝတွေဟာ သံသရာ လည်နေပြီး မရေမတွက် နိုင်အောင် များလွန်းတာမို့ သတ္တဝါတွေဟာ ”ရေစက်”လှည့် ပတ်ပြီး ဆုံနေရတဲ့ အတွက် အမျိုး မတော်ဘူးတဲ့သူ မရှိသလောက် ပါပဲတဲ့။ အခု ပြောချင်တာက ဘာရယ်မဟုတ် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတဲ့ အကြောင်းအရာ တစ်ချို့ကို အခြေခံပြီး ”ရေစက်” ဆိုတာနှင့် ဆက်စပ် စဉ်းစားကြည့်တာ ပါပဲ။.........................

တစ်နေ့ မြန်မာပြည်ကို ငွေလွှဲဖို့အတွက် လွှဲနေကြ သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက် ခေါ်တော့ အိမ်ရောက်လာတယ်။ သူနှင့်အတူ ရွှေတစ်ယောက် ပါ ပါလာတော့ ဟိုပြောဒီပြောနဲ့ စကား စပ်မိပြီး မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဘယ်လိုမှ တွေ့မယ် မထင်မှတ် ထားတဲ့ မဆုံတာ တစ်ဒီကိတ် ကျော်ပြီဖြစ်တဲ့ ကျွန်တော့ရဲ့ ကျေးဇူးရှင် ဆရာ တစ်ယောက်ရဲ့ သမီးနှင့် ပြန်တွေ့တဲ့ အဖြစ်အပြစ် ကလေးပါပဲ။ ဘာထူးဆန်းလည်းလို့ မေးလာရင်တော့ ဖြေစရာ အဖြေ တကယ် မရှိပါဘူး။ ဒါပေမယ့် ပြန်တွေ့ဖို့ မထင်မှတ် ထားတဲ့ တွေ့စရာ အကြောင်းလည်း လုံးဝမရှိပဲနဲ့ ပြန်ဆုံကြတော့ အံ့သြစရာ တိုက်ဆိုင်မှု့ တစ်ခုပေါ့။...................

တစ်နေ့ ကျွန်တော့ဆရာ သမီးက ခွင့်မပြန်ခင် ဆုံကြရအောင် ဆိုတော့ ကျွန်တော်ရယ် ဖြိုးကြီးရယ် သွားကြတယ်။ ဟော့ပေါ့ဆိုင်မှာ ဆုံကြတော့ သူနှင့်အတူ အမျိုးသား တစ်ယောက် နှင့် အမျိုးသမီး တစ်ယောက် ပါလာတယ်၊ နောက် အမျိုးသမီး တစ်ယောက်ကတော့ နောက်မှ ရောက်လာတယ်။ သူတို့အားလုံးက TAISEI မှာ အတူတူ အလုပ်လုပ်ကြတယ်။ စကားပြောရင်း ဟိုမေး ဒီမေး ဟိုပြော ဒီပြော နဲ့ သိလာရတာက သူနဲ့ပါလာတဲ့ ပထမ အမျိုးသမီးက ကျွန်တော် အရင်နေခဲ့တဲ့ ကျွန်တော့ အဖေ အမေတွေ နေတဲ့ ရပ်ကွက်ထဲက အိမ်နီးချင်းတွေ ဖြစ်နေတယ်။ ကျွန်တော်နှင့် သိပ်မရင်းနှီး ပေမယ့် ကျွန်တော့အမေ ခဏခဏ ပြောတာကြောင့် နည်းနည်းပါးပါး ရင်းနှီးနေတယ်။ ဒါလည်း ဘာထူးဆန်းလည်း မေးစရာ ရှိပြန်တယ်။ ဒါလည်း ဘာမှ မထူးဆန်း သေးပါဘူး။.....................

အဲ……ထူးဆန်းတာ အခုမှ စမှာခင်ဗျ။ ဖြစ်ပုံကဒီလို………………………။
ပြီးခဲ့တဲ့ အပတ်ထဲက တစ်နေ့ နေ့လည် ကျွန်တော်နဲ့ ဖြိုးကြီး ထမင်းစားပြီး ထမင်းလုံး စီနေတုန်း ဖြိုးကြီးဆီ ဖုန်းလာတယ်၊ ကျွန်တော်တို့ရဲ့ အရင် လုပ်ဖေါ် ကိုင်ဖက် တယောက်ဆီက၊ သူ ဒီမှာ ရောက်နေတဲ့ အကြောင်း၊ အလုပ်လာလုပ် တဲ့ အကြောင်း ပြောတော့ ပျော်လည်းပျော် အံ့လည်း အံ့သြသွားတယ်။ အမည်တော့ မဖေါ်ပြတော့ပါဘူး။ ဒီလိုနဲ့ ထုံးစံအတိုင်း ဟိုပြောဒီပြော ပြောကြရင်းက နေတဲ့နေရာ အကြောင်း ရောက်သွားပါတယ်။

သူငယ်ချင်း- ”…ငါအခု..ဒီရောက်နေတာ…၃ရက်ရှိပြီ…”
ဖြိုးကြီး- “..ဟုတ်လား…ကောင်းတယ်ကွာ….ဝမ်းသာတယ်...ဒါနဲ့…အခု…ဘယ်မှာနေလဲ…”
သူငယ်ချင်း- ”..ငါ..World Trade Centre Apartment မှာ နေတယ်….မင်းတို့ရော..ဘယ်မှာလည်း …ABU DABI မှာလား……”
ဖြိုးကြီး- ”..ဟေ့ကောင်…ငါတို့လည်း WTC မှာပဲ လေကွာ…ဒါဆိုအတူတူ ဖြစ်နေတာပေါ့…မင်းက ဘယ်အခန်းလဲ…….”
သူငယ်ချင်း- ”…၁၃၀၅…”
ဖြိုးကြီး- ”..ဘယ်ဘလော့လဲ…………..”
သူငယ်ချင်း- ”…A - Block….”
ဖြိုးကြီး- ”..ဟ..ဒါဆို တစ်ဆောင် တည်းမှာပဲ….ငါတို့က ၃၀၆ မှာနေတာ….ကိုရဲက C-Block မှာ…ဒါပေမယ့် သူလည်း ငါတို့နဲ အတူနေတာ…ဟား..သူငယ်ချင်း…တိုက်ဆိုင်လိုက်တာများကွာ…ဖေဖေါ်ဝါရီ ညတစ်ည…ဆိုသလိုပဲ……”
သူငယ်ချင်း-”..အေးလေ..ငါလည်း အံ့သြနေတာ…အတော့ကို တိုက်ဆိုင်တာပဲ …ကဲ ..နောက်မှပဲ .....ပြောကြ တာပေါ့ကွာ…ညနေအိမ်ပြန်လာမှ..တွေ့ကြတာပေါ့..အခုတော့ ..ဘိုင်းဘိုင်ကွာ…။

0 comments: